စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, May 12, 2023

ပျားဖွတ် သားတိုး မယားခိုး..

ပျားဖွတ်၊ သားတိုး၊ 
မယားခိုး၊ နွားသိုးတူရိုက်၊ 
တောမီးတိုက်၊ မုဆိုးတံငါ 
ပါယ်လေးရွာ...ရှင်းတမ်း


အခုပြောတဲ့ ပျားဖွတ် သားတိုး စတာတွေဟာ ပဉ္စာနန္တရိယ အကုသိုလ်ကံပြီးရင် ကြီးလေးတဲ့အကုသိုလ်အလုပ်တွေလို့ ပြောလို့ရပါတယ်။

#လောကမှာကြောက်စရာအကောင်းဆုံးဓားပြ
ဆိုတာ ပျားဖွတ်တဲ့သူတွေပါပဲ...
ပျားကလေးတွေ သမ္မာအာဇီဝ ရှာဖွေစုဆောင်း
ထားတဲ့ သူတို့ရဲ့ပျားရည်တွေကို အတင်းအဓမ္မ
ဓားပြတိုက်ယူတယ်၊ ဖယ်မပေးရင် ပျားတွေကို
မီးရှို့သတ်တယ်၊ သူ့တို့ရင်သွေးနုနုလေးတွေကို
ဆုံထဲထည့်ထောင်း သတ်စားကြတယ်၊ 
ဒီထက်ဆိုးတဲ့ဓားပြ လောကမှာ မရှိနိုင်ပါဘူး။

#သားတိုးကတော့ ကိုယ်မွေးထားတဲ့ နွား ဝက် ဆိတ် စတာတွေကို တစိမ့်စိမ့်ကြည့်ပြီး ဒီကောင်
ဆိုရင် အချိန်ဘယ်လောက်ရှိနေပြီ၊ ဘယ်တော့လောက်ဆို ရောင်းလို့ရပြီ၊ ပေါ်လို့ရပြီနဲ့ တရိပ်ရိပ် အကုသိုလ်တက်နေတာမျိုးပါ။

#မယားခိုးလင်ခိုးတာကတော့ ပြောစရာလိုမယ်
မထင်။ ကာမပိုင်ရှိနေရက်နဲ့ ပစ်မှားတာလေ။ ပျော်ရတာခဏ၊ ခံရမှာက အနှစ်ပေါင်းသိန်းသန်း မကပဲနော်။

#နွားသိုးတူရိုက် (နွားဝှေးထု)ဆိုတာလည်း 
ကိုယ့်ဝှေးစေ့ကိုယ် လက်ညိုး လက်မလေးနဲ့
ညှစ်တာ မျက်ရည်စိမ်းထွက်ရင် သူများဥ 
အကုန်ကြေအောင် ပေါင်တူနဲ့ ထုရိုက်ချေတာ 
မတွေးဝံ့စရာ အကုသိုလ်ပါ။

တောမီးတိုက်ကတော့ အသက်ပေါင်းများစွာ သေရတာမို့။ တောမီးတစ်ချက် မုဆိုးတစ်သက်လို့တောင် ဆိုကြပါတယ်။

မုဆိုးတံငါ ဆိုတာကတော့ သိတဲ့အတိုင်းပဲ 
အခွင့်သင့်တိုင်း သတ္တဝါတွေကို သတ်ပြီး 
ရောင်းချ စားသောက်နေကြတာဆိုတော့ 
သာမန်လူထက် အကုသိုလ်များပါတယ်။

ဒါတွေကြောင့် သေရင် သေချာပေါက်နီးပါး အပါယ်ရောက်ရနိုင်တယ်။ 

နောက်ဆုံးထွက်သက် အချိန်အဓိကပေါ့။
ကိုယ်ကတစ်သက်လုံး တံငါလုပ်နေပေမယ့် 
အချိန်တိုင်း အကုသိုလ်လုပ်နေတာမဟုတ်ဘူး
ကုသိုလ်လုပ်ချိန်လည်း ရှိတာပေါ့။ 

အသက်ထွက်တဲ့အချိန် ကုသိုလ်သတိရပြီးသေရင် လောလောဆယ်တော့ နတ်ပြည်ရောက်မယ်။ နောက်ဘဝတွေ နောက်ဘဝတွေမှာတော့ အကုသိုလ်အကျိုး မဖြစ်မနေခံစားရမှာပေါ့။

