စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, November 9, 2017

ဓမ္မပဒ

ဓမ္မပဒ ( ၆၀ )
- - - - - - - -
နိုးကြား(အိပ်မပျော်)သောသူအတွက် ညတာသည် ရှည်၏။
ခရီးပန်းသောသူအတွက် ယူဇနာခရီးသည် ရှည်၏။
သူတော်ကောင်းတရားကို မသိကုန်သော လူမိုက်တို့အတွက် သံသရာသည် ရှည်၏။

Dhammapada ( 60 )
- - - - - - - - - - - - - - - - -
Long is the night to the sleepless.
Long is the league to the weary.
Long is worldly existence to fools who know not the Sublime Truth.

လူ့အဆင့်အတန်း

လူ့အဆင့်အတန်းကို တိုင်းတာတဲ့ ပေတံဟာ တရားဓမ္မပါပဲ
-------------------------------------------------

လောကသတ်မှတ်ချက်အရ …
နိမ့်တဲ့အခြေအနေ မြင့်တဲ့အခြေအနေ
ဘယ်အခြေအနေမျိုးမှာပဲရှိရှိ
တရားဓမ္မနဲ့ ညီတဲ့ အပြုအမူကို ပြုတဲ့သူ
တရားဓမ္မနဲ့ညီတဲ့ အပြောအဆိုကို ပြောတဲ့သူ
တရားဓမ္မနဲ့ညီတဲ့ အတွေးအကြံကို တွေးတဲ့သူဟာ
အဆင့်အတန်းရှိတဲ့လူပါပဲ။
လောကအဆင့်အတန်းမြင့်ပေမယ့် ……
ဓမ္မအဆင့်အတန်းနိမ့်ရင် အဆင့်အတန်းမရှိတဲ့သူ
လောကအဆင့်အတန်း နိမ့်ပေမယ့်
ဓမ္မအဆင့်အတန်းမြင့်ရင် ……
အဆင့်အတန်းရှိတဲ့လူလို့ ခေါ်နိုင်ပါတယ်။

ဆရာတော်အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )

ဆရာတော်၏ " စိတ်အားဖြည့်ဓမ္မနေခြည် " မှ။

တရားအလှူ

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ

ဒါနအားလုံးကို ဓမ္မဒါနက အောင်နိုင်၏။
အရသာအားလုံးကို တရားအရသာက အောင်နိုင်၏။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တရားစာပေများကို ဖတ်ရှုခြင်းသည် အသံတိတ် တရားနာခြင်းဖြစ်ပြီး၊  ရေးသူသည် အသံတိတ် တရားဟောခြင်း မည်ပါတယ်။

မိမိရသော အသိဉာဏ်ကို တစ်ဆင့် ပြန်(share)ခြင်း ဖြန့်ဝေခြင်းသည်လည်း အသံတိတ် တရားဟောခြင်း မည်ပါတယ်။

အပြင်မှာ ဟောတာက လူထောင်ဂဏန်းလောက်ပဲ ဟောလို့ရပေမယ့် Facebook မှာတော့ မရေနိုင်အောင် ဟောနိုင်ပါတယ်။

(အရှင်ကဉ္စနရံသီ ကလေးဝ)

သူတစ်ပါးကို ထမင်းချက်ကျွေး၊ ရေခပ်ပေးနေသူဟာ ထမင်းမငတ်၊ ရေမငတ်သလို သူတပါးကို လိမ္မာယဉ်ကျေးအောင် ဆုံးမလမ်းညွှန်တတ်သူဟာလည်း ဘဝသံသရာမှာ အောက်ကျနောက်ကျ မဖြစ်နိုင်ပါ။

(အရှင်ဇနကာဘိဝံသ)

တရားစာပေရေးတယ်ဆိုတာ ကိုယ့်ဘဝ၊ ကိုယ့်ကမ္ဘာမှာ ထိန်လင်းနေတဲ့ သစ္စာဉာဏ်အလင်းကို သူများဘဝ၊ သူများကမ္ဘာမှာလည်း ထိန်လင်းသွားအောင် ထွန်းညှိပေးနေတာပါ။ ဝေငှနေတာပါ။

(အရှင်ဆန္ဒာဓိက)

