ထေရ၀ါဒနှင့် သာသနာပွဲ ဟူသော အယူမှား။
═════════════════════════
#ထေရ၀ါဒနှင့်ကန်တော့ပွဲ။
❖ ဘုရားရှင်လက်ထက်တော်က ဗုဒ္ဓဘာသာဝင်
သူတော်စင်များသည် “ကန်တော့်ပွဲ” “သာသနာ ပွဲ”
တင်သော အလေ့အထ ရှိခဲ့ပါသလော ။
အုန်း၊ငှက်ပျော့ဖြင့်သာသနာပွဲပြင်ထားရုံမျှဖြင့်
ဗုဒ္ဓသာသနာ တော်မြတ်ကြီး အရှည်တည်တံ့နိုင်
ပါမည်လော ။
❖ ဘုရားရှင်လက်ထက်တော်က ဗုဒ္ဓဘာသာဝင်
သူတော်စင်များသည် ငှက်ပျောသီး ၊အုန်းသီးတို့ဖြင့်
ကန်တော့ပွဲ ပြင်လျှက် သာသနာပွဲတင်သော အလေ့
အထရှိခဲ့သည်ဟု မည်သည့်ထေရ၀ါဒ ပိဋိကတ်တော်
များတွင်မှဖော်ပြမထားပါ။
ဘုရားရှင်လက်ထက်တော်က ဗုဒ္ဓဘာသာဝင်
သူတော်စင်များ သာသ နာပွဲတင်သောအလေ့အထ
ရှိခဲ့ပါလျှင် ထိုသို့ရှိခဲ့ကြောင်းကို ပါဠိတော် ၊အဋ္ဌကထာ၊
ဋီကာများတွင် ဖော် ပြ ပါရှိခဲ့မည်သာလျှင်ဖြစ်ပါသည်။
အုန်းသီး၊ ငှက်ပျောသီးတို့ဖြင့်ပွဲပြင်၍ ဘုရားရှင်အား
လှုဒါန်းသည်ဟူ ၍လည်း ထေရ၀ါဒ ပိဋကတ်တော်
များတွင် ဖော်ပြမထားပါ။ သာသနာပွဲတင်ခြင်းဟူသည်
ဘုရားရှင် လက်ထက်တော်က မရှိခဲ့သော အလေ့အထ
ဖြစ်ကြောင်းထင်ရှားလှပါသည် ။
❖ အမှန်တော့ထေရ၀ါဒ မြတ်ဗုဒ္ဓသာသနာမှာ
သာသနာပွဲတင်ရမည်ဟု ဘုရားရှင်မဟောခဲ့ ။
ထိုနည်းတူ၊ နတ်ပွဲ ၊ဘိုးတော်ပွဲ ၊မယ်တော်ပွဲတင်ရမည်
ဟုလည်း ဘုရားရှင်ဟောတော် မမူခဲ့ပါ ။
❖ ဘုရားရှင်လက်ထက်တော်က မရှိခဲ့သော
အလေ့အထတစ်ခုကို မြန်မာဗုဒ္ဓဘာသာဝင်များအကြား
အမြစ်တွယ် ပျံ့နှံ့အောင် မည်သူတို့ ကြံဆောင်ဖန်တီး
ခဲ့ပါသနည်း ။အဖြေကားရှင်းလှပါသည် ။ ဂိုဏ်း ဆရာ၊
နတ်ဝါဒီ တို့မှ တစ်ပါး မည်သူမျှ မဖြစ်နိုင်ပါ ။
❖ အုန်းပွဲ ၊ငှက်ပျော ပွဲဟူသည် နတ်တင်ရာက
လာကြောင်း၊အလှုလုပ်သောအခါ အုန်းပွဲ၊ငှက်ပျောပွဲ
ထည့်ရန် မလိုကြောင်းကို ကျေးဇူးရှင် မဟာဂန္ဓာရုံ
ဆရာတော်ကြီး အရှင်ဇနကာဘိဝံသက ဤသို့ မိန့်
တော်မူခဲ့ပါသည်။
❖ အလှုလုပ်တဲ့အခါ ငှက်ပျောပွဲ၊အုန်းပွဲတွေမထည့်နဲ့ ။
ငှက်ပျောပွဲ၊အုန်းပွဲ ဆို တာ နတ်တင်ရာက လာတယ် ။
ဘုရားရှင် လက်ထက်က အလှုတွေမှာ တရားဟော
ပြီးရင် ဒကာတွေက ငှက်ပျောပွဲ ၊အုန်းပွဲတွေ လိုက်ပို့
ရတာရှိသလား ။ မရှိဘူး ။ ဇေတ၀န်မှာ
