" သို့သော်၏အခြားတစ်ဖက် "
~~~~~~~~~~~~~~
၁။ ခင်တွယ်တတ်တာကောင်းပါတယ်
သို့သော်
တစ်နေ့နေ့မှာအကုန်ခွဲခွာထားခဲ့ရမယ်ဆိုတာမမေ့ပါနဲ့ ။
၂။ စတတ် နောက်တတ်တာကောင်းပါတယ်
သို့သော်
သူတစ်ပါးရဲ့ဘဝပျက်အောင်အထိမစပါနဲ့မနောက်ပါနဲ့ ။
၃။ စိတ်ချမ်းသာတတ်တာကောင်းပါတယ်
သို့သော်
သူတစ်ပါးဘဝကိုနင်းချေးပြီးမှရတဲ့စိတ်ချမ်းသာမှု
မဖြစ်စေနဲ့ ။
၎။ ပြည့်စုံကြွယ်ဝချမ်းသာတာကောင်းပါတယ်
သို့သော်
ကိုယ်ကျင့်တရားတော့မဆင်းရဲစေနဲ့ ။
၅။ ပညာတတ်တာကောင်းပါတယ်
သို့သော်
ူ သူတစ်ပါးကိုနှိမ့်ချမဆက်ဆံပါနဲ့ ။
၆။ ရုပ်ရည်လှပတာကောင်းပါတယ်
သို့သော်
အတွင်းစိတ်ရုပ်မဆိုးစေနဲ့ ။
၇။ နာမည်ကြီးတာကောင်းပါတယ်
သို့သော်
ရိုးသားမှုကိုတန်ဖိုးထားပါ ။
၈။ အမြင့်ရောက်နေတာကောင်းပါတယ်
သို့သော်
အောက်ချေမလွတ်ပါစေနဲ့ ။
(ဘဝမမေ့ပါနဲ့)
၉။ သူတစ်ပါးရဲ့အပြစ်တွေထောက်ပြတတ်တာ
ကောင်းပါတယ်
သို့သော်
ကိုယ့်အပြစ်တွေကိုထောက်ပြတဲ့အခါမှာလည်း
လက်ခံပါ ။
၁၀။ အောင်မြင်နေတာကောင်းပါတယ်
သို့သော်
ကျရှုံးတဲ့ဒဏ်ကိုလည်းလက်ခံတတ်ပါစေ ။
၁၁။ ချီးမွမ်းခံရတာကောင်းပါတယ်
သို့သော့်
ကဲ့ရဲ့ခံရတဲ့အခါ ခံနိုင်ရည်စွမ်းကိုလည်း
ကြိုမွေးထားပါ ။
၁၂။ဘဝမြင့်တာကောင်းပါတယ်
သို့သော်
ဘဝင်မမြင့်ပါနဲ့ ။
၁၃။ အချစ်ခံရတာကောင်းပါတယ်
သို့သော်
နားလည်မှုတွေရှိပါစေ ။
၁၄။ ပျော်ပါးတတ်တာကောင်းပါတယ်
သို့သော်
ကိုယ့်ဘဝပျက်လောက်အောင်အထိ
မပျော်ပါးလိုက်ပါနဲ့ ။
၁၅။ မိဘနှစ်ပါးပြည့်စုံစွာနဲ့နေရတာကောင်းပါတယ်
သို့သော်
မိဘကျေးဇူးဆပ်ရမှာကိုမမေ့ပါနဲ့ ။
၁၆။ လိုချင်တွေရထားတာကောင်းပါတယ်
သို့သော်
မလိုချင်တာတွေရလာတဲ့အခါစိတ်မပျက်ပါနဲ့ ။
၁၇။အကောင်းတွေနဲ့ကြုံနေရတာကောင်းပါတယ်
သို့သော်
အဆိုးတွေဝင်လာတဲ့အခါဘယ်လိုနေမလဲဆိုတာ
ကြိုတွေးထားပါ။
မျိုးဆက်သစ်အရှင်(ဖိုလေးလုံး)
No comments:
Post a Comment