စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Thursday, February 28, 2019
ပညာရှိနှင့်ပညာမဲ့
ပညာရှိတဲ့လူနဲ့ ပညာမဲ့တဲ့လူ
=====================
ပညာရှိတဲ့လူက့ကြေကွဲမှု့ကို
တိတ်တဆိတ်သိမ်းဆည်းထားပေမယ့်
ပညာမဲ့တဲ့လူက့ကြေကွဲမှု့ကို
ပေါက်ကွဲခြင်းနဲ့ ရှင်းလင်းလိုက်တယ်။
ပညာရှိတဲ့လူက အရှူံးကို အပြုံးနဲ့ ကာဆီးလိုက်ပေမယ့်
ပညာမဲ့တဲ့လူက အရှူံးကို အမုန်းနဲ့ဖွင့်ထုတ်ပြတယ်။
ပညာရှိတဲ့လူက အလှအပကို ကိုယ်ကျင့်တရားနဲ့ ဝန်းရံထားပေမယ့်
ပညာမဲ့တဲ့လူက အလှအပကို ငွေကြေးနဲ့
လဲလှယ်လိုက်တယ်။
ပညာရှိတဲ့လူက အောင်မြင်မှု့ကို
တိတ်တဆိတ် ရယူလိုက်ပေမယ့်
ပညာမဲ့တဲ့လူက အောင်မြင်မှု့ကို ကြွားဝါခြင်းနဲ့
ရယူလိုက်တယ်။
ပညာရှိတဲ့လူက ဘဝအရေးအတွက်ကိုသာ
အချိန်ပေးတတ်ပေမယ့်
ပညာမဲ့တဲ့လူက အလှအရေးတွက်ပဲ
အချိန်ဖြုန်းတတ်ကြတယ်။
ပညာရှိတဲ့လူက တစ်ပါးသူကို မနာလိုစိတ်မရှိ
ကိုယ်စွမ်းကိုယ်စနဲ့ကြိုးစားနေတတ်ပေမယ့်
ပညာမဲ့တဲ့လူက
တစ်ပါးသူကို မနာလိုစိတ်နဲ့
အတင်းအဖျင်းပြောဖို့ပဲ ကြိုးပမ်းနေတတ်ကြတယ်။
ပညာရှိတဲ့လူက
ဘာသာတရားမမေ့ဖို့ပဲ
စိတ်ဝင်စားနေတတ်ပေမယ့်
ပညာမဲ့တဲ့လူက
အပျော်အပါးဘက်ဖို့ပဲ
စိတ်ဝင်စားနေတတ်တယ်။
ပညာရှိတဲ့လူက
ကိုယ်ကျင့်တရားနဲ့ဂုဏ်သိက္ခာကို
အသက်နဲ့လဲလို့ စောင့်ထိန်းတတ်ကြပေမယ့်
ပညာမဲ့တဲ့လူက ကိုယ်ကျင့်တရားကိုမြောင်းထဲလွှင့်ပစ်လို့ ဂုဏ်သိက္ခာကိုခွေးကျွေးပြစ်တတ်ကြတယ်။
လောကမှာ ပညာတတ်တိုင်းလည်း ပညာရှိမဖြစ်နိုင်သလို
ပညာရှိတိုင်းလည်း ပညာတတ်မဟုတ်ကြပါဘူး။
ပညာရွှေအို့း
လူမခိုးဆိုသည့် စကားအတိုင်း
အကောင်းအဆို့း
အကြောင်းအကျိုးကို့ရှာဖွေကာ
လေ့လာပါ။့
    မှတ်သားပါ။့
        ကျင့်သုံးပါ။့
လောကီပညာပဲဖြစ်ဖြစ့်
လောကုတ္တရာပညာပဲဖြစ်ဖြစ်
ကိုယ်တတ်ထားသည့် ဘယ်ပညာမဆို
သူတစ်ပါးခိုးယူလို့မရဘူး။့
ဒါပေမယ့်
ပညာဂုဏ်တော့မောက်မာမပြနဲ့
သိပ်ကြောက်ဖို့ကောင်းလို့ပါ။
လူတိုင်းအတွက်ဘဝလက်ဆောင်မွန်ကတော့
ဂုဏ်ဓန့ငွေကြေ့းအလှအပတွေကို့အရေးပေးခဲ့ရင်
တစ်ခဏတာစိတ်ချမ်းသာမှု့ကိုသာ ရရှိနိုင်ပေမယ့်
အရှက့်သိက္ခာနဲ့ကိုယ်ကျင့်တရားတွေကို
အရေးပေးမှသာ
တစ်သက်တာလုံးစိတ်ချမ်းသာမှု့ကို
ရရှိစေမှာပဲဖြစ်တယ်။
Credit to original writer .