ဗေထိဗေထိတွေ လုပ်သလား ။မလုပ်ဘူး ။
စင်စစ် ကန်တော့ပွဲတင်ခြင်းသည် ဂိုဏ်းဆရာတို့၏
ထွင်လုံးဟု ဆိုနိုင်သကဲ့သို့ တန္တရ မန္တရ၀ါဒတို့ ၏
အရိပ်အငွေ့ဟုလည်း ဆိုနိုင်ပါလိမ့်မည် ။
စင်စစ် ဘုရားကျောင်းဆောင်ရှိ ဘုရားရှင်၏
ရှေ့တော် မှောက်တွင် အုန်းစိမ်း၊ငှက်ပျောစိမ်းများ
အလုံးလိုက် ဆက်ကပ်ထားခြင်းမှာ မြတ်စွာဘုရားက
အာဏာ ဒေသနာတော်ဖြင့် ပညတ်ထားသော
ဝိနည်းဒေသနာတော်နှင့်လည်း လျော်ညီအပ်စပ်ခြင်း
မရှိပါ ။ သစ်သီးများကို မခွဲစိပ်ပဲ အလုံးလိုက်
အစိမ်းလိုက် ၊အစိမ်းလိုက် ဆက်ကပ်ခြင်းသည်
ဝိနည်း ဒေသနာတော်နှင့် ဆန့်ကျင်သကဲ့သို့
နေ့ညမဟူ ဆက်ကပ်ထားခြင်းသည်လည်း
ဝိနည်း တော်နှင့် ဆန့်ကျင်ပါ၏။ ၀ိနည်းတော်နှင့်
ဆန့်ကျင်သောအလေ့အထ ဖြစ်သောကြောင့်
တန္တရ၊မန္တရ၀ါဒ တို့၏ အရိပ် အငွေ့ဟု ဆိုခဲ့ရခြင်း
ဖြစ်ပါသည် ။ဝိနည်းတော်နှင့် မလျော်ညီသော အလေ့
အထဖြစ်သော ကြောင့်ထေရ၀ါဒနှင့်ဖီလာဆန့်ကျင်ပါ၏။
ကန်တော့ပွဲ၊သာသနာပွဲနှင့် စပ်လျဉ်း၍
ဓမ္မဒူတ အရှင်က္ကန္ဒာ ၀ုဓ ဆရာတော်က အောက်ပါ
အတိုင်း မိန့်တော် မူခဲ့ပါ၏ ။
❖ အချို့ အိမ်များတွင် သာသနာပွဲဟုဆိုကာ
မြတ်စွာဘုရား၏ ရှေ့၌ အုန်းသီးအလုံး လိုက်၊
ငှက်ပျောသီး အလုံးလိုက်အား တစ်ပတ်၊နှစ်ပတ်
ကပ်လှုထားသည်ကို တွေ့ရပါသည်။ ထိုသို့ကပ်လှု
ထားခြင်းမှာ မြတ်စွာဘုရားကိုအစောင့်ထားသည်နှင့်
တူနေပေသည် ။ မြတ်စွာဘုရားအား မလေးစားခြင်း
ပင်ဖြစ်သည် ။
❖ အကယ်၍ ကပ်ချင်လျှင် အုန်းသီးကို ခွဲစိတ်ပြီး
တစ်ခါစားမျှလောက် ကပ်၊ငှက်ပျောသီး ကိုလည်း
အမှည့်လေးငါးလုံးလောက်ရေဆေးပြီး ပန်းကန်ပြားထဲ
ထည့်ကပ်ရပေမည်။ ထိုသို့ကပ်လှုမှသာလျှင်
သက်တော်ထင်ရှား မြတ်စွာဘုရားကို လေးလေး
စားစားကပ် လှုသည်နှင့် တူပေသည် ။ကပ်လှုပြီးလျှင်
နေ့လယ် ၁၂နာရီ မထိုးမီ ပြန့်စွန့်ရပေမည်။
သို့မဟုတ်ပါက မြတ်စွာဘုရားအား ညစာကပ်ထား
သည်နှင့် တူနေသဖြင့် ဘုရား အပေါ် ၌မလေးစားမှု့
ဖြစ်သွားပါသည် ။
❖ အုန်းပွဲ ၊ငှက်ပျောပွဲကို သာသနာပွဲ အဖြစ်
ဘုရားကျောင်းဆောင်တွင် ပွဲဖြင့် တင်လှုထားရုံမျှဖြင့်
တင်လှုသူ၏ အတွင်းသန္တာန်၌ သာသနာမတည်နိုင်ပါ။
သာသနာပြုရာလည်းမရောက်ပါ။
