စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Saturday, February 2, 2019
ပုံသေမတွက်နဲ့
" ပုံ​သေမတွက်​နဲ့ "
☘☘☘☘☘☘
၁။လူတစ်​​ယောက်​ဟာ
  အပြင်​ဘက်​မှာ ပြုံး​နေ​ပေမယ့်​လည်း
  ရင်​ထဲမှာ
  နာကျင်​စရာ​တွေနဲ့ငိုရင်​ငို​နေလိမ့်​မယ်​ ။
၂။လူတစ်​​ယောက်​ဟာ
   သည်းခံ​ခွင့်​လွှတ်​​နားလည်​​တတ်​တယ်​ဆို​ပေမယ့်​လည်း
   ရင်​ထဲမှာ
   မလိုအပ်​လို​ဒေါသမဖြစ်​ချင်​တာ​​​လည်း
၃။လူတစ်​​ယောက်​ဟာ
   အရှုံး​ပေး​နေ​ပေမယ့်​လည်း
   အနိုင်​ယူလို့ရ​လောက်​တဲ့အရည်​အချင်း​တွေ
   ရှိရင် ရှိ​နေပါလိမ့်​မယ်​ ။
၎။လူတစ်​​ယောက်​ဟာ
   အ ချင်​​ယောင်​​ဆောင်​​နေ​ပေမယ့်​လည်း
   သူဟာအသိရှိတဲ့
   ပညာတတ်​တစ်​​ယောက်​ဖြစ်​ရင်​ဖြစ်​​နေလိမ့်​​မယ်​ ။
၅။လူတစ်​​ယောက်​ဟာ
   ဘာမှမ​ပြောတတ်​ဘူးလို့​ထင်​ရ​ပေမယ့်​လည်း
   သူဟာ
   မလိုလားအပ်​လို့
   နှုတ်ပိတ်​ပြီးမ​ပြောတာလည်း ဖြစ်​​နေပါလိမ့်​မယ်​ ။
၆။လူတစ်​​ယောက်​ဟာ
   တိတ်​ဆိတ်​​နေတတ်​တယ်​ဆို​ပေမယ့်​လည်း
   သူဟာ
   ဖြစ်​​နေပါလိမ့်​မယ်​ ။
၇။လူတစ်​​ယောက်​ဟာ
   ရင့်​ကျက်​တယ်​လို့ထင်​ရ​ပေမယ့်​လည်း
   တစ်​ချို့အရာ​တွေကို
  ဟန်​​ဆောင်​ပြီး​နေ​နေတယ်​ဆိုတာလည်း
  ဖြစ်​​နေပါလိမ့်​မယ်​ ။
၈။လူတစ်​​ယောက်​ဟာ
  မဖွင့်​ဟမ​ပေါက်​ကွဲတတ်​ဘူးလို့​ထင်​ရ​ပေမယ့်​လည်း
  ရင်​ထဲမှာ
  မျိုချ​ပြီး​နေ​နေရတာလည်းဖြစ်​​နေပါလိ့မ်​မယ်​ ။
၉။လူတစ်​​ယောက်​ဟာ
  ဘာမှမတုန့်​ပြန်​တတ်​ဘူး​လို့ထင်​ရ​ပေမယ့်​လည်း
  တစ်​​ယောက်​နဲ့တစ်​​ယောက်​အချင်းချင်း
  ရင်​နှီးမှု/ခင်​မင်​မှု/ချစ်​ခင်​မှု​တွေပြိုကွဲသွားမှာဆိုးလို့
  မ​တုန့်​ပြန်​ပဲ​နေ​နေတာလည်း​ဖြစ်​​နေပါလိမ့်​မယ်​ ။
ဒါ​ကြောင့်
ဘာအရာကိုမှ
ဘယ်​သူ့ကိုမှ
ဘယ်​​နေရာမဆို
ကိုယ့်​စိတ်​အထင်​အမြင်​နဲ့
သူတစ်​ပါးကို
ရမ်းသန်းပြီး
ပုံ​သေကြီးတွက်​မထားပါနဲ့....။
ကိုယ့်​အ​ခြေအ​နေကို
ကိုယ့်​ထက်​ဘယ်​သူမှ
ပိုပြီး
မသိနိုင်​ဘူး ...။
မျိုးဆက်​သစ်​အရှင်​(ဖို​လေးလုံး)
No comments:
Post a Comment