အတွေး

"အတွေးအားလုံး ဟာ  ကိုယ်ရဲ့အနာဂတ်မျိုးစေ့ "
==============================

တွေးလိုက်တဲ့ အတွေးအားလုံးဟာအနာဂတ်မျိုးစေ့
သိပ်သေချာနေတာနော်။

အတွေးအားလုံးသည် ကိုယ်ရဲ့အနာဂတ်မျိုးစေ့ဖြစ်ပါသည်။

အချိန်တိုင်းနော် အရေးကြီးတယ်နော်။ လူမသိအောင် တယောက်တည်း အခန်းတံခါးပိတ် ခေါင်းမြီးခြုံပြီးတော့
တွေးလည်းပဲ မျိုးစေ့ကြတာပဲ။ အဲ့အတွေးလည်းပဲ
ကိုယ့်အနာဂတ်ပဲ။

ဒါကြောင့် ဘုန်းဘုန်း ကလေးတွေကို ပြောတယ်။
မင်းတို့ကွယ် သေချာမှတ်ပါ။ တချို့က ပဋ္ဌာန်းရွတ်ပါတယ်
ဘုရား၊ ဘုရားရှိခိုးပါတယ်ဘုရား မအောင်မြင်ဘူးလို့
ပြောတယ်။ ပဋ္ဌာန်းရွတ်တဲ့အချိန် ဘယ်လောက်ရှိမှာလဲ
မိနစ်(၂၀) လောက်ရွတ်လိုက်တယ်။
ရွတ်ရင်းတန်းလန်းတောင် စိတ်က ပရမ်းပတာ
ဖြစ်နေသေးတာ မျိုးစေ့ကောင်းလား?

↔ရွတ်ပြီးသွားတော့လည်း ဂိမ်းဆော့ရင်ဆော့တယ်၊
ရုပ်ရှင်ကြည့်ရင်ကြည့်တယ်၊ သူများအတင်းပြောရင်
ပြောတော့၊ မကောင်းတာက များမနေဘူးလား?
အနာဂတ်မှာ ချမ်းသာပါ့မလား? 
အဲတော့ အချိန်တိုင်း အရေးမကြီးဘူးလား ?။

ချမ်းသာချင်ရင် လက်ရှိအချိန်ကို သတိထားရမယ်။
ဘယ်အချိန်တုန်း? (လက်ရှိအချိန်ပါ.. ဘုရား။)
မင်းကွန်းဆရာတော်ဘုရားကြီး အမိန့်ရှိတဲ့စကားက
သိပ်နက်ရှိုင်းတာ

လက်ရှိအချိန်ထက် ကောင်းသောအချိန်မရှိပါ။

အခုတွေးဆဲပြောနေတာနော်၊ တွေးဆဲလေးမှာ
ငါဘာတွေ တွေးလဲဆိုတာ နောက်စိတ်က
ပြန်သုံးသပ်ရတယ်။ ဘာမျိုးစေ့လဲ?

↔ တဖက်သားကို တန်ဖိုထားချစ်တဲ့စိတ်ဆိုရင် မဆိုးဘူး။ အနာဂတ်မှာ နတ်ရော လူရောချစ်မယ်။
ကိုယ့်ကို ဘာကူညီရမလဲ ဖြစ်လာမယ်။
သဘောပေါက်ရဲ့လား? ။

တခါ အများချမ်းသာဖို့ စီမံကိန်းချနေလည်းပဲ ရတယ်။
မိဘအတွက် ချစ်တဲ့စိတ်နဲ့ လုပ်ကိုင်ပေး လည်းရတယ်။
နားလည်ပြီနော်။ တဖက်သားကြည့်ပြီးတော့
တန်ဖိုးထားပြီးတော့ စကားပြောပေးလည်းရတယ်။
ဒါ မဆိုးသေးဘူး။

အဲ မကျေမနပ်နဲ့ မတရားဘူးထင်တာတွေ
လျှောက်တွေးပြီးတော့ ပူနေရင်တော့ကား
အခြေအနေကောင်းလား? ရှိတဲ့ ကုသိုလ်တွေ
ဖြုန်းနေတာလေ၊ အနာဂတ်ကို ဖျက်စီးနေတာ။
သဘောပေါက်ပြီလား ? ။

တကယ်တော့ကား ယောဆရာတော်ဘုရားကြီးပြောတာ အင်မတန်ရှင်းတာ၊ တွေ့မြင်နေရတဲ့ အာရုံတွေက
မနောထိ ပေါ်တာပေါ့။ သက်ရှိသက်မဲ့ အားလုံးသည်
ယူတတ်ရင် ကိုယ့်အတွက် စွမ်းအားတွေပဲ။
အနာဂတ်အတွက် အောင်မြင်မူတွေပဲ။ သို့သော်
ဉာဏ်ဓာတ်မီးနဲ့ ယူမှ ရမှာတဲ့။

