စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, October 30, 2017

တန်ဆောင်မုန်းလနှင့် ပံ့သကူပစ်ခြင်း

ပံ့သကူ ပစ်တယ်ဆိုတာ ဘာလဲ
🍒🍒🍒🍒🍒🍒🍒🍒🍒🍒

– ဒီဘက်ခေတ်မှာ လူငယ်တော်တော်များများ မကြားဖူးတော့ဘဲ တိမ်မြုပ် ပျောက်ကွယ်လာနေပြီ ဖြစ်တဲ့ အလေ့တစ်ခုပါ .။
– ကိုယ် လှူချင်၊ တန်းချင် တဲ့ ပစ္စည်း ၊ ငွေကြေး ၊ အသုံးအဆောင် ပစ္စည်း တစ်ခုခု ကို အိတ်တစ်လုံးထဲမှာ ထည့်ပါ ..။
– ပြီးရင် လူ မမြင်နိုင်တဲ့ အချိန်မှာ လမ်းနေရာတစ်ခုခု မှာ သွားပြီး ချထားပါ .။

– ခြွင်းချက် နည်းနည်း ရှိပါတယ်။

………… အဲဒီလို ချထားတဲ့အခါမှာ ဘယ်သူ မှ သိလို့ မဖြစ်ပါဘူး .။ ကိုယ် တစ်ယောက် သာ သိရပါမယ်။

…………..လူသွားလမ်း နဲ့ လူတွေ တွေ့မြင်နိုင်တဲ့ နေရမျိုးလည်း ဖြစ်ရပါမယ်။ အလှူဆိုပြီး ရေထဲ ပစ်ချလိုက်သလို မျိုးတော့ မဖြစ်ရပါဘူး ..။

………….. နောက် တစ်ရက်မှာ ကိုယ် လှူလိုက်တဲ့ ပစ္စည်း ကို ရသွားတဲ့ လူ က ကောင်းချီးမင်္ဂလာ ပေးတဲ့အခါ မှာ ကုသိုလ် ရပါလိမ့်မယ်။

…………… အဲဒီ ကုသိုလ် ဟာ ( ရှေး အရင် က ရဟန်းတွေ ဟာ လှည့်လည် အလှူခံခြင်း မပြုဘဲ ၊ အမှိုက်ပုံ ..စတဲ့ နေရာတွေကနေ အဝတ်စုတ်၊ တွေ ကောက်ယူပြီး သင်္ကန်း ချုပ်ဝတ်လေ့ရှိပါတယ်။ အဝတ်ကောင်းကောင်း လေး ရပြီဆိုရင် အဲဒီ ရဟန်းအဖို့ တစ်နွေစာ တရားအားထုတ်လို့ ရနိုင်ပြီပေါ့ ..) ခုန ရဟန်းတစ်ပါး ဟာ အဝတ်ကောင်းကောင်း လေး တစ်ခု ရသွားတဲ့ အခါ မှာ ဖြစ်တဲ့ ပီတိ နဲ့ အလားတူပါတယ်။ .. ကုသိုလ်ရပုံချင်းလည်း တူပါတယ်။
– ဒါကြောင့် ” ပံ့သကူ ပစ်တယ်” ..ဆိုတဲ့ စကား ပေါ်ပေါက်လာတာပါ .။

#သစ္စာရှင်-မြတ်ဗုဒ္ဓ၏သာသနာpage ပြန်
               လည်တင်ဆက်သည်။

Saturday, October 7, 2017

မနုသီဟ

မနုသီဟ ဖင်နှစ်ခွသမိုင်းကြောင်း
•••••••••••••••••••••••••••••

              " မနုသီဟ" ဟူသည် ပါဠိဘာသာစကားမှ  ဆင်းသက်လာပြီး "လူခြင်္သေ့"  ဟု  အဓိပ္ပါယ်ရပါသည်။ဖင်နှစ်ခွရှိပြီး   လူဦးခေါင်းနှင့် မကိုဋ်သဏ္ဍာန်ဆောင်းထားပေသည်။ မနုသီဟကို  စေတီဘုရားထောင့်တစ်နေရာ၌  ထားရှိတတ်ပြီး   ဘီလူး အစရှိသော  အန္တရာယ်ပေးတတ်သည့်   သတ္တဝါဆိုးများမှ  အန္တရာယ်ကင်းစေရန်   ထားရှိတတ်လေသည်။

