စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Thursday, January 3, 2019
နှစ်ဦးဓမ္မသဘင်မှ သီတဂူဆရာတော် ၏ တရားတော်အကျဉ်းချုပ်
တရားနာသူ ၂ သိန်း ၆ သောင်းကျော်ဖြင့်👈😱
📢 ဖူးမြင်ရသူ ဖူး၍ မဝနိုင်အောင်ပင်🙏
နှစ်ဦးဓမ္မသဘင် အောင်ပွဲည💐
တရားတော် အကျဉ်းချုပ်🙏
သီတဂူဆရာတော်ဘုရားကြီး ဟောကြားတော်မူ
မြတ်စွာဘုရားရှင်မှ ဂေါသိန္ဃ ဥယျာဉ်ကြီးအတွင်း
သီတင်းသုံးနေထိုင်ကြကုန်သောရဟန္တာအရှင်မြတ်ကြီး
သုံးပါးတို့အား မေးခွန်း(5)မျိုးတို့ဖြင့်မေးမြန်းခြင်း
(1) အရှင်မြတ်တို့ ညီညီညွတ်ညွတ် နေထိုင်ကြရဲ့လား
(2) ဝမ်းမြောက်ဝမ်းသာ နေထိုင်ကြရဲ့လား
(3) ငြင်းခုံခြင်းမရှိ ရွှင်ရွှင်ပြုံးပြုံး နေထိုင်ကြရဲ့လား
(4) ရောရောနှောနှော နေထိုင်ကြရဲ့လား
     (နို့နဲ့ရေရောသလို) (ဆီနဲ့ရေရောသလိုမဟုတ်)
(5)ချစ်ခင်သောမျက်လုံးအစုံတို့ဖြင့် ကြည့်နိုင်ကြရဲ့လား
    (အမေကတစ်ဦးတည်းသောသားအားကြည့်သလို)
ရဟန္တာအရှင်မြတ်တို့ရဲ့အဖြေ
(1) မှန်လှပါ ဒီအရှင်မြတ်နှစ်ပါးနဲ့နေရတာ
ံ    ကံကောင်းလှပါဘိ အရတော်လှပါဘိ
(2) မျက်မှောက်ရော မျက်ကွယ်မှာပါ
     မေတ္တာ ကာယကံ
     မေတ္တာ ဝဇီကံ
     မေတ္တာ မနောကံ တို့ဖြင့်နေထိုင်ကြပါ၏
(3) မိမိရဲ့စိတ်ဆန္ဒကိုရှေ့တန်းမတင် လျှော့ထား
     ပါ၏
(4) ကိုယ်ကာယအားဖြင့်တစ်ကိုယ်စီပေမဲ့
     တစ်စိတ်ထဲထား နေကြပါ၏
(5) ငါးရက်တစ်ကြိမ် တရားဟောတရားနာ
     ကျင်းပကြပါ၏
ဒီဥယျာဉ်ကြီးလှပနေသည်မှာ ညီညွတ်တဲ့စိတ်ထားနဲ့
အလှဆင်ထားခြင်းကြောင့်သာ သာယာလှပနေခြင်း.....
ပြည်​​ထောင်​စုမြန်​မာနိုင်​ငံအတွင်း
တိုင်းရင်းသား ညီအစ်​ကို​မောင်​နှမတို့​တွေ
နို့နဲ့​ရေနဲ့​ရောသလို ​ရော​ရော​နှော​နှော​နေကြဖို့
နို့နဲ့​ရေကို ​ရော​နှောပြီး ခွဲခြားမရသလို
တ​ယောက်​နဲ့တ​ယောက်​မုဆိုးကြည့်​မကြည့်​ပဲ
ချစ်​​သော မျက်​စိနဲ့ကြည့်​ကြဖို့
ငြိမ်​သက်​စွာ​နေနိုင်​ကြပါ​စေ အဖွဲ့​တွေအချင်း​ချင်းငြင်းခုန်​မ​နေကြပဲ ဝမ်း​မြောက်​ဝမ်းသာ
အတူတကွ​နေနိုင်​ကြ​စေဖို့...