ဆိုလိုတာကတော့ အခု ရှင်းရှင်း မြင်တာမို့လား၊ ယူတတ်ရင် အနာဂတ်အတွက် စွမ်းအားဖြစ်နေတာ။ တန်ဖိုးထားချစ်ရတယ်လေ။ ဒါပေမဲ့ များသောအားဖြင့်က ကိုယ်နဲ့ မပတ်သတ်ဘူး ထင်ပြီးတော့ကနှလုံးမသွင်းကြ
ဘူးပေါ့နော်။ အချင်းချင်းကို ဘာသိဘာသာပဲလေ။ ဒီတိုင်းဘဲနေကြတာ လှိုက်လှိုက်လှဲလှဲ ချစ်တဲ့ဓာတ်
မသွင်းကြဘူး။ ဘာသိဘာသာဆိုတော့ ဘာသိဘာသာပဲ ၀င်သွားတာပေါ့။

အနာဂတ် ဘယ်လို အကျိုးပေးလဲဆိုရင် သူများမှ စိတ်မ၀င်စားပဲနဲ့၊ ကိုယ့်အကြောင်းကိုပဲ စိတ်ဝင်
စားသောကြောင့် ကိုယ့်လည်း ဘယ်သူ့မှ စိတ်မ၀င်
စားတော့ဘူး။ မရှိလည်း မသိ၊ ရှိလည်း မသိ ကူညီမယ့်သူ ပေါ်မလာတော့ဘူး။ တူသော အကျိုးပေးပဲ လာမှာပေါ့။  သဘောပေါက်လား?

တဖက်သားကိုကြည့်ပြီး စိတ်ဝင်စားရတယ် တကယ်ချစ်ရတယ်။ အောင်မြင်တာကို ၀မ်းသာပေး
ရတယ်။ လိုအပ်တာကို ဖြည့်မယ်လို့ စိတ်ကူးလေး
တွေပေါ်ရတယ်။ အဲ့လိုသတ္တိရှိရင် ကိုယ့်ကို ကူညီတဲ့သူ ပေါ်လာတာ။ ကိုယ်စိုက်တဲ့အပင် ကိုယ်ပြန်စားရတာပေါ့။ သဘောပေါက်လား။

အဲ မရေမရာတွေ အချိန်ကုန်ရင်လည်း ကြီးတဲ့အခါကြတော့ (၁၀၀)မှာ (၉၉) ကြည့်လိုက်ရင် သူဋ္ဌေးကြီးလည်း ဖြစ်မသွားကြဘူး။ မဂ်ဖိုလ်လည်း ရမသွားဘူး။ မရှိမရှား မရေမရာနဲ့ သေကုန်တာများတယ်။ ဘာလို့လဲဆိုတော့ တနေကုန်ုမှာက စိတ်ကူးတွေက ကိုယ်မျိုးစေ့ကြတာ မသိတော့ မရေမရာနဲ့ အချိန်ကုန်ကုန်တာ။

မီးဖိုချောင်ကိစ္စတွေ၊ စားမူကိစ္စတွေ မေတ္တာမပေါင်းကြဘူး။ ထုံးစံလိုပဲ လုပ်ကိုင်ပြီးတော့ ရုပ်ရှင်ကြည့်လိုက်၊ အိပ်လိုက် စားလိုက်နဲ့ မရေမရာ မျိုးစေ့ပဲ ချထားတော့ သူဋ္ဌေးကြီးလည်း ဖြစ်မသွားဘူး။ မဂ်ဖိုလ်လည်း ရမသွားဘူး။ မရေမရာနဲ့ သေသွားတာပေါ့။

ထူးခြားတဲ့ မျိုးစေ့ချမှ ထူးခြားတဲ့ မျိုးစေ့အကျိုးပေး လာမှာပေါ့။ သဘောပေါက်ရဲ့လား?

ထူးထူးခြားခြားကုသိုလ် နေ့စဉ်ရှိပစေ။ အမေကိုပြုစုရင်လည်းပဲ အဖေကိုပြုစုရင်လည်းပဲ မေတ္တာအပြည့်ထည့်လိုက်။ တအားချစ်ပြီး ပီတိဖြစ်ပြီး ပျော်လို့ရှိရင် အနာဂတ်အတွက်အကျိုးပေးတယ်။။ တာဝန်ကျေလေးဆိုရင်တော့ မရဘူး။ မေတ္တာပိုတိုးနော်၊ တိုးတဲ့အခါမှာ ကျေးဇူးတွေမြင်မှ
မေတ္တာပေါ်တာ။ ချစ်လာပြီဆိုရင် ရပြီ။