သမိုင်းအစဉ်အလာကား  ဤသို့တည်း…။

                    သုံးလောကထွဋ်ထား   သဗ္ဗေညုမြတ်စွာဘုရားရှင်   ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက်  သာသနာနှစ် ၂၃၅ ခုနှစ်တွင်  ရာမညတိုင်းအစိပ် သုဝဏ္ဏဘုမ္မိသို့     အရှင်သောဏနှင့်အရှင်ဥတ္တရမထေရ်နှစ်ပါးအား   အရှင်မောဂ္ဂလိပုတ္တိဿမှ သာသနာပြုတော်မူရန်   သံဃာငါးပါးနှင့်အတူ   စေလွှတ်တော်မူလေသည်။ထိုအချိန်၌   သုဝဏ္ဏဘုမ္မိ  သထုံပြည်တွင်  သီရိဓမ္မာမေသာဟူသော  မင်းတစ်ပါး  တိုင်းပြည်အုပ်ချုပ်  မင်းလုပ်နေခိုက်ဖြစ်သည်။

                    ထိုမြို့သည်  သမုဒ္ဒရာနှင့်   နီးသောကြောင်း  ရေစောင့်ဘီလူးမသည်  မင်းအိမ်မှ  ကလေးမွေးတိုင်း  ဖမ်းယူစားလေ့ရှိ၏။သာသနာပြုမထေရ်တို့  ရောက်ရှိချိန်   နေ့လယ်အချိန်တွင်  မင်းအိမ်၌  သားဖွားခိုက်ကြုံ၍  ရေစောင့်ဘီလူးမသည်  စားအံ့ဟု အရံတို့နှင့်အတူ   ရောက်လာကာ  လူအပေါင်းတို့သည်  ကြောက်လန့်သဖြင့် ငိုကြွေးကုန်၏။

                     ထိုအချိန်၌  သာသနာပြုမထေရ်လည်း  ရောက်ရှိနေချိန်ဖြစ်၍   နေစောင့်ဘီလူးမနှင့် ပက်ပင်းတိုးတော့သည်။ဘီလူးမသည်  ကြောက်မက်ဖွယ်အဆင်းသဏ္ဍာန်များ  ဖန်ဆင်းကာ  မထေရ်နှစ်ပါးအား  တိုက်ခိုက်လေသည်။မထေရ်နှစ်ပါးသည်လည်း  အမျိုးမျိုး  ဖန်ဆင်းကာ  ပြန်လည်ခုခံ၏။သို့သော်   ရေစောင့်ဘီလူးမအား   မနှိမ်နင်းနိုင်သေးပေ။နောက်ဆုံးတွင်  မထေရ်နှစ်ပါးသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင်   ခြင်္သေ့ခေါင်းနှင့်တူပြီး  ခေါင်းတစ်လုံး  ခန္ဓာကိုယ်နှစ်ခု မနုသီဟသဏ္ဍာန်ပြောင်းကာ   ရေစောင့်ဘီလူးထက်  နှစ်ဆသာအောင်  ဖန်ဆင်း၍   ဘီလူးမအား  ခြောက်လန့်မောင်းထုတ်ရာ   ရေစောင့်ဘီလူးမလည်း  မခံမရပ်နိုင်ဖြစ်ရကား  ထွက်ပြေးကုန်လေတော့သည်။

