စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, September 12, 2018

ဘဝမှာနေတတ်ဖို့

" ဘဝမှာ​​နေတတ်​ဖို့ "
~~~~•••••••~~~~
တစ်​ခါတစ်​​လေ
ဘဝကပြည့်စုံခြင်း​တွေနဲ့
စိတ်​ချမ်းချမ်းသာသာ
လျှောက်​လှမ်းရတဲ့အခါမျိုး​တွေရှိတယ်​ ၊

တစ်​ခါတစ်​​လေကျပြန်​​တော့
မပြည့်​မစုံနဲ့စိတ်​အလိုမကျပဲ
လျှောက်​လှမ်းရတဲ့အခါမျိုး​တွေလည်းရှိတယ်​ ၊

ဒီလိုဖြစ်​စဉ်​​တွေဟာ
တကယ်​တန်း​တော့ထူးဆန်းတဲ့အရာမျိုး​တွေ​တော့
မဟုတ်​ပါဘူး ၊

ပြည့်​စုံခြင်းနဲ့မပြည့်​စုံခြင်း
စိတ်​ချမ်းသာခြင်းနဲ့စိတ်​အလိုမကျခြင်း
ဒါ​တွေဟာ
လောကဓံတရား​တွေရဲ့
ပုံမှန်​လှည့်​ကွက်​ ပြကွက်​​တွေပါပဲ ၊

အဓိကအ​နေနဲ့က​တော့
ပြည့်စုံခြင်း​တွေအပေါ်မှာ
အရမ်းကြီးမသာယာမိဖို့နဲ့
မပြည့်စုံခြင်း​တွေအပေါ်မှာ
အရမ်းကြီးစိတ်မညစ်မိဖို့ပါပဲ ၊

ဘဝနဲ့ဆန္ဒ​တွေ
စည်းချက်​မတူညီ​သေးတဲ့
လောကဓံတရား​တွေအ​ပေါ်မှာ
ခံနိုင်​ရည်​ရှိရှိနဲ့
နေသားကျအောင်နေတတ်သွားတဲ့အခါ
ဘဝဟာပျော်ရွှင်​စရာ
ကျေနပ်​စရာကြီးပါပဲ ။

မျိုးဆက်​သစ်​အရှင်​(ဖို​လေးလုံး)

No comments:

Post a Comment