ဘုရားရှိခိုလည်း ထုံစံလိုမရှိခိုးနဲ့။
ဘုရားကျေးဇူးတွေဖော် ရင်ထဲက လှိုက်လှိုက်လှဲလှဲချစ်ပြီး အေးလာအောင် Crystal ပြောင်းသလို ပြောင်းလာပြီးတော့ တကယ်ချစ်တဲ့စိတ်နဲ့သာ ပူဇော်ပေး ထူးခြားလာလိမ့်မယ်။ အနာဂတ်တည်ဆောက်တယ် ခေါ်တယ်။
အနာဂတ်တည်ဆောက်တယ် ခေါ်တယ်။ ရမလား?

ဒါကြောင့်မို့ အတွေးအားလုံးသည် ကိုယ်ရဲ့
အနာဂတ်မျိုးစေ့ဖြစ်ပါသည်။

{ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး }

credit Zaw Myo

နွံထဲက ကြာ

နွံထဲကကြာ
🌟🌟🌟🌟

***ကာမဂုဏ်တရားများသည် ရွံရှာဖွယ်
အတိဖြစ်သော်လည်း ယင်းကာမဂုဏ်
တည်းဟူသောရွှံ့နွံအတွင်း၌ပင် ဘုရား အစရှိသောအရိယာသူတော်ကောင်းတို့
သည် ပဒုမ္မာကြာသဖွယ်ဖြစ်သောပါရမီ
တို့ကိုစိုက်ပျိုးခဲ့ကြသည်။

***ရွှံ့နွဲရှိမှကြာပန်းစိုက်နိုင်ပေါက်နိုင်သကဲ့သို့ ကာမဂုဏ်ရှိမှသာ ပါရမီ တို့ကို
ဖြည့်ဆည်းနိုင်ပါ၏။

***ကာမဂုဏ်များများပေါလေ ပါရမီတို့
ကိုထက်ထက်သန်သန်ဖြည့်နိုင်လေ
ဖြသ်ပါ၏။

***လူတို့သည်ရာထူးဂုဏ်သိန်စည်း
စိမ်ဥစ္စာတို့ကိုမရမနေအားကြိုးမာန်
တက်ရှာဖွေကြ၏။ သို့ရာတွင်ထူးသည်
ကတစ်ခုရှိ၏။ ကြာပန်းသည် ရွှံ့နွံမှထွက်
ပေါ်လာသော်လည်း ရွှံ့နွံသည် ကြာပန်း
ကိုညစ်နွမ်းအောင်မလုပ်နိုင်။

***ထို့အတူပင် အရိယာတို့သည် ကာမ
ဂုဏ်နွံတောမှရုန်းကန်လှုပ်ရှား၍ထွက်
ပေါ်လာသေည်လည်း ယင်း ကာမဂုဏ်
တို့သည် အရိယာတို့အား ညစ်နွမ်း
အောင်မလုပ်နိုင်ကြပေ။

***ပါရမီလိုလားသူတို့သည် ကာမဂုဏ်
တို့ကို အားကြိုးမာန်တက်ရှာဖွေရာ၌ကိုး
ကွယ်ရန်ရှာဖွေခြင်းမဟုတ်ပါပဲ ပါရမီ
ဖြည့်နိုင်ရန်အသုံးအဆောင်ကိရိယာ
အဖြစ်အသုံးချနိုင်ရန်သာ ရှာဖွေခြင်း
ဖြစ်ပါ၏။

ဆရာကြီးဦးရွှေအောင်
ချမ်းသာကိုရှာဖွေခြင်း
စာ -၆၃  
#သစ္စာရှင်-မြတ်ဗုဒ္ဓ၏သာသနာpageတင်ဆက်
               သည်။
https://www.facebook.com/DhammaSarpay/

တန်ဖိုးရှိတဲ့မျက်ရည်နှင့် တန်ဖိုးမရှိသောမျက်ရည်

✤ "တန်ဖိုးရှိတဲ့မျက်ရည် နဲ့ တန်ဖိုးမရှိတဲ့မျက်ရည်။" ✤
              ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲    
❖ တန်ဖိုးရှိတဲ့မျက်ရည်နဲ့ တန်ဖိုးမရှိတဲ့မျက်ရည်
    ဆိုပြီး ဘယ်လို ခွဲခြားသတ်မှတ်မလဲ။

