အားသွားလို့လား သူငယ်ချင်း။
●●●●●●●●●●●●●●●●●
■■မင်းငါ ဆုံခိုက် ၊ ဘုရားလိုက်ဖို့
ငါတိုက်တွန်းငြား ၊ မင်းပြောကြားခဲ့
မအားသေးဘူး ၊ နောက်မှကွယ်။
■■ဥပုသ်နေ့၌ ၊ ကျောင်းကိုလိုက်ဖို့
ငါတိုက်တွန်းငြား ၊ မင်းပြောကြားခဲ့
မအားသေးဘူး ၊ နောက်မှကွယ်။
■■စိတ်ငြိမ်နေရာ ၊ အေးရိပ်သာဝယ်
သွင်းပါရှူရှိုက် ၊ အတူလိုက်ဖို့
ငါတိုက်တွန်းငြား ၊ မင်းပြောကြားခဲ့
မအားသေးဘူး ၊ နောက်မှကွယ်။
■■ဟိုတစ်နေ့က...
မအားနေရင်း ၊ သူငယ်ချင်းဟာ
သေမင်းခေါ်ရာ ၊ မငြင်းသာဘဲ
လိုက်ပါ သွားရ ရှာလေပြီ ။
■■ကိုယ်ခေါ်စဉ်က ၊ ငြင်းလို့ရလည်း
ခုမှ မငြင်း ၊ လိုက်သွားခြင်းကြောင့်
ရင်တွင်းစကား ၊ ဆိုမိငြားသည်
အားသွားလို့လား သူငယ်ချင်း။
ဦးမြင့်ဆွေ (ပေါင်းတည်)
Credit ====>><>>> ဓမ္မရေချမ်းစင်
ပြန်လည်တင်ပြပါရစေခင်ဗျား
ReplyDelete