ပြင်ဆင်ရမှာက ပုထုဇဉ်လူသားတွေဟာ 
အကုသိုလ်နဲ့ မကင်းတော့ ကလေးနဲ့လူကြီး 
မီးခဲကိုင်သလိုပေါ့။ ကလေးက မီးပူမှန်းမသိတော့ ဆုပ်ကိုင်တယ်။ ပိုပူတာပေါ့။ လူကြီးက 
မီးပူမှန်းသိတော့ ဖွဖွလေးကိုင်လို့ အပူသက်သာတာပေါ့။ မပူအောင်လည်း ကိုင်နိုင်တာပေါ့။

ထို့အတူပဲ အကုသိုလ်မှန်းသိတဲ့သူဟာ စိတ်အား ထက်ထက် သန်သန်နဲ့ အကုသိုလ်ကို မလုပ်ဘူး။ မလုပ်တော့ အကုသိုလ်အကျိုးပေးကို ပြင်းပြင်းထန်ထန်ကြီး မခံရဘူးပေါ့။

စိတ်ထားတတ်ရင် အကုသိုလ်ကတောင် 
လွတ်အောင်လုပ်လို့ရတဲ့နည်းတွေလည်း 
ရှိပေတာကိုး။ တတ်နိုင်သမျှ အကုသိုလ်
အလုပ်တွေနဲ့ အသက် မွေးဝမ်းကျောင်း 
ပြုရခြင်းမှ လွတ်ကင်းအောင် ကြိုးစားကြပါ။

credit. 

Wednesday, May 3, 2023

မကောင်းသူကိုအနိုင်ယူနည်း

မကောင်းသူကို အနိုင်ယူနည်း...
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
“အသာဓု သာဓုနာ ဇိနေ”တဲ့။

လောက လူ တွေဟာ လူတိုင်း အကောင်း ချည့် လုပ်တာ မဟုတ်ဘူး။မ ကောင်းတာလည်း လုပ် ကြ တယ်။ 

ကိုယ့်အပေါ်  မကောင်းဘူး၊သူ့အပေါ် မကောင်း ဘူး၊ဒီလူ ကဖြင့် သူ့အမေ အပေါ် မကောင်းဘူး၊ အဖေ အပေါ် မကောင်းဘူး၊ညီအစ်ကို မောင်နှမ တွေ အပေါ်မှာ မကောင်းဘူး။

မိတ်ဆွေ သင်္ဂဟ တွေ အပေါ်မှာ မကောင်းဘူး။

အဲဒီ မကောင်းတဲ့ အမူအရာတွေနဲ့ဆက်ဆံတယ်။

မကောင်းတာတွေ လုပ်တဲ့ ပုဂ္ဂိုလ် တစ်ယောက်
ကို ကိုယ်က ကောင်းတာ လုပ်ပြီးတော့ နေရမယ်။

သူ မကောင်းတာ လုပ်တာမျိုးကို လိုက်ပြီး မတု ရ ဘူး။

မကောင်းတာကို မကောင်းတာနဲ့ မတုံ့ပြန်ရဘူး။

မကောင်းတာ ကို ကိုယ်ကကောင်းတာနဲ့ တုံ့ပြန် ရ တယ်။

အဲဒီတော့ မကောင်းတာ ကို ကိုယ် က မကောင်း တာနဲ့ တုံ့ပြန်မယ်ဆိုရင် ကိုယ်က အနိုင် မရ ဘူး။ ကိုယ် ပဲ ရှုံးတယ်။

အေး..မကောင်းတာကို ကောင်းတာနဲ့ တုံ့ ပြန်မယ် ဆိုရင် ကိုယ်က အနိုင်ရတယ်လို့ ပြောတာ။

မြတ်စွာဘုရားက “မကောင်းသူ ကို မိမိကိုယ်တိုင် က သူ့အပေါ်မှာ ကောင်းခြင်းဖြင့် ကိုယ်ကအနိုင် ယူပါ” တဲ့။ ။

အေး .. မကောင်းတဲ့ ပုဂ္ဂိုလ်ကို ကိုယ်က ကောင်း လိုက် သဖြင့် အနိုင်ယူတယ်ဆိုတာ....