သာသနာပွဲတင်ထားလင့်ကစား မြတ်ဗုဒ္ဓ၏အဆုံးအမ
ဒေသနာတော်များကို သိအောင်မလေ့လာ၊
သိလည်း ရေရေရာရာ မသိသော် ထိုသူသည်
သာသနာတည်သူ မဟုတ်ပေ။
အုန်းသီး၊ငှက်ပျောတို့ဖြင့် သာသ နာပွဲပေါင်း
အထောင်အသောင်း တည်ထားသော်လည်း
မြတ်ဘုရား၏ တရားတော်များကို ပျံ့နှံ့ အောင်
ဖြန့်ဝေမှု့မပြုလျှင် သာသနာပြုရာ မရောက်ပါ ။
အမှန်စင်စစ်သာသနာပွဲတင်ခြင်းထက် တရားစာအုပ်၊
တရားအမ်ပီသရီး၊တရားစီဒီချပ်များကို လှုဒါန်းခြင်း
( ဓမ္မဒါနအလှု)ကသာ လက်တွေ့တွင်
အကျိုးသက်ရောက်မှု့ရှိပြီးသာသနာပြုရာ
ရောက်လိမ့်မည် ။
❖ သာသနာ ငါးထောင်ကြာအောင်ရည်စူးပြီး
သာသနာပွဲထိုးသည် ဟူသော သူတို့သည်ထေရ၀ါဒ
ဖိုးသုည တို့သာဖြစ်၏။
ထိုသူတို့သည် သာသနာဟူသည် အဘယ်အရာနည်း
ဟူ၍ တိတိပပမသိသောကြောင့်သာ ထိုစကားမျိုးကို
ပြောဆိုခြင်းဖြစ်ပါ၏ ။အုန်းသီး၊ငှက်ပျောသီးထည့်ပြီး
ကန်တော့ပွဲ ပြင်ထားရုံမျှ ဖြင့်သာသနာပြုသည်ဟု
ယူဆလျှင် ထိုအယူအဆသည် မှားယွင်းသော
အယူအဆသာဖြစ်ပါ ၏ ။ သာသနာပွဲတင်ခြင်းနှင့်
စပ်လျဉ်း၍ စာရေးဆရာကို မြင့်ဌေး (ဟဿင်္ တ)က
အောက်ပါ အတိုင်း ဝေဖန်သုံးသပ်ခဲ့ဖူးပါသည် ။
❖ သာသနာပွဲ ဆိုတာ တနည်းအားဖြင့် ဘုရားကို
လှုဒါန်းထားတဲ့ ဘုရားပွဲမဟုတ်လား ။ ဘုရားမှာ
အုန်းသီးစိမ်းနဲ့ငှက်ပျောသီးစိမ်းကို ပွဲလုပ်ပြီးလှုတာ။
ဂိုဏ်းဂဏသမားတွေ လုပ် ကြတာပဲ ။သူတို့ကတော့
ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ကြတယ်ဆိုတာတော့
မသိဘူး ။ တကယ်ဆိုရင် ဘုရားအမှုးရှိတဲ့
သံဃာတော်တွေကို စားဖွယ် သောက်ဖွယ်တွေ
လှုမယ်ဆိုရင် အဆင်သင့် ဘုန်းပေးနိုင်အောင်
စီစဉ်ပြီးလှုရတယ် ။ သံဃာတော်တွေက အုန်းသီး ၊
ငှက်ပျောသီး ကို ကိုယ်တိုင်အုပ်ပြီး စားတာ တွေ့ဖူးလို့လား။အဲဒီလိုလုပ်ရင်လည်း အာပတ်တွေသင့်တော့
မှာပေါ့ ။
နောက်ပြီး စားသောက်ဖွယ်ကိုလှုရင်လည်း
မွန်းမတိမ်းခင်လှုရတယ်။မွန်းတိမ်းသွားရင်
သံဃာတော်တွေက အဲဒီ လှုဖွယ်ဝတ္ထုကိုအကပ်မခံ
ကြဘူး ။ ကာလ လွန်ပြီဖြစ်တဲ့ အတွက်လှုဒါန်းသူမှာ
လည်း အလှုရဲ့ အကျိုးကို ရသင့်သလောက်မရဘူး ။
ခုတော့ အုန်းပွဲ၊ငှက်ပျောပွဲကို၂၄နာရီပတ်လုံးသာမက
ငှက်ပျောသီး မမှည့်မချင်း ၊အုန်းသီးမခြောက် မချင်း