မာတာမိခင်​က ​မွေး​သောရင်​​သွေးကို အသက်​​ပေးပြီး ကာကွယ်​​နေသလို ​တနိုင်​ငံလုံး နိုင်​ငံသား​တွေအ​ပေါ်မှာမိခင်​စိတ်​နဲ့တူ​သော ​မေတ္တာများဖြင့်​ အုပ်​ချုပ်​သူ​တွေက
မေတ္တာဓာတ်​ထားနိုင်​ကြရမည်​တဲ့...
တစ်​ဦးနဲ့တစ်​ဦး ​တွေ့ရင်း​ကောင်းတာ​လေး​ပြောပြီးကွယ်​ရာကျရင်​လည်း အတင်းမ​ပြောမလုပ်​ကြပါနဲ့တဲ့
မိမိတို့ရဲ့စိတ်​မူ​တွေ အယူအဆ​တွေ ​လျော့ချထားရမည်​အတူ​​နေသူ​တွေ တစ်​ဦးအလိုတစ်​ဦးအလိုကျ​နေ​ပေးရမည်
စားပွဲထိုင်​လိုက်​တာနဲ့သူများ​ပြောတာကို
နား​ထောင်​ဖို့စဉ်းစားထားကြ....
ကိုယ်​ဆန္ဒဘယ်​​တော့မှ ​ရှေ့တန်းမတင်​နဲ့
ကိုယ်​ကာယက သုံးကိုယ်​ဖြစ်​​ပေမဲ့
စိတ်​က​တော့ တစ်​စိတ်​ထဲ​နေရမည်​တဲ့
ညီညွတ်​စွာအတူ​နေကြရမည်​...​ဟော​ပြောပွဲ ​ဆွေး​နွေးပွဲ​တွေခဏခဏလုပ်​ရမည်​....ဟု တရားဖြင့်​ ဆုံးမ​ဟောကြား
သွားပါသည်
နတ်​လူသာဓုပါ အမျှ အမျှ အမျှ
credit<>Hlaing min zaw
ရန်ကုန်တိုင်းအစိုးရ၏
၂၀၁၉ခုနှစ် နှစ်ဦးတရားအလှူ၊ နောက်ဆုံးည
တရားပွဲတော်ကြီး အောင်မြင်စွာ ပြီးဆုံးသွားပါပြီ🙏🙏
ကမ္ဘာ့အကြီးဆုံး တရားနာ ပရိတ်သတ်
တရားနာပရိသတ် (၂)သိန်း (၆) သောင်းကျော်
လာရာက် နာယူကြသည်....။
သီတဂူဆရာတော်ဘုရားကြီးရဲ့ ဓမ္မသဘင်​ အတွက်တရားအလှူငွေ....ကျပ် ၁၄၀၀ သိန်း ​ဒေါ်လာ ၁၉၄၂
ရရှိတဲ့ သီတဂူဓမ္မသဘင်....
ဝမ်းသာနုမော်
သာဓုခေါ်ဆိုကြပါကုန်.....
သာဓု သာဓု သာဓု....
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ
(မေတ္တာဖြင့်)HHN🙏🙏🙏
ကူးယူမျှဝေ ပူဇော်ပါသည် ဘုရား
           (​မေတ္တာ​ဝေ အရှင်​​တေဇာနန္ဒ =ဒိုက်​ဦး)
နှစ်ဦးဓမ္မသဘင်..သီတဂူဆရာတော်ဘုရား
"မကောင်းမှုကိုပဲ ကျင့်သုံးနေပြီး ကောင်းမှုတွေကို မပြုစု မပျိုးထောင်ရင်"
"ကြီးပွားတိုးတက်နိုင်ဖို့ ဘယ်ဘုရားကမှ မတတ်နိုင်ဘူး"
<<<>>><<<>>><<<>>>
ကိုယ်လုပ်နိုင်တဲ့ ကိုယ့်အလုပ်ရဲ့လုပ်ခကို
ကိုယ်လုပ်စွမ်းနိုင်သလောက် ရကြသလို
ကိုယ်လုပ်လိုက်တဲ့ မကောင်းမှု ကောင်းမှုရဲ့
ကောင်းကျိုး ဆိုးကျိုးတွေဟာ
ဘယ်သူကမှ ဖန်ဆင်းပေးတာ အပြစ်ပေးတာ မဟုတ်ပါဘူး..