ကြည့်။မြတ်စွာဘုရားရှင်ဟာ ဒေဝဒတ်နဲ့ ဆက်ဆံ တဲ့ အခါမှာ အမြဲကောင်းတယ်။ ဒေဝဒတ်ကသာ ဘုရား အပေါ် အမြဲတမ်း မကောင်းတာ။

သံသရာ က တည်း က မြတ်စွာဘုရား အပေါ် ကောင်း ခဲ့ တယ်လို့ မရှိဘူး။အမြဲတမ်း ဒုက္ခ ပေး နေ တာ။ 

ဘုရားဖြစ်တဲ့ ဘဝမှာလည်း ဘုရား အပေါ်ကောင်း တာ မရှိဘူး။ မကောင်းတာတွေချည့်ပဲလုပ်တယ်။ 

အဲဒီလို မြတ်စွာဘုရား အပေါ် အမြဲတမ်းမကောင်း ပေမယ့်လို့ ဘုရားက ဒေဝဒတ် အပေါ်မှာ အမြဲ တမ်း ကောင်းခဲ့တယ်မကောင်းတာ ဘယ်တော့မှ မလုပ်ဘူး။ ။

ကြည့်လေ။ဒေဝဒတ် သာသနာ့ ဘောင် ဝင် တယ်
ဆိုရင် သင်္ကန်း ဝတ်ပေးတယ်။

တရားဓမ္မတွေ ဟောပေးတယ်။ သမထ ကျင့်စဉ် တွေ ဟောပေးတယ်။

မြတ်စွာဘုရား ထံမှ သင်ကြားပြီးတော့ ဒေဝဒတ် ဟာ ဈာန် အဘိညာဉ်တွေ ရသည်အထိအောင်မြင် သွားတယ်။

ဘုရားက ဒေဝဒတ်အပေါ် ကောင်းတယ်။ ဆုံးမ စရာ ရှိရင် ဆုံးမတယ်။

ဒေဝဒတ် မကောင်းတာကို မြတ်စွာဘုရား က ကောင်း တဲ့ နည်းနဲ့ ပဲ ဆက်ဆံတယ်။

အဲဒီတော့ ကြည့်လိုက်မယ် ဆိုရင် ဒေဝဒတ် သာသနာ့ ဘောင်ဝင်လာတဲ့ အချိန်ကစပြီးတဖြည်း ဖြည်း နဲ့ မြတ်စွာဘုရားကို ဒုက္ခပေး လာ လိုက် တာ။

ဘုရား က သက်တော် ၇၂နှစ် အရွယ် အကြီး အကျယ် ဒုက္ခပေးတာ။

ဘယ်လောက် ထိအောင် ဒုက္ခပေးသလဲဆိုရင်
အဇာတသတ် နဲ့ ပေါင်းပြီး လက်ဖြောင့်လေးသည် တော် လူသတ်သမား တွေ စေလွှတ်တယ်။

ဘုရားကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားတယ်။ မ အောင်မြင်ခဲ့ဘူး။

နောက်တစ်ခါ နာဠာဂီရိ ဆင်ကြီး ကို အရက်တွေ မူးနေအောင် တိုက်ပြီး ဘုရားကြွလာတဲ့လမ်းမှာ လွှတ်တယ်။

ဆင်ထိုး သတ်ခံ ရ အောင် လုပ်တယ်။
ဒါလဲ မအောင်မြင်ခဲ့ဘူး။

နောက်ဆုံး ဒီလို လုပ်ရပ်တွေ မအောင်တဲ့ အခါ သူ ကိုယ်တိုင် ဂိဇ္ဈကုဋ် တောင်စောင်းကနေ ကျောက် မောင်း ဆင်ပြီး မြတ်စွာဘုရား စင်္ကြန် လျှောက်နေ တဲ့ အချိန် ကျောက်တုံး လှိမ့်ချတာ။

တစ်ခါတည်း လက်စသတ် သေအောင် ကြံတယ်။ 

အဲဒီ အချိန်မှာ အပေါ်က လိမ့်ဆင်းလာတဲ့ အင် မ တန် ကြီးမားတဲ့ ကျောက်တုံးက အလွန် ကြီး မား တဲ့ ကျောက်တုံးတစ်တုံးကို ဝင်တိုက်ပြီးကျောက် ဖတ် ကလေး တစ်ခုဟာ မြတ်စွာဘုရားရဲ့ခြေမကို သွားမှန်တာပေါ့။