✿ သံသရာဝဋ်ဆင်းရဲက မထွက်မြောက်စေနိုင်တဲ့
    မျက်ရည်ဟာ တန်ဖိုးမရှိတဲ့ မျက်ရည်ပါ။

✿ သံသရာဝဋ်ဆင်းရဲက ထွက်မြောက်စေနိုင်တဲ့
    မျက်ရည်ကတော့ တန်ဖိုးရှိတဲ့ မျက်ရည်ပါ။

✿ တစ်နည်းအားဖြင့် တန်ဖိုးမရှိတဲ့မျက်ရည်ကို. .
     (ကာမနိဿိတ မျက်ရည်) လို့ ခေါ်ပါတယ်။

✿ တန်ဖိုးရှိတဲ့မျက်ရည်ကို ( နေက္ခမ္မသိတ မျက်ရည်)
    လို့ ခေါ်ပါတယ်။

✿ မိမိလိုချင်တောင့်တတဲ့ လောကီအာရုံ ကာမဂုဏ်တွေ မရလို့ , ပျက်စီးဆုံးရှုံးလို့ ကျတဲ့ မျက်ရည် ဟာ . . (ကာမနိဿိတ မျက်ရည်) ပါ။ တန်ဖိုးမရှိတဲ့ မျက်ရည်ပါ။

✿ တစ်ဖန် မိမိအရမ်း လိုချင်တဲ့ ကာမဂုဏ်ဝတ္ထုတွေ ရလာတဲ့အခါမှာလည်း အလွန်အမင်း ဝမ်းသာပြီး မျက်ရည်ကျတတ်ကြတယ်။ ဥပမာ . . မင်းသမီး တွေ အကယ်ဒမီပေးအပ်ပွဲမှာ ကိုယ့်နာမည် ကြော်ငြာလိုက်ပြီဆိုရင် ဝမ်းသာလွန်းလို့ မျက်ရည်ကျကြတယ်။ တစ်ချို့ကျောင်းသား/သူ တွေ စာမေးပွဲမှာ အောင်တယ် , ဂုဏ်ထူးပါတယ် ဆိုရင် အပျော်လွန်ပြီး မျက်ရည်ကျကြတယ်။

✿ ဒီမျက်ရည်တွေဟာ အာရုံဝတ္ထုကို လိုချင်လို့ ကျတဲ့ မျက်ရည်ပါ။ မမှီဝဲသင့်တဲ့မျက်ရည် ။ တန်ဖိုးမရှိတဲ့ မျက်ရည်ပါ။

✿ တန်ဖိုးရှိတဲ့မျက်ရည်ကျတော့  . .
    ရဟန်းပြုခြင်းနဲ့ ပတ်သက်လို့ ကျတဲ့ မျက်ရည်ပါ။
    မိမိက ရဟန်းပြုချင်ပေမယ့် မိဘ , ဆွေမျိုး ခွင့်မပြုလို့
    ငိုပြီးတော့ မျက်ရည်ကျရတယ်။  အဲဒီမျက်ရည်ဟာ
    မှီဝဲထိုက်တဲ့ မျက်ရည် ., တန်ဖိုးရှိတဲ့မျက်ရည်ပါ။

✿ ဒုတိယ မှီဝဲသင့်တဲ့မျက်ရည်က ဝိပဿနာနဲ့ ပတ်သက်ပြီး ကျတဲ့မျက်ရည်ပါ။ ဝိပဿနာ အားထုတ်ချင်ပေမယ့် အားထုတ်ခွင့် မရလို့ မျက်ရည်ကျရတယ်။ အားထုတ်ခွင့် ရပြန်တော့လည်း မိမိရည်မှန်းတဲ့အဆင့် မရောက်တဲ့အတွက် ကျရတဲ့ မျက်ရည်ဟာ တန်ဖိုးရှိတဲ့ မျက်ရည်ပါ။

✿ ဗုဒ္ဓနုဿတိ , ဓမ္မာနုဿတိ , သံဃာနုဿတိ , သီလာနုဿတိ , စာဂါနုဿတိ , ဒေဝတာနုဿတိ . . လို့ ခေါ်တဲ့ အနုဿတိ ခြောက်ပါးမှ တစ်ပါးပါးကို ပွားများခွင့်မရလို့ ကျရတဲ့ မျက်ရည်ဟာလည်း တန်ဖိုးရှိတဲ့ မျက်ရည်ပါ။

✿ ဘုရားဖူးချင်တာ မဖူးရလို့ , နာချင်တာ မနာရလို့ ကျရတဲ့ မျက်ရည်ဟာလည်း တန်ဖိုးရှိတဲ့ မျက်ရည်ပါပဲ။

