မင်္ဂလာနေ့သစ်လေးပါ သူတော်ကောင်းတို့..
ဘေးအပေါင်းကင်း၍ ချမ်းသာသုခများနှင့် ပြည့်စုံနိုင်ကြပါစေ။
🚩 စီးပွားရှာရင်း၊ သိဥာဏ်သွင်း၊ ကိုယ်တွင်း ” သာသနာ ” ပြုရသည်။ ᠌᠌᠌
🚩 တံမြက်လှည်းရင်း၊ သိဥာဏ်သွင်း၊ ကိုယ်တွင်း ”သာသနာ ” ပြုရသည်။ ᠌᠌᠌
🚩 ဝေယျာဝစ္စပြုရင်း၊ သိဥာဏ်သွင်း၊ ကိုယ်တွင်း ”သာသနာ ” ပြုရသည်။ ᠌᠌᠌
🚩 အိမ်ထောင်ထိန်းရင်း၊ သိဥာဏ်သွင်း၊ ကိုယ်တွင်း ”သာသနာ ” ပြုရသည်။ ᠌᠌᠌
🚩 သားသမီးထိန်းရင်း၊ သိဥာဏ်သွင်း၊ ကိုယ်တွင်း ”သာသနာ ” ပြုရသည်။ ᠌᠌᠌
🚩 ထမင်းချက်ရင်း ၊သိဥာဏ်သွင်း၊ ကိုယ်တွင်း ”သာသနာ ” ပြုရသည်။ ᠌᠌᠌
🚩 ထမင်းကျွေးရင်း၊ စားနေရင်းနှင့်၊ လှုပ်ခြင်းမှန်လျင်း၊ သိဥာဏ်သွင်း၊ ကိုယ်တွင်း ”သာသနာ ” ပြုရသည်။ ᠌᠌᠌
မှီရာကုသိုလ်ကို မိရာနှင့်ဖမ်းယူကြပါဟူ၍ တိုက်တွန်းရင်းဖြင့်.....
ကုသိုလ်ကြောင့်သာ၊ လူဖြစ်လာ ၊ မှီရာကုသိုလ် ဖမ်းယူနေ၊
ကုသိုလ်ဖြင့်သာ ၊ သက်ရှင်ပါ၊ အရိယာဖြစ်နိုင်ကြပါစေ။ ᠌᠌᠌
🔱🔱အရှင်ဥတ္တမသာရ (ပဲခူး သာစည်)
အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း ( စာ ၄၄ - ၄၅)
မှ ကောက်နှုတ်ရေးသား ဓမ္မဒါနပြုပါ၏။
💢မြတ်ပါရမီ
ဓမ္မစာပေများ ရေးသားကုသိုလ်ပြုသူများ အဖွဲ့၊
မြတ်ဗုဒ္ဓ၏ သာသနာ page
No comments:
Post a Comment