အဲဒီအချိန်မှာ မြတ်စွာဘုရားဟာ ကာယိကဒုက္ခ နာကျင်တဲ့ ဆင်းရဲဒုက္ခကို ခံစားရတယ်။

လမ်းမလျှောက်နိုင်ဘူး။ သံဃာတော် အရှင်မြတ် တွေက ရောက်လာကြတယ်။

ထမ်းစင်နဲ့ထမ်းပြီး ဇီဝကရဲ့ သရက်ဥယျာဉ် ကျောင်း ကို ပင့်ခေါ်သွားရတယ်။

အဲဒီ အခြေအနေ မျိုး ရောက်အောင် ဒေဝဒတ်ဟာ မြတ်စွာဘုရား အပေါ်ိုးခဲ့တယ်။

သို့သော် မြတ်စွာဘုရားက ဒေဝဒတ်အပေါ်
အမြဲတမ်းကောင်းခဲ့တယ်။

ဆုံးမစရာရှိရင် ဆုံးမတယ်။သတိပေးစရာရှိရင် သတိပေးတယ်။

နောက်ဆုံး ကျတော့ ဒေဝဒတ်ဟာ သူ့ရဲ့ မှားတာ တွေ ကို သိလာတယ်။

မြတ်စွာဘုရား ရဲ့ ကောင်းတာတွေကို အာရုံပြုပြီး “ငါကသာ ဆိုးတာ။ဘုရားက ငါ့အပေါ် အင်မတန် ကောင်းတယ်။”

နောက်ဆုံး ဒေဝဒတ်ကြီးဟာ မကျန်းမမာ ဖြစ်လာ တယ်။

ဘယ်အခါမှာ မကျန်းမမာဖြစ်လာသလဲ ဆိုတော့ သံဃာ သင်းခွဲပြီး ရဟန်း ၅ဝဝ ခေါ်သွားတယ်။

ခေါ်သွားတဲ့ အခါ မြတ်စွာဘုရားက “ဒီလို ဓမ္မနဲ့မ ကျွမ်းကျင်တဲ့ ကိုယ်တော်လေးတွေ ဒုက္ခ ရောက် လိမ့်မယ်။

ရှင်သာရိပုတ္တရာနဲ့ရှင်မာဂ္ဂလာန်တို့ လိုက်သွားပြီး ဒီ ကိုယ်တော်လေးတွေ ပြောင်းနားချပြီး ပြန်ခေါ် လာ ကြ”လို့ လွှတ်လိုက်တယ်။

ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလာန်တို့ကြွလာ တဲ့ အခါ မှာ ဒေဝဒတ်က ဝမ်းသာတယ်။

“ကြည့်ငါ့လမ်းစဉ်မှန်လို့ ဂေါတမဘုရားရဲ့ တပည့် ကြီး နှစ်ပါးတောင် ငါ့နောက်လိုက်လာပြီ”လို့။

အဲလို ထင်ပြီး ရှင်သာရိပုတ္တရာကို လက်ယာရံက ထား တယ်။

ရှင် မောဂ္ဂလာန်ကို လက်ဝဲဘက် က ထားပြီးတော့ သံဃာ တွေ ကို တရား ဟော တယ်။

ဒေဝဒတ် အနားယူ အိပ်စက်နေတဲ့အချိန် ရှင် သာရိပုတ္တရာ နဲ့ ရှင်မောဂ္ဂလာန်တို့က တရား ဟော ကြ တယ်။

ဟိုကိုယ်တော်လေးတွေ အမှန်တရား သိပြီးနောက် ဆုံးမှာ တရားထူး တရားမြတ် ရကြတယ်။ 

အဲဒီပုဂ္ဂိုလ်တွေကို အကုန်လုံး ပြန်ခေါ် လာခဲ့ ကြ တယ်။

ဒေဝဒတ် တစ်ဦးထဲ ကျန်ရစ်တယ်။

အဲဒီ အချိန် ကျ မှ သူဟာ စိတ်နှလုံး ပူလောင်သွား တယ် သူ့မှာ နောက်လိုက် နောက်ပါ မရှိတော့ဘူး။

စိတ်နှလုံး ပူလောင်သည့်အတွက် နှလုံးထဲက သွေး တွေ ဟာ လျှံပြီး သွေးအန်တဲ့အနေအထား ရောက် သွား တယ်။

အဲဒီလို သွေးအံပြီး မမာမကျန်းဖြစ်တဲ့အခါ သူ စဉ်းစား တယ်။

“အော် မြတ်စွာဘုရားက ငါ့အပေါ် သိပ် ကောင်း တယ်။ လုပ်ခဲ့သမျှ ငါက အဆိုးတွေ ချည့် လုပ်ခဲ့ တာ” လို့ နောင်တ ရလာတယ်။

မြတ်စွာဘုရား ကို ဝန်ချ ချင်တယ်။ နောက်ဆုံး တွေ့ ချင် ပါတယ် ဆိုပြီးတော့ အတင်းအကြပ်ပို့ ခိုင်း လို့ မြတ်စွာဘုရား သီတင်းသုံးတဲ့ ဇေတဝန် ကျောင်းကို ထမ်းစင်ကြီး နဲ့ထမ်းပြီး သူ့ကို ခေါ်
လာခဲ့ ရ တယ်။

