စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Thursday, January 3, 2019
နှစ်ဦးဓမ္မသဘင်..သီတဂူဆရာတော်ဘုရား
"မကောင်းမှုကိုပဲ ကျင့်သုံးနေပြီး ကောင်းမှုတွေကို မပြုစု မပျိုးထောင်ရင်"
"ကြီးပွားတိုးတက်နိုင်ဖို့ ဘယ်ဘုရားကမှ မတတ်နိုင်ဘူး"
<<<>>><<<>>><<<>>>
ကိုယ်လုပ်နိုင်တဲ့ ကိုယ့်အလုပ်ရဲ့လုပ်ခကို
ကိုယ်လုပ်စွမ်းနိုင်သလောက် ရကြသလို
ကိုယ်လုပ်လိုက်တဲ့ မကောင်းမှု ကောင်းမှုရဲ့
ကောင်းကျိုး ဆိုးကျိုးတွေဟာ
ဘယ်သူကမှ ဖန်ဆင်းပေးတာ အပြစ်ပေးတာ မဟုတ်ပါဘူး..
မင်းတို့ ငါတို့တစ်တွေဟာ
မကောင်းမှုတွေကိုချည်း ကျင့်သုံးနေပြီးတော့
ကောင်းမှုတွေကို မပြုစု မပျိုးထောင်နိုင်ရင်
မင်းတို့ငါတို့အတွက် မင်္ဂလာ(ကြီးပွားတိုးတက်ခြင်း)ဆိုတာကို
ဘယ်godမှ တတ်နိုင်မှာမဟုတ်ဘူး..
မိမိသည်သာလျှင် မိမိကိုယ်ကို ညစ်နွမ်းစေနိုင်ပြီး
မိမိသည်ပင် မိမိ၏ သန့်ရှင်းရေးကို ဆောင်ရွက်နိုင်ပါတယ်..
တစ်ယောက်က တစ်ယောက်ကို ကယ်တင်နိုင်ကြတာမဟုတ်ပါဘူး.
ထို့ကြောင့်
ကျောင်းဆရာတစ်ယောက်ဟာ ကျောင်းသားတစ်ယောက်ကို
သင်ကြားပြသ သလိုပါပဲ..
ဗုဒ္ဓသည် ဆရာနှင့်တူစွာ ကျွန်ုပ်တို့ကို ညွှန်းကြားခဲ့ပါတယ်..
"မိမိကိုယ်ကို မိမိတို့ အားကိုးကြပါ"..
"ကိုယ်ကျင့်ထားတဲ့တရားကို အားကိုးကြပါ"..
"ကိုယ်ကျင့်ထားတဲ့ ကိုယ်ကျင့်တရားကလွဲလို့
  တစ်ခြားအားကိုးစရာ မရှိပါဘူး"တဲ့..
ကိုးကွယ်ရာ အမှန်ကား အကျင့်တရား(စရဏ)ပင်ဖြစ်၏..
သစ်သီးစားချင်သူသည် သစ်ပင်ပေါ်တက်ရမည်သာ ဖြစ်၏..
ဟိုဘက်ကမ်းရောက်လိုလျှင် လှေရှာ၍ ကူးရမည်သာ ဖြစ်၏..
အနာရောဂါပျောက်လိုလျှင် ဆေးသောက်ရမည်သာ ဖြစ်၏..
ထိုနည်းတူစွာပင်
ဆင်းရဲလွတ်လိုလျှင် မကောင်းကျင့်ကို ရှောင်ရမည်..
ချမ်းသာရလိုလျှင် အကောင်းကျင့်ကို ကျင့်ရမည် ဖြစ်၏..
                                                သီတဂူဆရာတော်ဘုရားကြီး
စေတနာမေတ္တာအရင်းခံဖြင့် မျှဝေသည်..
Copy;
No comments:
Post a Comment