စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, October 21, 2024

ဘုရား ရာထူး တောင်းခဲ့သည့်နေ့မှစလို့

ဘုရား ရာထူး တောင်းခဲ့သည့်နေ့မှစလို့
********************************

ဒေဝဒတ်သည် များစွာသော အခြံအရံဖြင့် အင်အားပြကာ
ဘုရား ရာထူးကို မိမိအားလွှဲရန် အတင်းပင် တောင်းခံလေတော့သည်။
*ဘုန်တော်ကြီးသော မြတ်စွာဘုရား အရှင်ဘုရားသည် အသက်ကြီးပါပြီ။
အိုလှပါပြီ။မျက်မှောက်ချမ်းသာခံစားပြီး အေးချမ်းစွာဖြင့် ကြောင်းကြမဲ့စံတော်မူပါ။
ရဟန်းရှင်လူ သာဝကများစွာတို့ကို ကြှနျုျပျအား လွှဲအပ်တော်မူပါ။
အကျွနု်ပ်သည် ဘုရားအဖြစ်ဖြင့် တပည့်သာဝက တို့အား အုပ်ချုပ်သွားပါအံ့။*
* ချစ်သားဒေဝဒတ် ဤအခွင့်ကား မသင့်သေးပေ။ သင်၏ကိုယ်ရေးကိုယ်တာသာ
အားထုတ်ဦးလော့ ။ သံဃာကို ဦးစီးအုပ်ချုပ်ခြင်း ရှေ့ဆောင်ခြင်းငှာ သင်အလိုမရှိအပ်*ဟု
ပယ်လိုက်လေသည်။
ဒေဝဒတ်သည် လက်မလျှော့ဘဲ သုံးကြိမ်တိုင်တို်င်လျောက်ထားတောင်းခံသည်။
ဘုရားရှင်ကလည်း သုံးကြိမ်စလုံးပင် ပယ်တော်မူလိုက်ပြီးနောက်
* အို ချစ်သားဒေဝဒတ် သံဃာ့ပရိတ်သတ်ထဲ၌ အယုတ် အလတ် အမြတ် ဟူ၍
သုံးမျိုးသုံးစားပါဝင်ပေ၏ ။ ယင်းပရိတ်သတ်အားလုံးက ငါဘုရားကို
အမှီပြု၍ ရဟန်းပြုကြသူချည်းသာဖြစ်ကြသည်။ ထို့ကြောင့်ငါရှိလျက်နှင့်
ငါ့ကိုမှီခိုလာသူအားလုံးကို သူတစ်ပါးအား လွှဲထားခြင်းငှာမထိုက်။ မလျော်လေ။
စင်စစ်သော်ကား အထွတ်အထိပ်သို့ရောက်ပြီးသူများဖြစ်သော
သာရိပုတ္တရာ နှင့် မောဂ္ဂလာန်တို့ကိုမျှ သာဝက သံဃာတို့ကို မအပ်ရက်ဘဲ
သူတစ်ထူး ထွေးအန်ပြီးသော တံတွေးကို ကောက်၍မျိုသေးသော သင့်အား
(ဝါ)သင်၏လက်ဝယ်သို့ အဘယ်ကြောင့် ငါ့တပည့်သာဝကများကို နှင်းအပ်ရက်
ပါမည်နည်း။*
ဤသို့ မိန့်တော်မူလိုက်သောအခါ ဒေဝဒတ်မှာ များစွာအရှက်ရသွားလေသည်။
ရှင်ဂေါတမ ငါ့အားအရှက်ခွဲသည်။ ဆွေမတော်မျိုးမစပ် ဆင်းရဲသားမျိုးမှ ပေါက်ဖွား
လာသောသူ သာရိပုတ္တရာ နှင့် မောဂ္ဂလာန်တို့ကို အရေးပေးလေသည်။ 
သွေးရင်းဖြစ်သောငါ့အပေါ် ကိုကား အသေးအမွှားကဲ့သို့ သဘောထားသည်။
ထိုနေ့မှစ၍ ဂေါတမနှင့်ငါ လမ်းခွဲတော့အံ့။ဟု စိတ်ဆိုးမာန်ဆိုးနှင့် ထ၍ပြန်သွားလေ၏။
ဒေဝဒတ်သည် ထိုအခါမှစ၍ ဘုရားရှင်အပေါ် ရန်ငြိုးဖွဲ့ကာ အဇာတသတ်မင်းသားနှင့်
ပူးပေါင်း၍ ဘုရားကို သတ်ရန်အထိ အမျိုးမျိုးကြံစည်အားထုတ်လေတော့သတည်း။
အာဏာလိုချင်တက်မက်သူ၏ နိဒါန်းအစမကောင်းခဲ့သလို
ပူးပေါင်းပါဝင် မျက်ကန်းယုံကြည်သူ အသင်းအပင်းများ၏ ဘဝနောင်ရေးကား
သင်ခန်းစာယူဖွယ် ရှောင်ရှားဖွယ်အကျင့်ဆိုးကို နှောင်းလူတို့အား ခန္ဓာစတေး၍
ပြဆိုသွားလေပြီ မဟုတ်ပါလော။
လူသာ သေသော်လည်း နာမည်ဆိုးနှင့် နာမည်ကောင်းကို
သေမင်း သေအောင်မသတ်နိုင်ခဲ့ပါဘူး။
 "ဘုရား ရာထူး "လုယူလိုသူ အရှင်ဒေဝဒတ်အကြောင်းစဉ်းစားရင်း
ဖတ်လက်စ(ဓမ္မပဒ အဌာကထာ)အား ခေတ္တပိတ်လိုက်ပါတော့သည်။

ဓမ္မ အလင်းတန်း

Ashin Mingala

No comments:

Post a Comment