မင်းတို့ ငါတို့တစ်တွေဟာ
မကောင်းမှုတွေကိုချည်း ကျင့်သုံးနေပြီးတော့
ကောင်းမှုတွေကို မပြုစု မပျိုးထောင်နိုင်ရင်
မင်းတို့ငါတို့အတွက် မင်္ဂလာ(ကြီးပွားတိုးတက်ခြင်း)ဆိုတာကို
ဘယ်godမှ တတ်နိုင်မှာမဟုတ်ဘူး..
မိမိသည်သာလျှင် မိမိကိုယ်ကို ညစ်နွမ်းစေနိုင်ပြီး
မိမိသည်ပင် မိမိ၏ သန့်ရှင်းရေးကို ဆောင်ရွက်နိုင်ပါတယ်..
တစ်ယောက်က တစ်ယောက်ကို ကယ်တင်နိုင်ကြတာမဟုတ်ပါဘူး.
ထို့ကြောင့်
ကျောင်းဆရာတစ်ယောက်ဟာ ကျောင်းသားတစ်ယောက်ကို
သင်ကြားပြသ သလိုပါပဲ..
ဗုဒ္ဓသည် ဆရာနှင့်တူစွာ ကျွန်ုပ်တို့ကို ညွှန်းကြားခဲ့ပါတယ်..
"မိမိကိုယ်ကို မိမိတို့ အားကိုးကြပါ"..
"ကိုယ်ကျင့်ထားတဲ့တရားကို အားကိုးကြပါ"..
"ကိုယ်ကျင့်ထားတဲ့ ကိုယ်ကျင့်တရားကလွဲလို့
  တစ်ခြားအားကိုးစရာ မရှိပါဘူး"တဲ့..
ကိုးကွယ်ရာ အမှန်ကား အကျင့်တရား(စရဏ)ပင်ဖြစ်၏..
သစ်သီးစားချင်သူသည် သစ်ပင်ပေါ်တက်ရမည်သာ ဖြစ်၏..
ဟိုဘက်ကမ်းရောက်လိုလျှင် လှေရှာ၍ ကူးရမည်သာ ဖြစ်၏..
အနာရောဂါပျောက်လိုလျှင် ဆေးသောက်ရမည်သာ ဖြစ်၏..
ထိုနည်းတူစွာပင်
ဆင်းရဲလွတ်လိုလျှင် မကောင်းကျင့်ကို ရှောင်ရမည်..
ချမ်းသာရလိုလျှင် အကောင်းကျင့်ကို ကျင့်ရမည် ဖြစ်၏..
                                                သီတဂူဆရာတော်ဘုရားကြီး
စေတနာမေတ္တာအရင်းခံဖြင့် မျှဝေသည်..
Copy;
Wednesday, January 2, 2019
စိတ်ကိုယဉ်ကျေးအောင် ဆုံးမခြင်း
🔺❝ စိတ်ကို ယဉ်ကျေးအောင် ဆုံးမခြင်း ❞🚩
❂ စိတ်ကိုယဉ်ကျေးအောင်ဆုံးမရာတွင်
ထမင်းချက်သလိုပင် လုပ်ရ၏။
✧ စိတ်က ဆန် -
✧ သဒ္ဓါက အိုး -
✧ သမာဓိက ရေ -
✧ ဝီရိယက မီး -
✧ သတိက ယောက်မ -
✧ ပညာက ထမင်းချက်သူ -
✧ ဒါန သီလ ဘာဝနာက ဖိုခနောင့် သုံးလုံး။
✅ ထမင်းနပ်မှ အာဟာရဖြစ်သလို
✅ စိတ်ယဉ်ကျေးမှ ချမ်းသာ၏။
❂ ထို့ကြောင့် -
ဆန်နှင့်တူသောစိတ်ကို သဒ္ဓါ အိုး၌ ထည့်ရ၏။
ထို့နောက် ရေနှင့်တူသောသမာဓိကို အလောတော်ထည့်
ဒါန သီလ ဘာဝနာတည်းဟူသော
ဖိုခနောင့် သုံးလုံးပေါ်တင်ရ၏။
မီးနှင့်တူသော ဝီရိယကို ရေနှင့်လိုက်ဖက်အောင်ထိုးကာ