နောက်ဆုံး ဇေတဝန် ကျောင်း နား က ဇေတဝန် ရေကန် ကြီး ကို အနီးအနားမှာ ထမ်းစင်ချပြီး
ခဏ အပန်းဖြေဖို့ ခြေထောက်ချ မြေကြီးပေါ် နင်း လိုက်တဲ့ အချိန်မှာ မြေကြီး ကွေ့ပြီးတော့ ဒေဝဒတ် ဟာ မြေမြိုသွားတာ။

ဘာဖြစ်လို့လဲ ဆိုရင် သူလုပ်ထားတဲ့ လုပ်ရပ်တွေ နဲ့ မြတ်စွာဘုရား ကို ပြန်တွေ့ ဖို့ ဆိုတာ မဖြစ် နိုင် တော့ ဘူး။

သို့သော် သူဟာ အဲဒီအချိန်မှာ မိုက်မှားတဲ့နောင်တ ကိုတော့ သူ ရ ထားပြီ။

သူ ဆိုးပေမယ့် ဘုရား က မဆိုးဘူး ဆိုတာ သိ တယ်။

ကဲ ဒီအဖြစ်အပျက် ကြည့် ပထမပိုင်းမှာ ဒေဝဒတ် က အနိုင်ရ နေ သလို ရှိတယ်။

ဘုရားကို ဒုက္ခ အမျိုးမျိုး ပေးနေတယ်။

မြတ်စွာဘုရားက ဒေဝဒတ် ကိုအကောင်း နဲ့ သာ တုံ့ပြန်တယ်။အဆိုးနဲ့ မတုံ့ပြန်ဘူး။

ဒါကြောင့်မို့ လောကအမြင်နဲ့ ကြည့်မယ်ဆိုရင်
မြတ်စွာဘုရား က ရှုံးနေသလိုရှိတယ်။

သို့သော် နောက်ဆုံး မှာ အနိုင် ရလိုက်တာ က မြတ်စွာဘုရား ရှုံးသွားတာ က ဒေဝဒတ်။

နောက်ဆုံးမှာ ဒေဝဒတ် ဟာ သံသရာ မှာ ဘယ် လောက် ထိအောင် ရှုံးသွားသလဲ ဆိုရင် လက်ရှိ ဘဝမှာ မြေမျိုခြင်းဖြင့် အဆုံးသတ်ရတယ်။

အဝီစိငရဲ မှာ မြတ်စွာဘုရားကို စော်ကားခဲ့တဲ့
အပြစ်ဒဏ် တွေကို ခံနေရတာ။

တစ်ကမ္ဘာပတ်လုံး။ဘဒ္ဒကမ္ဘာကုန်ဆုံးသည် အထိ အောင် ငရဲမှာ ခံရမှာ ဖြစ်တယ်။

အဲဒါကြောင့်မို့ ဒေဝဒတ်ဟာ တကယ်ရှုံးသွား တဲ့ ပုဂ္ဂိုလ် တစ်ယောက်ဖြစ်တယ်။

ဒါကြောင့်မို့ မြတ်စွာဘုရား က မကောင်းတဲ့ ပုဂ္ဂိုလ် ကို မကောင်းတာ နဲ့ မတုံ့ပြန်နဲ့ ကောင်းတာ နဲ့ပဲ တုံ့ပြန်ပြီး အနိုင်ယူပါလို့ဒီလိုဟောတာ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ

Tuesday, May 2, 2023

အညတရဘိက္ခုဝတ္ထု

တောမီးသည် 
သစ်ပင်ကြီး ငယ် မရွေး
လောင်စာမှန်သမျှကို
လောင်ကျွမ်းစေသကဲ့သို့
မ.မေ့လျော့မှု၌ ပျော်မွေ့၍
မေ့လျော့နေမှုကို ဘေးဟု
ရှုလေ့ရှိသော ရဟန်းသည်
ကြီးသော သံယောဇဉ်
ငယ်သော သံယောဇဉ်
သံယောဇဉ်အားလုံးကို
တောမီးကဲ့သို့ လောင်ကျွမ်းစေလျက်
ဆင်းရဲအားလုံးကင်းရာနိဗ္ဗာန်သို့ သွား၏။

အပ္ပမာဒရတော ဘိက္ခု
ပမာဒေ ဘယဒဿိဝါ
သံယောဇနံ အဏုံ ထူလံ
ဍဟံ အဂ်ဂီဝ ဂစ်ဆတိ။

              ဓမ္မပဒ
    အညတရဘိက်ခုဝတ္ထု
          အပ်ပမာဒဝဂ်
         3-5-23..