စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, May 3, 2017

အလှူမှာ စားတတ်ပါစေ

အလှူမှာ စားတတ်ပါစေ
💥💥💥💥💥💥💥💥💥

   ဒီနေ့အလှူသည် နိဗ္ဗာန်လှူတဲ့အလှူ၊ ဆွမ်းကွမ်းကို အလှူပေးတယ်ဆိုတော့ အင်း.. အလှူပေးပုဂ္ဂိုလ်ကလည်း ဓမ္မမိတ်ဆွေတွေ ဖြစ်နေတာကြောင့် သတိပေးချင်တာက အလှူရှင်တွေ ကျွေးကြ၊ မွေးကြတဲ့အခါ ကျလို့ရှိရင်ဖြင့် ဘာမှမပြောပဲနဲ့ လောဘ၊ ဒေါသ၊ မောဟ နဲ့ ဟိုဟင်းကောင်းတယ်၊ ဒီဟင်းကောင်းတယ် အစရှိသည်နဲ့ ပြောပြီး မစားပဲနဲ့..
အင်း ဒီဆွမ်း ဒကာ ဆွမ်းအမတွေ အားလုံး ကျန်းမာပါစေ၊ ချမ်းသာပါစေလို့ မေတ္တာနဲ့ စားရင် ကြွေးမတင်ဘူးတဲ့..။

   ဒီအတိုင်း စားပြီး သွားကြမယ်ဆိုရင်ဖြင့် အလှူရှင်ရဲ့ ကြွေး သွားတင်တယ်၊ ကြွေးသွားတင်တော့ ကိုယ်စားတဲ့ ပုဂ္ဂိုလ်တွေက ခန္ဓာနဲ့ နောက်ဆပ်ရတတ်တယ်၊ ခန္ဓာနဲ့ နောက်ဆပ်ရတယ်ဆိုတော့ နာပါတယ်နော်..။

ဒါကြောင့် အလှူမှာ စားတတ်ဖို့ သိပ်အရေးကြီးပါတယ်..။

        🌟🌟အရှင်သြဘာသ ( ရွှေဘို)
ရေးသားပြုစုသော #သစ္စာသိ၍လှူဒါန်းပါ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။

🔱 မြတ်ပါရမီ
ဓမ္မစာပေများ ရေးသားကုသိုလ်ပြုသူများ အဖွဲ့မှ ဓမ္မဒါနကုသိုလ်ပြုပါသည်။
မြတ်ဗုဒ္ဓ၏ သာသနာ page.

No comments:

Post a Comment