                  မထေရ်တို့သည်   ဘီလူးမများ  ထပ်မံမလာနိုင်စေရန်   ဂါထာ မန္တန်  ပရိတ်ရေ စသော  အတားအဆီးအစီအမံများ  ပြုလေ၏။ထိုအခ်ျိန်၌   စုဝေးလာသော ပရိတ်သတ်အပေါင်းတို့အား   တရားရေအေးအမြိုက်ဆေး  တိုက်ကျွေးသည့်အနေဖြင့်  ဗြဟ္မဇလသုတ်တော်ကို  ဟောကြားတော်မူရာ ခြောက်သောင်းသော  ပုဂ္ဂိုလ်တို့သည်  ကျွတ်တမ်းဝင်ကုန်ကြလေ၏။

                      ထိုအချိန်မှစ၍  လူသူခပ်သိမ်းအပေါင်းတို့သည်   ဘုရားစေတီအနီး၌   ဘီလူးအနှောင့်အယှက်မှ  ကင်းဝေးစေရန်အနေဖြင့်   မထေရ်နှစ်ပါးဖန်ဆင်းသော   မနုသီဟကိုယ်ပွားရုပ်ထုအား   ထုလုပ်ကာ  ထားရှိကြသည်မှာ  ယနေ့တိုင်   တွေ့မြင်နိုင်ပေတော့သည်။

စာဖတ်သူအပေါင်း
ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာ ချမ်းသာကြပါစေ…
#အရှင်သုစိတ္တ-မြတ်ဗုဒ္ဓ၏သာသနာpage

ကြည်လင်စွာနိုးထလိုလျှင်

ကြည်လင်စွာ နိုးထလိုလျှင်
⚜🍃⚜🍃⚜🍃⚜🍃
တရားအမှတ်သတိဖြင့် အိပ်စက်ပါ
⚜🍃⚜🍃⚜🍃⚜🍃⚜🍃

ညမှာ တရားအားထုတ်ပြီးမှ အိပ်လို့ရှိရင်
မနက်နိုးတဲ့အခါမှာ ပိုပြီး ကြည်လင်လန်းဆန်းတယ်။
တရားအားထုတ်ဖို့လည်းပဲ ပိုပြီးတော့ စိတ်က
သတိရတယ်။ လုံ့လ၀ီရိယ၊ သဒ္ဓါတရားလည်းပဲ ပိုပြီင်္းတော့
အားကောင်းလာတယ်။ အိပ်နေရင်းပဲ
အသက်ရှုတာလေးကို သိပြီးတော့ နေလိုက်ပါ။ စိတ်ကတော့
ထုံးစံအတိုင်းပဲ ဟိုကိစ္စ၊ ဒီကိစ္စ
တွေးဦးမှာပဲ။

တွေးလိုက်ရင် တွေးတယ်ဆိုတာလေးကို စိတ်က
သိလိုက်ပါ။ သိပြီးရင် “ ဘာမှ မထူးပါဘူး” ဆိုပြီးတော့
အသာလေး စိတ်ကို လျော့ချလိုက်ပါ။
ကိုယ့်ကိုယ်ကို စိတ်မဆိုးပါနဲ့။ ပြန်ပြီးတော့ အသက်ရှုတာလေး
ကို သတိကပ်ပြီးတော့ ထားလိုက်ပါ။
ခန္ဓာကိုယ်ကိုလည်းပဲ ခြေတွေလက်တွေကို အတတ်နိုင်ဆုံး
သက်တောင့်သက်သာဖြစ်အောင်
လျှော့ပြီးတော့ ချထားပါ။

နေရာအနေအထားကိုလည်း အသက်သာဆုံး
ဖြစ်သွားအောင်ပြင်လိုက်ပါ။ ခေါင်းအုံးကအစ နိမ့်လွန်းရင်လည်း မကောင်းဘူး။ မြင့်လွန်းရင်လည်း မကောင်းဘူး။
အဲသည်လို ကိုယ်နဲ့ အဆင်ပြေဆုံးဖြစ်အောင် ပြုပြင်ထားပြီး အိပ်လျက်ကလေးပဲ တရားအားထုတ်ပါ။
ဒီလိုတရားအားထုတ်ရင်း၊ တရားအားထုတ်ရင်းနဲ့ပဲ
အိပ်ပျော်သွားပါစေ…။

Dhamma Danã Source ►

Dhamma Wizaya-မှဓမ္မဒါန