" ခဏလေးများ "
---------
စိတ်ညစ်နေလား ခဏလေးပါ
ပျော်ရွှင်နေလား ခဏလေးပါ
ဆင်းရဲနေလား ခဏလေးပါ
ချမ်းသာနေလား ခဏလေးပါ
အခက်အခဲလား ခဏလေးပါ
အဆင်ပြေနေလား ခဏလေးပါ
လိုချင်နေလား ခဏလေးပါ
မလိုချင်ဘူးလား ခဏလေးပါ
ကံဆိုးနေလား ခဏလေးပါ
ကံကောင်းနေလား ခဏလေးပါ
ဝမ်းနည်းနေလား ခဏလေးပါ
ကျေနပ်နေလား ခဏလေးပါ
အဆိုးတွေနဲ့ကြုံနေတာလား ခဏလေးပါ
အကောင်းတွေနဲ့ကြုံနေရတာလား ခဏလေးပါ
ကျရှုံးနေလား ခဏလေးပါ
အောင်မြင်နေလား ခဏလေးပါ
ဘဝဆိုတာ
ဘယ်အရာကမြဲတယ်ဆိုတာ
ရှိလို့လဲ ?
ကံတရားရဲ့အလှည့်အပြောင်း
သခါင်္ရတရားရဲ့ မမြဲခြင်းသင်္ကေတတွေက
ဘဝကို
အပြန်ပြန်အလှန်လှန်လှည့်ပတ်နေတာပါ ။
ငါတို့တစ်တွေဟာ
မြဲတယ်လို့ထင်နေလို့သာ
အရာရာအားလုံးအပေါ်မှာ
စွဲလမ်းနေကြတာပါ
စွဲလမ်းတဲ့စိတ်တွေကြောင့်ပဲ
ဆင်းရဲဒုက္ခရောက်နေကြတာပါ
တကယ်တော့
မွေးဖွားတုန်းကအချိန်နဲ့
အခုရောက်နေတဲ့အရွယ်ကိုပြန်စဉ်းစားကြည့်ပါ
ခဏလေးပါပဲ ။
ဒါမှမဟုတ်ရင်
ကိုယ်နဲ့အတူ ၅နှစ်လောက်အတူနေခဲ့တဲ့သူငယ်ချင်းက
သေဆုံးသွားတယ်ဆိုပါစို့
အတူနေခဲ့တဲ့အချိန်တွေကို
ပြန်တွေးကြည့်ပါ
ခဏလေးပါပဲ ။
ဒါဆိုရင်
ခဏလေးပါပဲဆိုတဲ့ဝေါဟာရကို
နားလည်းလောက်ပါပြီ
ဒီသဘောကို
နားမလည်ရင်တော့ (မြဲတယ်လို့ထင်နေရင်တော့ )
သင့်ဘဝရဲ့လက်ကျန်အချိန်တွေဟာ
စိတ်ချမ်းသာမှု (တရားအစစ် )ဆိုတာ
ရှာတွေဖို့ခက်ခဲလိမ့်မယ် ။
ဘယ်အရာမဆို
မမြဲတဲ့အပေါ်မှာ
မှန်ကန်တဲ့အမြင်စိတ်လေးထားနိုင်ရင်
သင့်ဘဝရဲ့လက်ကျန်အချိန်တွေဟာ
တန်ဖိုးရှိပြီး
စိတ်ချမ်းသာမှု (တရားအစစ် )ဆိုတာ
ရှာတွေ့မှာပါ ။
ဒါကြောင့်
ဘယ်အရာမဆိုအရမ်းစိတ်မညစ်ပါနဲ့
အရမ်းလည်းမပျော်ရွှင်ပါနဲ့
လောကဓံတရားတွေကို
အလယ်အလတ်လမ်းစဉ်နဲ့ပဲ
ဖြတ်ကျော်ပါ
တစ်ခုလေးတော့
ပြောလိုက်ပါရစေ...
"ဘယ်အရာမဆိုခဏလေးပါ "
မေတ္တာဖြင့်
မျိုးဆက်သစ်အရှင်(ဖိုလေးလုံး)
No comments:
Post a Comment