Saturday, February 2, 2019
မမေ့မလျော့ ပြုလုပ်ရမည့် တရားများ
ရှေးအခါက ဇနသန္ဓအမည်ရှိသော မင်းတစ်ပါးသည် ဗာရာဏသီပြည်ကြီးကို မင်းကျင့်တရားနှင့်အညီ စိုးစံအုပ်ချုပ်တော်မူ၏။ ထိုမင်းသည် လစဉ် လပြည့်နေ့ရောက်တိုင်း ဥပုသ်သီလ ဆောက်တည်၏။ တိုင်းသူပြည်သားတို့ကိုလည်း လစဉ် တလလျှင် နှစ်ကြိမ် နန်းရင်ပြင်၌ စုရုံးစေ၍ နောင်တ ၁၀-မျိုး မဖြစ်ကြရအောင် ယခုအခါကပင် မမေ့မလျော့ကြပဲ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြရန် တိုက်တွန်းစကားပြောကြားဆုံးမလေ့ရှိ၏။
တိုင်းသူပြည်သားတို့သည်လည်း မင်းကြီး၏စကားကို လိုက်နာ၍ မကောင်းမှုဟူသမျှ မပြုလုပ်ကြဘဲ ကောင်းမှုကုသိုလ်များကိုသာ ပြုလုပ်၍ နေထိုင်ကြသည်။ ထိုသို့ နေထိုင်ကြသဖြင့် ထိုမင်းလက်ထက်တွင် အချုပ်ထောင်များကို ဟင်းလင်းဖွင့်ထားရသည်။ အမှုအခင်းဖြစ်ပွားသူ မရှိသောကြောင့်လည်း တရားရုံများကို ပိတ်ထားရသည်။အလှူပွဲများ စဉ်ဆက်မပျက် ကျင်းပကြ၏။ကုသိုလ်ကောင်းမှုများကို မမေ့မလျော့ အားထုတ်ကြသောကြောင့် ကွယ်လွန်သောအခါ၌လည်း နတ်ရွာသုဂတိသို့ ရောက်ကြရကုန်၏။ 
နောင်တ၁၀-မျိုးကား
၁။အချိန်ရှိခိုက်ငယ်စဉ်ကပညာမသင်ခဲ့မိလေခြင်း။
၂။ဥစ္စာပစ္စည်းမစုဆောင်းမိခဲ့လေခြင်း။
၃။သူတပါး၏အချစ်ကိုဖျက်ဆီးမိခဲ့လေခြင်း။
၎။သူတပါး၏အသက်ကိုသတ်မိခဲ့လေခြင်း။
၅။သူတပါးသားမယားကိုပြစ်မှားမိခဲ့လေခြင်း။
၆။ဥစ္စာပစ္စည်းရှိလျက်မလှူမိခဲ့လေခြင်း။
၇။ဆုံးမစကားကိုနားမထောင်မိခဲ့လေခြင်း။
၈။မိဘကိုမလုပ်ကျွေးမိခဲ့လေခြင်း  ၉။ပညာရှိထံနည်းခံ၍ပညာမသင်ကြားခဲ့မိလေခြင်း။
                                            ၁၀။မြတ်သောအကျင့်ကိုမကျင့်မိခဲ့လေခြင်းတို့ဖြစ်သည်။
အကိုး။ဒွါဒသနိပါတ်၊ဇနသန္ဓဇာတ်။
(ဉာဏ်လင်းအောင်)
( မြတ်မင်္ဂလာ ၂၀၀၁-ခု စက်တင်ဘာလ ) မှ ကူးယူဖော်ပြပါသည် ။ နှစ်သစ်မှစလို့ ကောင်းမွန်သော အလုပ်၊ ကောင်းမွန်သော စိတ် ၊ ကောင်းမွန်သော အတွေးတွေမွေးနိုင်ကြပါစေ ။ အလှူဒါန များစွာ လှူဒါန်းနိုင်ကြပါစေ။ မိဘကို ပြုစု လုပ်ကြွေးနိုင်သော သား၊သမီး ရတနာများဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း..... နှစ်သစ်ကို ကြိုဆိုလိုက်ပါတယ်။ 