ယောက်မနှင့်တူသော သတိဖြင့် အမြဲမပြတ်မွှေရ၏။
❂ ချက်သူနှင့်တူသောပညာက
ထမင်းနပ်မနပ်ကြည့်ရ၏။
🎌 နပ်သောထမင်းသည် အာဟာရကိုဖြစ်စေနိုင်သလို
🎌ယဉ်ကျေးသောစိတ်သည် သာချမ်းသာကို ဖြစ်စေနိုင်သည်။
❂ စိတ်ကိုယဉ်ကျေးအောင် ဆောင်ရွက်ရာတွင်
🔚ဣနြေ္ဒ ငါးပါးကို ညီညွတ်စေလျက်
🔚သဒ္ဓါနှင့်ပညာက တစ်တွဲ ၊
🔚ဝီရိယနှင့် သမာဓိက တစ်တွဲ၊
🔚သတိကမူ အားလုံး၏ အပေါ် ၌ရှိ၏။
☉သတိဟူသည် ပိုသည်မရှိ လိုသည်သာ ဖြစ်၏။
☉သဒ္ဓါနှင့်ပညာကား အပိုအလို ရှိတတ်၏။
☉ထို့ကြောင့် အပိုအလိုမရှိမျှအောင်ဆောင်ရွက်မှသာ စိတ်သည်ယဉ်ကျေးမည်ဖြစ်၏။
【စူဠပန်မထေရ်ဝတ္ထု ၊ ဓမ္မပဒ ၊ အပ္ပမာဒဝဂ်】
❁ အပ္ပမာဒေန သမ္မာဒေထ ✍
❀ရွှင်လန်း❀ချမ်းမြေ့❀ပါစေ❀
Credit........
အချိန်မရှိဘူး
"အချိန်​မရှိဘူး "
🍁 🍁 🍁 🍁
🍁(၁)မုန်း​နေဖို့အချိန်​မရှိဘူး
        ချစ်​တဲ့သူ​တွေအတွက်​​အချိန်​​ပေးရအုန်းမယ်​ ။
🍁(၂)​နောက်​ဆုတ်​ဖို့အချိန်မရှိဘူး
🍁(၃)​ကြောက်​​ရွံ့​နေဖို့အချိန်မရှိဘူး
🍁(၄)ငို​နေဖို့အချိန်​မရှိဘူး
🍁(၅)စိတ်​ကူးယဉ်​​နေဖို့အချိန်​မရှိဘူး
         အချိန်​​ပေးရအုန်းမယ်​ ။
🍁(၆)သူတစ်​ပါးမ​ကောင်း​ကြောင်း​ပြောဖို့အချိန်​မရှိဘူး
       ကို​ယ်​​ကောင်း​အောင်​​နေဖို့​အတွက်​အချိန်​​ပေးရအုန်းမယ်​ ။
🍁(၇)​တွေးပူ​နေဖို့အချိန်​မရှိဘူး
        လက်​​တွေ့ရင်​ဆိုင်​ဖို့အတွက်​အချိန်​​ပေးရအုန်းမယ်​ ။
🍁(၈)ရန်​ဖြစ်​​နေဖို့အချိန်မရှိဘူး
🍁(၉)ပြီးခဲ့တာ​တွေပြန်​တမ်းတဖို့အချိန်​မရှိဘူး
         ပစ္စုပ္ပန်​မှာ​ကောင်း​နေဖို့အတွက်​အချိန်​​ပေးရအုန်းမယ်​ ။
🍁(၁၀)​ဒေါသဖြစ်​ဖို့အချိန်မရှိဘူး
🍁(၁၁)အ​နေ​ကောင်းရန်​ပြင်​ဆင်​​နေဖို့အချိန်မရှိဘူး
မျိုးဆက်​သစ်​အရှင်​(ဖို​လေးလုံး)
၂. ၁. ၂၀၁၉ ရက်နေ့တွင် ပါချုပ်ဆရာတော်ဘုရား ဟောကြားတော်မူသော တရားတော်
၂၊ ၁၊ ၂၀၁၉ နှစ်ဦးဓမ္မသဘင်ပွဲ
ပါမောက္ခချုပ်ဆရာတော် Dr.အရှင်နန္ဒမာလာဘိဝံသ၏
သတိ နဲ့ နေထိုင် ကြမယ် နှင့် အမုန်းတရားများ ဖယ်ရှားခြင်း
