***************
"ငါဟာ ကြာပန်းနဲ့
အလားသဏ္ဍာန်တူတယ်၊
ကြာပန်း ဆို တာ
ရေထဲမှာပေါက်တယ်၊
ရေထဲမှာကြီးတယ်၊
ရေထဲမှာကြီးပြီးတော့ ရေမျက်နှာပြင်ပေါ်
တက်ပြီးတော့ ပွင့်တဲ့ကြာပန်း။
သို့သော်...
ရေနဲ့ ထိတွေ့ခြင်း မရှိဘူး၊
ရေဟာ ကြာပန်းကို ညစ်ပေအောင် မလုပ်နိုင်ဘူး၊
ကြာပန်း ပေါ်ရေကျလိုက်လို့ရှိရင်ကြာဖက်ပေါ်ကျကျ၊ ကြာရွက်ပေါ်ကျကျ
ရေဟာလိမ့်ဆင်းသွားတယ်။
ထို့အတူပဲ ငါဟာ....
လောကထဲမှာ မွေးတယ်၊
လောကထဲမှာ ကြီးပြင်းတယ်၊ ဒါပေမယ့်
လောကသားတွေနဲ့ ပတ်သက်ပြီးတော့ ချစ်ခင်ခြင်းဆိုတဲ့ သံယောဇဉ် မုန်းတီးခြင်းဆိုတဲ့ သံယောဇဉ် လောကသားတွေအပေါ်မှာဖြစ်ပေါ်လာတဲ့
သံယောဇဉ်တွေ တစ်ခုမှမရှိဘဲနဲ့ငါဘုရားဟာ လောကသားတွေနဲ့လွတ်လွတ်လပ်လပ်နေထိုင်ခဲ့တယ်၊နေထိုင်လျက်ရှိတယ်၊ " ဆိုတာကိုထိုသုတ္တန်မှာ မြတ်စွာဘုရားရှင်းလင်းဟောကြားထားတယ်။
အဲဒီတော့...
လောကထဲမှာကြီးပြီးတော့
လောကနဲ့ လွတ်လွတ်ကင်းကင်းနေနိုင်တယ်။လွတ်လွတ်ကင်းကင်းနေတယ်ဆိုတာ ဘယ်လိုဟာကိုပြောတာတုန်း။
လောကလူသားတွေနဲ့ လွတ်လွတ်ကင်းကင်း
နေတာ ဒီလိုပြောတာမဟုတ်ဘူး။ လောကလူသားတွေနဲ့
ချစ်ခင်တွယ်တာမှုဆိုတာလည်းမရှိဘူး၊ လောကလူသားတွေအပေါ်မှာ
မုန်းတီးတာလည်း မရှိဘူး။
လောကလူသားတွေရဲ့အကျိုးကိုပြုတယ်။
ဆိုပါစို့...
ရေထဲမှာပွင့်တဲ့ ကြာပန်းကြီးဟာရေနဲ့ မလူးသော်လည်းပဲ
ရေမျက်နှာပြင်ကို လှအောင်လုပ်ထားတာတော့ ကြာပန်း ကြောင့်ပဲပေါ့။ အကယ်၍ ကြာပန်းမပွင့်ဘူးဆိုရင်
ရေမျက်နှာပြင်က လှစရာ အကြောင်း မရှိဘူးပေါ့။
မြတ်စွာဘုရား ဟာလည်း
လောကကြီးကို အလှဆင်တဲ့အခါမှာလောကပေါ်မှာသံယောဇဉ်နဲ့အလှဆင်တာ မဟုတ်ဘူး။လွတ်လပ်ပြီးတော့ မြင့်မြတ်တဲ့အသွင်သဏ္ဍာန်နဲ့ အလှဆင်ခဲ့ပြီးလောကရဲ့အကျိုးကို ပြု ခဲ့တယ်။ ။
(ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး)
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
Credit...