✿ မဂ်တရား ဖိုလ်တရား ရဖို့ အားထုတ်ပေမယ့် ရည်မှန်းတောင့်တတဲ့ မဂ်ဖိုလ်တရားတွေ မရသေးလို့ ကျတဲ့မျက်ရည်တွေဟာလည်း တန်ဖိုးရှိတဲ့ မျက်ရည်ပါပဲ။

✿ အဲဒီတော့ သံသရာတစ်လျှောက် မိမိတို့ ကျခဲ့ရတဲ့ မျက်ရည်ဟာ တန်ဖိုးရှိတဲ့မျက်ရည်တွေ ကျခဲ့သလား ? တန်ဖိုးမရှိတဲ့မျက်ရည်တွေ ကျခဲ့သလား ?
တန်ဖိုးမရှိတဲ့မျက်ရည်တွေပဲ ကျခဲ့တာ များပါလိမ့်မယ်။

✿ ဆရာတော် အရှင်ဆန္ဒာဓိက  ✿
           (ရွှေပါရမီတောရ)

★ _/\\_ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ _/\\_ ★

❖ ဓမ္မစာပေ၊ ဖတ်မှတ်လေသော်၊
    စိတ်ထားလည်းလှ၊ သိဉာဏ်ရ၏။

ကြေးစည်ဘာကြောင့် တီးရသလဲ

#ဘာသာရေးဆိုင်ရာအမေးနှင့်အဖြေ-2
=======================
▬▬▬▬▬▬ஜ۩۞۩ஜ▬▬▬▬▬
        "ကြေးစည်"ဘာကြောင့်တီးရသလဲ?
▬▬▬▬▬▬ஜ۩۞۩ஜ▬▬▬▬▬

"ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး"ဟာ
"ရှမ်းပြည်နယ်,သံလွင်မြစ် အရှေ့ခြမ်း"- "သုဝဏ္ဏသျှမ်တောင်"မှ "ကန့်ဘလူမြို့နယ်၊"နတ်တလူတောရ"သို့ "(၁၉၉၇)ခုနှစ်၊ဇွန်လ"ထဲမှာ ပြောင်းကြွသီတင်းသုံးတော်မူခဲ့ပါတယ်။

"နတ်တလူတောရ"ဟာ "ကန့်ဘလူမြို့နယ်"ထဲမှာ ပါဝင်ပေမယ့်
"ဇီးကုန်း၊ထန်းတပင်မြို့"များနဲ့ ပိုနီးပါတယ်။
"ရွှေဘိုမြို့" ကြီးက တစ်ဆင့်သွားရင်လည်း သွားရလွယ်ပါတယ်။

"နတ်တလူတောရ"ဟာ "ဆရာတော်ဘုရားကြီး"ရဲ့ ဖွားရာဇာတိ
"မင်းကုန်းရွာ"ရဲ့အရှေ့ဘက်"နှစ်မိုင်ကျော်"လောက်မှာ ရှိပါတယ်။
"ဇာတိမြေ"ဆီ ပြန်ကြွ"သာသနာပြုတယ်"လို့ဆိုနိုင်ပါတယ်။

"ဆရာတော်ဘုရားကြီး"ဟာ ရောက်လေရာ တောရများမှာ
"ဆွမ်းခံတဲ့အကျင့်"ရှိခဲ့တဲ့အတိုင်း "နတ်တလူတောရ"သို့ ကြွရောက်စဉ်မှာပင် ပတ်ဝန်းကျင်ဂေါစဂါမ်ရွာများမှာ "ဆွမ်းခံကြွ"တော်မူ
ပါတယ်။

"ဆရာတော်ဘုရားကြီး"-"နတ်တလူတောရ"ကို ပြောင်းကြွလာတဲ့
သတင်းကြားတာနဲ့

ရပ်ဝေးက လိုက်လာတဲ့ တပည့်သာဝကတွေလည်း
"ဆရာတော်ဘုရားကြီး"ချွေး မတိတ်မီ အလုအယက်
ဖူးမြော်ကြပါတယ်။

"ဆရာတော်ဘုရားကြီး"က"မေတ္တာပြုံး"ဖြင့် အားလုံးကို
နှုတ်ဆက်ပြောဟောနေစဉ်…

“ဆရာတော်ဘုရား…
ဆွမ်းခံကြွတာ ဘာလိုပါသေးလဲ ဘုရား။

တပည့်တော်တို့က
ခုမှ ဆရာတော့်နောက်လိုက်ရတာဆိုတော့
ဘာလိုလို့ လိုမှန်း မသိသေးလို့ပါဘုရား”-လို့