   လှေကြီးတစ်စင်းနဲ့ လူအများ ခရီးသွားသည့် အခါ လှေမှာ အပေါက်ဖြစ်ပြီး ရေဝင်လာပြီဆိုရင် ဘယ်နေရာက ပေါက်ပေါက် အားလုံး ဝိုင်းပြီး ဖာရမယ်။ ရေခပ်ထုတ်ရမယ်။ မင်းနေရာကပေါက်တာ မင်းနဲ့ဆိုင်တယ်။ ငါနဲ့မဆိုင်ဘူး။ မင်းလုပ်ရမယ်ဆိုရင် လှေကြီးမှောက်ရင် အားလုံး သေမှာပဲ။
   လှေပိုင်ရှင်နဲ့ ဆိုင်တယ် လှေသမားတွေ
ပြု ပြင်လိမ့်မယ်လို့ မသိသလိုနေရင် လှေမှောက်လျှင် အားလုံးသေမှာပါပဲ။
   အားလုံးဝိုင်းပြီး ဆောင်ရွက်မှသာလျှင် အားလုံးနီးပါး အောင်မြင်မှာပါ။
Credit:
ဘယ်ကိစ္စ ဘယ်လူမျိုးပဲဖြစ်ဖြစ်
သတိရှိရှိ ဆင်ခြင်တုံ တရားရှိရှိနဲ့ နေထိုင်သွားကြဖို့
၂၀၁၉ ခုနှစ်ကစလို့
သတိသမ္မဇည ဖြင့်နေထိုင်ခြင်းဖြင့် လ့ကျင့်ခန်း
လုပ်သွားဖို့
သတိ ဆင်ခြင်တုံတရားနှင့်
၁။ရှေ့လှမ်းခြင်း နောက်ဆုတ်ခြင်း ပြုလုပ်ဖို့
၂။မြင်စရာအာရုံများကို ကြည့်ရမည်
၃။ကွေးခြင်း ဆန့်ခြင်း ပြုရမည်
၎။အများနဲ့ဆိုင်တဲ့နေရာ ဝတ်စားမှုသတိရှိဖို့
၅။အစားအစာ အသောက်အစား စားတဲ့အခါ
၆။အိမ်သာထဲ ကျင်ကြီး ကျင်ငယ်ဝင်တဲ့အခါ
၇။လျောင်းထိုင်ရပ်သွား တာတွေမှာ
သတိရှိဖို့ ဆင်ခြင်တုံတရားရှိရှိ နေထိုင်ကြဖို့
ပြီးတော့ ဒုတိယအချက်အနေနဲ့
"ရင်ထဲက အမုန်းတရားဖယ်ရှားဖို့"
ရင်ထဲက အမုန်းတရားတွေ ဖြစ်တည်လာရခြင်း
အကြောင်းတရား (၂)မျိုး
၁။ ဣဿာ = သူတစ်ပါးစည်းစိမ်ကို ငြူစူခြင်း
                        မနာလိုရှုစိမ့်ခြင်း
၂။မစ္ဆရိယ = မိမိစည်းစိမ်ကို လျှို့ဝှက်ခြင်း ၊ ဝန်တိုခြင်း
အထက်ပါတရား ၂ပါး ဖြစ်တဲ့
၁။ ဣဿာ ကို
မုဒိတာ= ဝမ်းမြောက်ခြင်း ဆိုတဲ့ တရားနဲ့ ဖယ်ရှားရှင်းလင်းဖို့
၂။ မစ္ဆရိယ ကို သဒ္ဓါ = ယုံကြည်ခြင်း ဆိုတဲ့ တရားနဲ့
ဖယ်ရှားရှင်းလင်းဖို့ ဟောကြား။
အချုပ်အားဖြင့် ဆိုရသော်
အထက်က သတိသမ္မဇည တရား (၇)ချက်ဖြင့်
နေထိုင်ပြီး ရင်ထဲက အမုန်းတရား (၂)ချက် ကို ဖယ်ရှားခြင်းဖြင့် ကျန်းမာ၊ စီးပွား၊ ပညာများ
တိုးတက်အောင်မြင် လာမည့်အကြောင်း ဟောကြား
ခဲ့သည်ကို တစ်ဆင့်မျှဝေ ဓမ္မဒါန********
****************************
*ဓမ္မဒါနအဖြစ်​ မျှ​ဝေသည်​*
              ©​မေတ္တာ​ဝေသီ (ဒိုက်​ဦး)