စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Thursday, December 13, 2018
ရှာမှီးခြင်း ၂မျိုး
*ရှာမှီးခြင်းနှစ်မျိုး*(တရား)
********************
  ရဟန်းတို့ ……ရှာမှီးခြင်းတို့ သည် အရိယာ
သူတော်မြတ်၏ ရှာမှီးခြင်းလည်ကောင်း၊
အရိယာမဟုတ်သော ပုထုဇဉ်တို့ ၏ ရှာမှီးခြင်း
လည်းကောင်း ဤနှစ်ပါးတို့ တည်း။
*ပုထုဇဉ်တို့ ၏ရှာမှီးခြင်း*
*******************
   ရဟန်းတို့ ……အရိယာမဟုတ်သော ပုထုဇဉ်
တို့ ၏ ရှာမှီးခြင်းသည် အဘယ်နည်း။
သည် မိမိသည် ပဋိသ န္ဓေယူမှု 'ဇာတိ 'သ ဘော
ရှိသည် ဖြစ်လျက် ပဋိသ န္ဓေယူမှု ဇာတိ
သ ဘောရှိသည်ကိုသာလျှင် ရှာမှီး၏။
မိမိသည် အိုခြင်း 'ဇရာ 'သ ဘောရှိသည် ဖြစ်လျက် အိုခြင်းဇရာ သ ဘောရှိသည် ကို
သာလျှင် ရှာမှီး၏။
မိမိသည် နာခြင်း 'ဗျာဓိ 'သ ဘောရှိသည် ဖြစ်
လျက် နာခြင်း ဗျာဓိ သ ဘောရှိသည်ကိုသာ
လျှင် ရှာမှီး၏။
မိမိသည် သေခြင်း 'မရဏ 'သ ဘောရှိသည်
ဖြစ်လျက် သေခြင်း မရဏ သ ဘောရှိသည်
ကိုသာလျှင် ရှာမှီး၏။
မိမိသည် စိုးရိမ်ခြင်း 'သောက ' သ ဘောရှိ
သည် ဖြစ်လျက် စိုးရိမ်ခြင်း သောက သ ဘော
ရှိသည်ကိုသာလျှင် ရှာမှီး၏။
မိမိသည် ညစ်ညူးကြောင်း 'သံကိလေသ '
သ ဘော ရှိသည် ဖြစ်လျက် ညစ်ညူးကြောင်း
သံကိလေသ သ ဘောရှိသည်ကိုသာလျှင်
ရှာမှီး၏။
ဤသို့ ရှာမှီးခြင်းသည် အရိယာမဟုတ်သော
'ပုထုဇဉ် 'တို့ ၏ ရှာမှီးခြင်းသာဖြစ်၏။
*အရိယာတို့ ၏ရှာမှီးခြင်း*
********************
   ရဟန်းတို့ ……အရိယာတို့ ၏ ရှာမှီးခြင်း
သည် အဘယ်နည်း။
သူသည် မိမိ သည်ပဋိသ န္ဓေ ဖြစ်ပေါ်မှု ဇာတိ
သ ဘော ရှိသည်ဖြစ်လျက် ပဋိသ န္ဓေဖြစ်ပေါ်
မှု ဇာတိ သ ဘော၌ အပြစ်ကို သိ၍ ဖြစ်ပေါ်မှု
ဇာတိ သ ဘော မရှိသော အတုမရှိ မြတ်သော
ယောဂ၏ ကုန် ရာ နိဗ္ဗာန်ကို ရှာမှီး၏။
မိမိသည် အိုခြင်း သ ဘော ရှိသည်ဖြစ်လျက်
အိုခြင်း ဇရာ သ ဘော၌ အပြစ်ကို သိ၍ မအိုရာ
ဖြစ်သော အတုမရှိမြတ်သော ယောဂ၏ ကုန်
ရာ နိဗ္ဗာန်ကို ရှာမှီး၏။
မိမိသည် နာခြင်း ဗျာဓိသ ဘောရှိသည်ဖြစ်လျက်
နာခြင်း ဗျာဓိ သ ဘော၌အပြစ်ကိုသိ၍ နာ့ခြင်း
သ ဘော မရှိသော အတုမရှိသော မြတ်သော
ယောဂ၏ ကုန် ရာ နိဗ္ဗာန်ကို ရှာမှီး၏။
မိမိသည် သေခြင်း မရဏ သ ဘော ရှိသည်
ဖြစ်လျက် သေခြင်း မရဏ သ ဘော၌ မပြစ်ကို
သိ၍ သေခြင်း သ ဘော မရှိသော အတုမရှိ
မြတ်သော ယောဂ၏ ကုန် ရာ နိဗ္ဗာန်ကို ရှာမှီး၏။
မိမိသည် စိုးရိမ်ခြင်း သောက သ ဘော ရှိသည်
ဖြစ်လျက် စိုးရိမ်ခြင်း သောက သ ဘောတရား
၌ အပြစ်ကို သိ၍ စိုးရိမ်ခြင်း သ ဘော မရှိသော
အတုမရှိမြတ်သော ယောဂ၏ ကုန် ရာ နိဗ္ဗာန်
ကို ရှာမှီး၏။
မိမိသည် ညစ်ညူးခြင်း သံကိလေသ
သ ဘော ရှိသည်ဖြစ်လျက် ညစ်ညူးခြင်း
သံကိလေသ သ ဘော၌ အပြစ်ကိုသိ၍
ညစ်ညူးခြင်း သ ဘော မရှိသော အတုမရှိ
မြတ်သော ယောဂ၏ ကုန် ရာ နိဗ္ဗာန်ကို
ရှာမှီး၏။
ဤသို့ ရှာမှီးခြင်းသည် အရိယာပုဂ္ဂိုလ်တို့ ၏
ရှာမှီးခြင်းဖြစ်၏။
မှတ်ချက်။ ။မဇ္ဈိမနိကာယ သုတ္တန္တပိဋက
မူလပဏ္ဏာသပါဠိ ၃-သြပမ္မဝဂ်-၆-ပါသရာသိ
သုတ်တော်မှထုတ်နုတ်ပူဇော်မျှဝေအပ်ပါသည်။
ဓမ္မမိတ်ဆွေများအားလုံး ပုထုဇဉ်အနွယ်မှ
အရိယာအနွယ်သို့ တက်လှမ်းနိုင်ကြပါစေ
ဆန္ဒပြုလျက်-ဓမ္မမိတ်ဆွေများအားလုံး
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာနိုင်
ကြပါစေ။
No comments:
Post a Comment