"ဒေသခံလူကြီးတစ်ဦး"က မေးလျှောက်ပါတယ်။

သူမေးတာက စိတ်ဝင်စားစရာကောင်းပါတယ်။

“လိုတာပေါ့ဗျ။
ကြေးစည် လိုတယ်၊
ကြေးစည်”

"ဆရာတော်ဘုရား"အမိန့်ရှိမှ ရပ်ထဲရွာထဲ
"ရဟန်းသံဃာနဲ့ ကိုရင်ကလေး"တွေ ဆွမ်းခံကြွလာစဉ် ကြားရလေ့ရှိတဲ့ "ကြေးစည်သံတလွင်လွင်"ကို အောက်မေ့မိနေပါတယ်။

ပြီးတော့
"ကုသိုလ်ကောင်းမှုပြုပြီးတိုင်း "ကြေးစည်"တီးပြီး
"မေတ္တာပို့, အမျှဝေ လေ့ရှိ"တာကိုလည်း သတိရလာပါတယ်။

“ဘာဖြစ်လို့ "ကြေးစည်"လိုတာလဲဗျ။
"ကုသိုလ်ကောင်းမှု"တွေပြု.ပြီးတိုင်း
ဘာကြောင့် ကြေးစည်တီးရတာလဲဗျ”

"ဆရာတော်"အမေးရှိလိုက်ပေပြီ။

ဘယ်သူမှ ရုတ်တရက် မဖြေနိုင်ကြပါ။
"ဆရာတော် ဘုရားကြီး"က -

“ကြေးစည် သံကြားရင်
စိတ် ထဲ အေး မသွားဘူးလား။

ရဟန်းသံဃာ တွေ ဖူး လိုက်ရရင်ကော
အေး မသွားဘူးလား။

တရားနာ လိုက်ရတော့လည်း
အေး မသွားဘူးလား။

"ကြေးစည်"ဆိုတာ "အေးတာ"ကို "ကိုယ်စားပြုတာ"…
"ကိလေသာအပူမီး"တွေ ၀ိုင်းနေတဲ့ လူ တွေကို
-အအေးဓါတ်၊
-အငြိမ်းဓါတ်၊
-နိဗ္ဗာနဓါတ်ကြီး သတိရအောင် နှိုးဆော်လိုက်တာ။

ပြီးတော့
"ကြေး"ဆိုတဲ့ သတ္တုကအလွန်အေးတာ။
ဟိုး မြေကြီးထဲ အတွင်းနက်နက် မြေဆီကနေ "ကြေး"ဖြစ်လာတာ။
ဒါကြောင့်
"ကြေးစည်သံများ"မကြားလိုက်နဲ့…..
တစ်ခါတည်း အေးခနဲ ဖြစ်သွားတော့တာ။
ဓါတ်ရိုက်တာ၊ဓါတ်ကူးတာပေါ့"-လို့

ရှင်းပြလိုက်တော့မှ အားလုံးသဘောပေါက်သွားပါတယ်။

“ကြေးစည်သံကြားရင်
ခွေး ဘာကြောင့်အူရသလဲ”

"ဆရာတော်ဘုရားကြီး"က ဆက်ပြီးတော့ မေးပြန်ပါတယ်။

“ကြေးစည်သံကြားရင်
လူတွေကတော့ အေးခနဲ ခံစားရပြီး,
ခွေးတွေက ဘာလို့ အူရတာတုန်းဗျာ…”

ကျွန်တော်တို့ မဖြေနိုင်ကြပါ။

“ကြေးစည်-က "အအေး"၊
"ခွေး"က "အပူ"ဗျ။

"ခွေး"များ ဘယ်လောက်"ပူ"တုန်းဆိုရင်
"ခွေးသားစားမိသူ"ဟာ ပူလွန်းလို့  ရေချိုး ရေစိမ် လုပ်နေရဆိုပဲဗျ…”

“မှန်ပါဘုရား”

“အလွန်ပူတဲ့ ခွေး ဟာ
အလွန်အေး တဲ့ ကြေးစည်သံကြားတော့
ခံစားမှု တစ်မျိုး ဖြစ်ပေါ်လာပြီး
အူတော့တာပါပဲဗျာ…”

"ဆရာတော်ဘုရား" ရှင်းပြတာကို ပရိသတ်ဘ၀င်ကျသွားပါတယ်။

ဒါလည်း အပူ နဲ့ အအေး ဓါတ်ချင်း ထိခတ်တုံ့ပြန်မှုတစ်မျိုးလို့
နားလည် မှတ်သားခဲ့ရပါတယ်။

"မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး"

━━━━━━━━━━━━━━━━━
              "ကုသိုလ်ပြု ပြီး 
       "ကြေးစည်၊ ခေါင်းလောင်း"
         ဘာ့ကြောင့်တီးရတယ်?"
━━━━━━━━━━━━━━━━━

( မေး )
အရှင်ဘုရား။
တပည့်တော်တို့ "ဗုဒ္ဓဘာသာဝင်"များသည်
"အမျှဝေ"ပြီး "ကြေးစည်" ထုကြပါသည်ဘုရား။ "ဘယ်လို အကျိုးတရားများ ရှိသည်"ကို
ဖြေကြားပေးတော်မူပါဘုရား။

"ဘုရားများ"တွင်ရှိသော
-"ခေါင်းလောင်း"၊
-"မောင်း"၊
-"ကြေးစည်"-တီးကြသည်-မှာ
အတူတူ ဖြစ်ပါသလားဘုရား။

( မစုနန္ဒာဝင်း-စမ်းချောင်းမြို့နယ်၊ ရန်ကုန် )

( ဖြေ )

-"ဘုရားရှိခိုး ဆုတောင်း"ရာ၌ဖြစ်စေ၊
-"လှူဒါန်းမှု"ပြုရာ၌ဖြစ်စေ၊

"အမျှဝေ"ရာ၌ -
အများ ကြားသိ "သာဓုခေါ်နိုင်ရန်"
-"ကြေးစည်"၊
-"ခေါင်းလောင်း"၊ တီးခတ်ရသည်။

ထို့ကြောင့်
"အမျှဝေ"ရာ၌
"ကြားကြားသမျှ သာဓုခေါ်ကြရန်"-
အသံကျယ်နိုင်သမျှ ကျယ်ကျယ် "အမျှဝေ"ရာ၏။

မိမိအသံ မကျယ်နိုင်၍ "ကြေးစည်,ခေါင်းလောင်း ကူရသည်"-ကို မှတ်သားရာ၏။

━━━━━━━
မှီခိုရာ ကျမ်းကိုး-
━━━━━━━

(၁။ "စာရေးဆရာ မောင်သွေးချွန်"-
စုစည်းပူဇော်သော
"မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး"၏
"ဘာကြောင့် 1+2 ပေါင်းချုပ်"-
"ကြောင်းကျိုးဆက် သဘောအချက်များ" စာအုပ်။

၂။ "ဘဒ္ဒန္တ တိလောကသာရ"(ရဝေထွန်း)၏
"ဘာသာရေး အမေးအဖြေ"

ချမ်းသာကြပါစေ၊ အေးငြိမ်းကြပါစေ၊
သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ကြပါစေ။

Credit to original uploader.

စိတ်ကြီးဝင်ကြစမ်းပါ

***************
( စိတ်ကြီး ဝင်ကြစမ်းပါ )
***************
ငါသိ
ငါတတ်
ငါမြတ်
တစ်ပါးသူကို  မတူမတန် မခေါ်နှိုင် မပြောနှိုင် အဆင့် အတန်း
မရှိတဲ့ ဟာတွေ လို့ ယူဆတဲ့ အင်မတန်ကျဉ်းမြောင်း   သေး
သိမ် တဲ့ (အတ္တစိတ်)ကို အတတ်နှိုင်ဆုံး ကြိုးစား  ဖ ယ် ရှား
ပြီး ---

# ကောင်းမြတ်တာကို ကျင့်
# မြင့် မြတ်တာကို ကြံ
# မှန်ကန်တာကို ပြော
# စိတ်သဘောလည်း ကြီး
# စောစောကြီးလည်း ထ
# ရ သမျှနဲ့ ရောင့်ရဲ
# သည်းခံမှု လက်စွဲ
# ထိုသူချမ်းသာမြဲ ---တဲ့  လယ်တီဆရာတော်ဘုရားကြီး ရဲ့
   ဆုမ္မ စကားလေးလို --အင်မတန် ကြီးကျယ် ခန်းနားလှတဲ့
   စိတ်ကြီး ဝင်ကြစမ်းပါ အမျိုးတို့  ရေ ----

* (အတ္တစိတ်)  ကြီးမားများပြားလာလျှင် ---
   စည်းလုံးမှု ပြိုကွဲ ဖရို ဖရဲ ဖြစ်တတ်လေ၏ တဲ့ --- (လောကနီတိ)

                     (ဘုန်းကြီးကျောင်းသား)(Bk )