#ဥတ္တရသုတ်မှကောက်နှုတ်ချက်
~~~~~~~~~~~~~~~~~~~~~~
ကုသိုလ်တရားတို့၏အစကား အဘယ်နည်း။?
ကောင်းစွာစင်ကြယ်သောသီလနှင့်
ဖြောင့်မှန်သောအယူပင်တည်း။ !
အကြင်အခါ သင့်အား သီလသည်လည်း
စင်ကြယ်ပေလိမ့်မည်။
အယူသည်လည်း ဖြောင့်မတ်ပေလိမ့်မည်။
ထိုအခါသင်သည် သီလကိုမှီ၍ သီလ၌တည်၍
သတိပဋ္ဌာန်လေးပါးတို့ကိုပွားများလေလော့။ !!
အဘယ်လေးပါးတို့နည်း။?
ဤဿသနာ၌ သင်သည်..... (၁)ပြင်းစွာအားထုတ်သော
လုံ့လရှိသည်ဖြစ်၍ ဆင်ခြင်ညဏ်
'သမ္မဇဉ်'ရှိသည်ဖြစ်၍ 'သတိ'အောက်မေ့မှု ရှိသည်ဖြစ်၍
လောက၌ 'အဘိဇ္ဇာ' 'ဒေါမနဿ'
လိုချင်တပ်မက်ခြင်း, နှလုံးမသာမယာဖြစ်ခြင်းကို
ပယ်ဖျောက်လျက် ရုပ်အပေါင်း၌
ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍
နေ၏။
(၂)ပြင်းစွာအားထုတ်သော
လုံ့လရှိသည်ဖြစ်၍ ဆင်ခြင်ညဏ်
'သမ္မဇဉ်'ရှိသည်ဖြစ်၍ 'သတိ'အောက်မေ့မှု ရှိသည်ဖြစ်၍
လောက၌ 'အဘိဇ္ဇာ' 'ဒေါမနဿ'
လိုချင်တပ်မက်ခြင်း, နှလုံးမသာမယာဖြစ်ခြင်းကို
ပယ်ဖျောက်လျက် ဝေဒနာတို့၌
ဝေဒနာတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍
နေ၏။
(၃)ပြင်းစွာအားထုတ်သော
လုံ့လရှိသည်ဖြစ်၍ ဆင်ခြင်ညဏ်
'သမ္မဇဉ်'ရှိသည်ဖြစ်၍ 'သတိ'အောက်မေ့မှု ရှိသည်ဖြစ်၍
လောက၌ 'အဘိဇ္ဇာ' 'ဒေါမနဿ'
လိုချင်တပ်မက်ခြင်း, နှလုံးမသာမယာဖြစ်ခြင်းကို
ပယ်ဖျောက်လျက် စိတ်၌
စိတ်တို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍
နေ၏။
(၄)ပြင်းစွာအားထုတ်သော
လုံ့လရှိသည်ဖြစ်၍ ဆင်ခြင်ညဏ်
'သမ္မဇဉ်'ရှိသည်ဖြစ်၍ 'သတိ'အောက်မေ့မှု ရှိသည်ဖြစ်၍
လောက၌ 'အဘိဇ္ဇာ' 'ဒေါမနဿ'
လိုချင်တပ်မက်ခြင်း, နှလုံးမသာမယာဖြစ်ခြင်းကို
ပယ်ဖျောက်လျက် သဘောတရားတို့၌
သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍
နေ၏။
အကြင်အခါသင်သည်
သီလကိုမှီ၍ သီလ၌တည်၍
ဤသတိပဋ္ဌာန်လေးပါးတို့ကို
ဤသို့ပွားများနိုင်လိမ့်မည်။ !
ထိုအခါ သေမင်းနိုင်ငံဟူသော
သံသရာ၏ တဖက်ကမ်း(နိဗ္ဗာန်)သို့
ရောက်နိုင်လတ္တံဟု မိန့်တော်မူ၏။
~~~~~~~~~~~~~~~~~~~~~~
pinn pinn
No comments:
Post a Comment