ဘုရားစင်ပေါ်တင်ထားတာဆိုတော့ ဘုရားရှင်ကို
စောင့်ကြည့်ခိုင်းထားသလို ဖြစ်မနေဘူးလား။
ငှက်ပျောသီးလည်း မှည့်ရော အစိမ်းနဲ့လဲ ၊
အမှည့်စားလိုက်ကြရောမဟုတ်လား။
တစ်ခါတစ်လေ ငှက်ပျောသီးဟာ အမှည့်လွန်ပြီး
ပုပ်နေတာတောင်တွေ့ဖူးတယ်။အဲဒီတော့
သာသနာပွဲလှုတဲ့ အဓိပ္ပာယ်က ဘယ်လိုအကျိုး
သက်ရောက်တော့မှာလဲ ။တကယ်ဆိုရင် ပွဲက
အဓိကမဟုတ်ပါဘူးဗျာ။ ကိုယ်ကျင့်တရားကသာ
အဓိကပါ ။ ကိုယ်ကျင့်တရားမကောင်းဘဲ ပွဲတွေ
လမ်းတွေ ဘယ်လောက်ပဲ လုပ်နေနေ ဘာမှ
ဖြစ်လာမှာ မဟုတ်ပါဘူး ။
❖ စင်စစ် ကန်တော့ပွဲဟူသည် ၀ိဇ္ဇာလိုင်းသမား
တွေ၏ ဘုရားကျောင်းအဆောင်များ၌သာ အတွေ့
ရများ ပါ၏။ နတ်၊ဘိုးတော်၊ ၀ိဇ္ဇာစသောပုဂ္ဂိုလ်တို့ကို
ကိုးကွယ်သူ၊ လောကီ အစီအရင် ၊အစီအမံများကို
ယုံကြည်ကိုးစား တက်သူတွေ၏ အိမ်တွင်သာ
ကန်တော့ပွဲကို ကို အတွေ့ရများပါ၏ ။ ဘုရား၊တရား၊ သံဃာ၊ ရတနာသုံးပါး သန့်သန့် ကိုသာ ယုံကြည်
ကိုးကွယ်လေ့ရှိသူ ၊ထေရ ၀ါဒီ စစ်စစ်တို့၏
နေအိမ်တွင် ကန်တော့ပွဲတင်ထားလေ့မရှိပါ ။
ကန်တော့ပွဲနှင့် ပတ်သတ်၍ စာရေးဆရာ
ကျော်စောမင်း ကလည်း အောက်ပါ အတိုင်း
ရေးသားခဲ့ပါ၏ ။
❖ ၀ိဇ္ဇာလိုင်းသမားတွေ၏ ဘုရားကျောင်းဆောင်
မှာတွေ့ရ တက်သော ပွဲကို ကျွန်တော်ဘ၀င်မကျပါ။
ပွဲထိုးသည်ဟူသော အယူအဆ ဘယ်ကလာသည်ကို
ကျွန်တော်မသိပါ ။ ငှက်ပျောသီး အစိမ်းနှင့် အုံးသီး
ပါသောပွဲ (၀ါ) အုန်းငှက်ပျောပွဲ အဘယ်ရည်ရွယ်
ချက်နှင့် တင်ပါသနည်း ။
❖ မြတ်စွာဘုရားကို ရည်မှန်း၍ လှုသောပစ္စည်း ၊
သံဃာတော်များအတွက် အလှုပစ္စည်းများ ကို ဤသို့
လှုဒါန်း၍ ရပါသလော ။ငှက်ပျောသီး ၊အုန်းသီး လို
အစားအစာမျိုးကို ကပ္ပိ ပြီးမှသာ ဘုန်းပေးအပ်သည်။
အပင်ပေါက်နိုင်သော ၊ဗီဇ မျိုးစေ့ ပါနေသော အသီး
မှန်သမျှအတွက် သံဃာတော်များနှင့် အပ်စပ်အောင်
စီရင်ပြီးမှသာ ကပ်လှုရပါသည် ။သဘောကတော့
ကိုယ်စားမည်ဆိုလျှင်စားရနိုင်သေ အစားအစာများကိုပင်
ကပ္ပိပြီးမှ ကပ်ရတာမျိုးတွေ ရှိ သည် ။
အုန်းသီး ၊ငှက်ပျောသီးလို အစားအစာမျိုးအတွက်ကား
စဉ်းစားသာ ကြည့်ကြဖို့ဖြစ်ပါသည် ။
ဤသို့ ဘုရားအား လှု၍မရသော အလှုပစ္စည်းမျိုးကို
