စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, January 3, 2019

နှစ်ဦးဓမ္မသဘင်မှ သီတဂူဆရာတော် ၏ တရားတော်အကျဉ်းချုပ်

တရားနာသူ ၂ သိန်း ၆ သောင်းကျော်ဖြင့်👈😱
📢 ဖူးမြင်ရသူ ဖူး၍ မဝနိုင်အောင်ပင်🙏
နှစ်ဦးဓမ္မသဘင် အောင်ပွဲည💐
တရားတော် အကျဉ်းချုပ်🙏

သီတဂူဆရာတော်ဘုရားကြီး ဟောကြားတော်မူ

မြတ်စွာဘုရားရှင်မှ ဂေါသိန္ဃ ဥယျာဉ်ကြီးအတွင်း
သီတင်းသုံးနေထိုင်ကြကုန်သောရဟန္တာအရှင်မြတ်ကြီး
သုံးပါးတို့အား မေးခွန်း(5)မျိုးတို့ဖြင့်မေးမြန်းခြင်း

(1) အရှင်မြတ်တို့ ညီညီညွတ်ညွတ် နေထိုင်ကြရဲ့လား

(2) ဝမ်းမြောက်ဝမ်းသာ နေထိုင်ကြရဲ့လား

(3) ငြင်းခုံခြင်းမရှိ ရွှင်ရွှင်ပြုံးပြုံး နေထိုင်ကြရဲ့လား

(4) ရောရောနှောနှော နေထိုင်ကြရဲ့လား
     (နို့နဲ့ရေရောသလို) (ဆီနဲ့ရေရောသလိုမဟုတ်)

(5)ချစ်ခင်သောမျက်လုံးအစုံတို့ဖြင့် ကြည့်နိုင်ကြရဲ့လား
    (အမေကတစ်ဦးတည်းသောသားအားကြည့်သလို)

ရဟန္တာအရှင်မြတ်တို့ရဲ့အဖြေ

(1) မှန်လှပါ ဒီအရှင်မြတ်နှစ်ပါးနဲ့နေရတာ
ံ    ကံကောင်းလှပါဘိ အရတော်လှပါဘိ

(2) မျက်မှောက်ရော မျက်ကွယ်မှာပါ
     မေတ္တာ ကာယကံ
     မေတ္တာ ဝဇီကံ
     မေတ္တာ မနောကံ တို့ဖြင့်နေထိုင်ကြပါ၏

(3) မိမိရဲ့စိတ်ဆန္ဒကိုရှေ့တန်းမတင် လျှော့ထား
     ပါ၏

(4) ကိုယ်ကာယအားဖြင့်တစ်ကိုယ်စီပေမဲ့
     တစ်စိတ်ထဲထား နေကြပါ၏

(5) ငါးရက်တစ်ကြိမ် တရားဟောတရားနာ
     ကျင်းပကြပါ၏

ဒီဥယျာဉ်ကြီးလှပနေသည်မှာ ညီညွတ်တဲ့စိတ်ထားနဲ့
အလှဆင်ထားခြင်းကြောင့်သာ သာယာလှပနေခြင်း.....

ပြည်​​ထောင်​စုမြန်​မာနိုင်​ငံအတွင်း
တိုင်းရင်းသား ညီအစ်​ကို​မောင်​နှမတို့​တွေ
နို့နဲ့​ရေနဲ့​ရောသလို ​ရော​ရော​နှော​နှော​နေကြဖို့
နို့နဲ့​ရေကို ​ရော​နှောပြီး ခွဲခြားမရသလို
တ​ယောက်​နဲ့တ​ယောက်​မုဆိုးကြည့်​မကြည့်​ပဲ
ချစ်​​သော မျက်​စိနဲ့ကြည့်​ကြဖို့
ငြိမ်​သက်​စွာ​နေနိုင်​ကြပါ​စေ အဖွဲ့​တွေအချင်း​ချင်းငြင်းခုန်​မ​နေကြပဲ ဝမ်း​မြောက်​ဝမ်းသာ
အတူတကွ​နေနိုင်​ကြ​စေဖို့...
မာတာမိခင်​က ​မွေး​သောရင်​​သွေးကို အသက်​​ပေးပြီး ကာကွယ်​​နေသလို ​တနိုင်​ငံလုံး နိုင်​ငံသား​တွေအ​ပေါ်မှာမိခင်​စိတ်​နဲ့တူ​သော ​မေတ္တာများဖြင့်​ အုပ်​ချုပ်​သူ​တွေက
မေတ္တာဓာတ်​ထားနိုင်​ကြရမည်​တဲ့...
တစ်​ဦးနဲ့တစ်​ဦး ​တွေ့ရင်း​ကောင်းတာ​လေး​ပြောပြီးကွယ်​ရာကျရင်​လည်း အတင်းမ​ပြောမလုပ်​ကြပါနဲ့တဲ့

မိမိတို့ရဲ့စိတ်​မူ​တွေ အယူအဆ​တွေ ​လျော့ချထားရမည်​အတူ​​နေသူ​တွေ တစ်​ဦးအလိုတစ်​ဦးအလိုကျ​နေ​ပေးရမည်
စားပွဲထိုင်​လိုက်​တာနဲ့သူများ​ပြောတာကို
နား​ထောင်​ဖို့စဉ်းစားထားကြ....
ကိုယ်​ဆန္ဒဘယ်​​တော့မှ ​ရှေ့တန်းမတင်​နဲ့
ကိုယ်​ကာယက သုံးကိုယ်​ဖြစ်​​ပေမဲ့
စိတ်​က​တော့ တစ်​စိတ်​ထဲ​နေရမည်​တဲ့
ညီညွတ်​စွာအတူ​နေကြရမည်​...​ဟော​ပြောပွဲ ​ဆွေး​နွေးပွဲ​တွေခဏခဏလုပ်​ရမည်​....ဟု တရားဖြင့်​ ဆုံးမ​ဟောကြား
သွားပါသည်
နတ်​လူသာဓုပါ အမျှ အမျှ အမျှ

credit<>Hlaing min zaw

ရန်ကုန်တိုင်းအစိုးရ၏
၂၀၁၉ခုနှစ် နှစ်ဦးတရားအလှူ၊ နောက်ဆုံးည
တရားပွဲတော်ကြီး အောင်မြင်စွာ ပြီးဆုံးသွားပါပြီ🙏🙏

ကမ္ဘာ့အကြီးဆုံး တရားနာ ပရိတ်သတ်
တရားနာပရိသတ် (၂)သိန်း (၆) သောင်းကျော်
လာရာက် နာယူကြသည်....။

သီတဂူဆရာတော်ဘုရားကြီးရဲ့ ဓမ္မသဘင်​ အတွက်တရားအလှူငွေ....ကျပ် ၁၄၀၀ သိန်း ​ဒေါ်လာ ၁၉၄၂
ရရှိတဲ့ သီတဂူဓမ္မသဘင်....

ဝမ်းသာနုမော်
သာဓုခေါ်ဆိုကြပါကုန်.....

သာဓု သာဓု သာဓု....

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ
(မေတ္တာဖြင့်)HHN🙏🙏🙏
ကူးယူမျှဝေ ပူဇော်ပါသည် ဘုရား
           (​မေတ္တာ​ဝေ အရှင်​​တေဇာနန္ဒ =ဒိုက်​ဦး)

No comments:

Post a Comment