ပုံသေမတွက်နဲ့
" ပုံ​သေမတွက်​နဲ့ "
☘☘☘☘☘☘
၁။လူတစ်​​ယောက်​ဟာ
  အပြင်​ဘက်​မှာ ပြုံး​နေ​ပေမယ့်​လည်း
  ရင်​ထဲမှာ
  နာကျင်​စရာ​တွေနဲ့ငိုရင်​ငို​နေလိမ့်​မယ်​ ။
၂။လူတစ်​​ယောက်​ဟာ
   သည်းခံ​ခွင့်​လွှတ်​​နားလည်​​တတ်​တယ်​ဆို​ပေမယ့်​လည်း
   ရင်​ထဲမှာ
   မလိုအပ်​လို​ဒေါသမဖြစ်​ချင်​တာ​​​လည်း
၃။လူတစ်​​ယောက်​ဟာ
   အရှုံး​ပေး​နေ​ပေမယ့်​လည်း
   အနိုင်​ယူလို့ရ​လောက်​တဲ့အရည်​အချင်း​တွေ
   ရှိရင် ရှိ​နေပါလိမ့်​မယ်​ ။
၎။လူတစ်​​ယောက်​ဟာ
   အ ချင်​​ယောင်​​ဆောင်​​နေ​ပေမယ့်​လည်း
   သူဟာအသိရှိတဲ့
   ပညာတတ်​တစ်​​ယောက်​ဖြစ်​ရင်​ဖြစ်​​နေလိမ့်​​မယ်​ ။
၅။လူတစ်​​ယောက်​ဟာ
   ဘာမှမ​ပြောတတ်​ဘူးလို့​ထင်​ရ​ပေမယ့်​လည်း
   သူဟာ
   မလိုလားအပ်​လို့
   နှုတ်ပိတ်​ပြီးမ​ပြောတာလည်း ဖြစ်​​နေပါလိမ့်​မယ်​ ။
၆။လူတစ်​​ယောက်​ဟာ
   တိတ်​ဆိတ်​​နေတတ်​တယ်​ဆို​ပေမယ့်​လည်း
   သူဟာ
   ဖြစ်​​နေပါလိမ့်​မယ်​ ။
၇။လူတစ်​​ယောက်​ဟာ
   ရင့်​ကျက်​တယ်​လို့ထင်​ရ​ပေမယ့်​လည်း
   တစ်​ချို့အရာ​တွေကို
  ဟန်​​ဆောင်​ပြီး​နေ​နေတယ်​ဆိုတာလည်း
  ဖြစ်​​နေပါလိမ့်​မယ်​ ။
၈။လူတစ်​​ယောက်​ဟာ
  မဖွင့်​ဟမ​ပေါက်​ကွဲတတ်​ဘူးလို့​ထင်​ရ​ပေမယ့်​လည်း
  ရင်​ထဲမှာ
  မျိုချ​ပြီး​နေ​နေရတာလည်းဖြစ်​​နေပါလိ့မ်​မယ်​ ။
၉။လူတစ်​​ယောက်​ဟာ
  ဘာမှမတုန့်​ပြန်​တတ်​ဘူး​လို့ထင်​ရ​ပေမယ့်​လည်း
  တစ်​​ယောက်​နဲ့တစ်​​ယောက်​အချင်းချင်း
  ရင်​နှီးမှု/ခင်​မင်​မှု/ချစ်​ခင်​မှု​တွေပြိုကွဲသွားမှာဆိုးလို့
  မ​တုန့်​ပြန်​ပဲ​နေ​နေတာလည်း​ဖြစ်​​နေပါလိမ့်​မယ်​ ။
ဒါ​ကြောင့်
ဘာအရာကိုမှ
ဘယ်​သူ့ကိုမှ
ဘယ်​​နေရာမဆို
ကိုယ့်​စိတ်​အထင်​အမြင်​နဲ့
သူတစ်​ပါးကို
ရမ်းသန်းပြီး
ပုံ​သေကြီးတွက်​မထားပါနဲ့....။
ကိုယ့်​အ​ခြေအ​နေကို
ကိုယ့်​ထက်​ဘယ်​သူမှ
ပိုပြီး
မသိနိုင်​ဘူး ...။
မျိုးဆက်​သစ်​အရှင်​(ဖို​လေးလုံး)