ဘာကြောင့် ဘုရားကျောင်းဆောင်ပေါ် တင်နေကြပါ
သနည်း။ဘယ်ရည်ရွယ်ချက်နဲ့ကပ်လှုနေကြပါသနည်း။
ဝိဇ္ဇာပွဲ ဆိုပြီး ၀ိဇ္ဇာကြီးများကို ရည်ရွယ်လှုဒါန်းသည်ဟု
ဆိုကြသည် ။ဤလို အုန်းသီးအလုံးလိုက်နှင့် ငှက်ပျော
သီး အစိမ်းကို ၀ိဇ္ဇာကြီးများက ဘာလုပ်ကြမည်နည်း။
ကျွန်တော်စဉ်းစားရသလောက်မှာတော့ အုန်းပွဲ၊
ငှက်ပျောပွဲသည် ထေရ၀ါဒဗုဒ္ဓဘာသာနှင့် ဘာမှ
သက်ဆိုင်ခြင်းမရှိပါ ။ နတ်ကိုးကွယ်မှု့တွင်ကား
အုန်းတွေ၊ငှက်ပျောတွေ ပါခဲ့လေရာ ထိုအလေ့အထမှ
တစ်ဆင့် အုန်းပွဲ၊ ငှက်ပျောပွဲ ကိစ္စ ကြီးသည်
ဘုရားကျောင်းဆောင်ပေါ်အထိ ရောက်လာပုံရပါသည်။
ဘုရားစင်ပေးတွင် တင်လှုကြသောပွဲကို အချို့ က
ဘုရားပွဲဟု ပြောပါသည်။ဘုရားနှင့်အုန်း၊ငှက်ပျောပွဲတို့
မသက်ဆိုင်လှသည် ကို ကျွန်တော်ရေးပြခဲ့ ပါပြီ ။
ချုပ်၍ဆိုရသော် ဘုရားရှင်၏ရှေကတော်မှောက်တွင်
အုန်း၊ငှက်ပျောပွဲကို အစဉ်အဆက်ကပ်ထားခြင်းသည်
မြတ်စွာဘုရားရှင် ပြဋ္ဌာန်းတော်မူသော ၀ိနည်းတော်နှင့်
မလျော်ညီသောကြောင့် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့
မပြုသင့် မပြုအပ်ပါ ။ မည်သည့် ၈ိုဏ်းဆရာ၊မည်သည့်
ဘိုးတော်၊မည်သည့် နတ် ကတော်က ညွှန်ကြားနေစေ
ဘုရားရှင်၏ ၀ိနည်းနှင့်ဆန့်ကျင်သော ကန်တော့ပွဲ၊သာသနာပွဲတင်ခြင်း များကို မပြုသင့်ပါ ။ ဘုရားရှင်၏
ဝိနည်းတော် ကိုသာ ဦးထိပ်ပန်ဆင်အပ်ပါ၏ ။
❖ ဘုရားရှင်ထံတွင် ကန်တော့ပွဲ ၊သာသနာပွဲ
အနေဖြင့် အမြဲကပ်လှုထားသူများအနေဖြင့်
မြတ်စွာ ဘုရား၏ ၀ိနည်း ဒေသနာတော်ကို
ချိုးဖောက်ရာရောက်နေသည့် မိမိတို့၏ကန်တော့ပွဲတင်
အပြုအမူကို ပြန်လည်သုံးသပ်ဆန်းစစ်ကြည့်သင့်ပါသည် ။
❖ သာသနာပွဲ ဟု သုံးနှုန်းနေသူများ အနေဖြင့်
သာသာသနာဟူသည် ဘုရားရှင်၏အဆုံးအမတော်များ
ဖြစ်သောကြောင့် ထိုအဆုံးအမကို သိရှိလိုက်နာကျင့်ကြံ
အားထုတ်သူ၏ အတွင်းသန္တာ၌သာ သာသနာတည်လိမ့်
မည်ဟု မှတ်ယူယုံကြည်အပ်ပါ၏။အုန်းသီး၊ ငှက်ပျောသီး
တွေထဲမှာ သာသနာမတည် ကိန်းသောကြောင့်
သာသနာပွဲဟူသည် ဘုရားရှင် လက်ထက်ကတည်းက
မတည်ရှိခဲ့ကြောင်း အလေးအနက်
သိမှတ်ထားသင့်ပါ၏ ။ ။
မင်းနန်(မော်ကျွန်း)
No comments:
Post a Comment