"ငါ့မှာ ရိက္ခာတွေ ရှိပြီလား?"
*****
တစ်နေ့မဟုတ်တစ်နေ့ အရွယ်ရလာတာနဲ့တစ်ပြိုင်နက်
ဘုန်းကြီးတို့ဘဝဟာ သစ်ရွက်ဝါဖြစ်လာကြပြီ..
ကြွေမယ်..မကြာခင်..
လေပြည်ကလေးမတို့လိုက်နဲ့ တို့လိုက်တာနဲ့
'ဘုတ်ကနဲ'ဆို ကြွေကြတော့မှာ..
အဲဒီလို ရင့်ရော်လာတဲ့အရွက်ဖြစ်လာတဲ့အပြင်
သေမင်းတမန်တွေကလည်း အိမ်တံခါးလာခေါက်နေပြီ..
ဘယ်ကနေ ခေါက်လဲ..
ခေါင်းကိုလည်း ခေါက်တာပဲ..
ပါးစပ်ကိုလည်း လာခေါက်တာပဲ..
အဲဒီလို ခေါက်လိုက်တာနဲ့ သွားတစ်ချောင်းပြုတ်ထွက်သွားတယ်..
ခေါင်းတစ်ချက်ခေါက်လိုက်ရင် ဆံပင်တွေဖြူသွားတယ်..
အဲ့ဒီလို သေမင်းရဲ့တမန်တွေကလည်း
တံခါး လာခေါက်နေကြပြီ..
သေဖို့ လမ်းဆုံလမ်းဝရောက်နေကြပြီ..
အဲ့ဒီအချိန်မှာ ရိက္ခာရှိပြီလား ကိုယ့်မှာ စဉ်းစားရမှာ..
ကုသိုလ်ဆိုတဲ့ ရိက္ခာတွေ ကိုယ့်မှာ ရှိပြီလား ပါပြီလား..
အေး..မရှိသေးဘူး မပါသေးဘူးဆိုရင်
ရှိအောင်လုပ် ပါအောင်လုပ် နော်..
ရိက္ခာဆိုတာ အရေးကြီးတယ်..
ကိုယ့်ကိုကိုယ် ပြန်စဉ်းစားကြ..
"ငါ့မှာ ရိက္ခာတွေ ရှိပြီလား" လို့..
ပါချုပ်ဆရာတော်ကြီး
စေတနာမေတ္တာအရင်းခံဖြင့် မျှဝေပူဇော်ပါသည်🙏🙏🙏
ohmarshin
No comments:
Post a Comment