စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Monday, August 27, 2018
ပါရမီ​မြောက်​​အောင်​ ဘယ်​လိုလှူရမလဲ
" ပါရမီ​​မြောက်​​အောင်​ဘယ်​လိုလှူရမလဲ ? "
    ••••••~~~~~~•••••••••
၁။ယသကာမတာယ ပဝတ္တိတံ ဟီနံ၊
   လှူဒါန်းတဲ့အလှူဟာ "ယုတ်​ညံ့တဲ့အလှူ"လို့​ခေါ်တယ်​။
၂။ပုညဖလကာမတာယ ပဝတ္တိတံ မဇ္ဈိမံ၊
  လှူဒါန်းရင်​"အလယ်​အလတ်​အလှူ"လို့​ခေါ်တယ်​။
၃။ကတ္တဗ္ဗ​မေဝိဒန္တိ အရိယဘာဝံ နိဿာယ ပဝတ္တိတံ ပဏိတံ၊
    အရိယာတို့ရဲ့အ​လေ့ကိုမှီပြီးနိဗ္ဗာန်​ကို
ရည်​မှန်းပြီးဦးတည်ပြီးလှူဒါန်းရင်
"အမြင့်​မြတ်​ဆုံး ပါရမီ​မြောက်​တဲ့အလှူ "လို့​ခေါ်တယ်​။
ကဲဒါဆိုရင်
သိန်း​ပေါင်းများစွာလှူလှူ
သိန်း​ပေါင်းများစွာမတတ်​နိုင်​လို့
တစ်​ကျပ်​ ငါးမူးပဲလှူလှူ
ဘယ်​လိုစိတ်​နဲ့လှူမလဲဆိုတာ ကိုယ်​ကိုယ်​တိုင်​​ရွေးချယ်​ရမှာပါ
၁​။ယုတ်​ညံ့တဲ့အလှူနဲ့လှူမလား
၂။အလယ်​အလတ်​အလှူနဲ့လှူမလား
၃။အမြင့်​မြတ်​ဆုံးပါရမီ​မြောက်​​အောင်​လှူမလား
မှတ်​ချက်​​ပေးချင်​တာတစ်​ခုက​တော့
နံပါတ်​{၁} နဲ့လှူရင်း​တော့ နံပါတ်​{၁}အကျိုးကိုပဲရမှာပါ။
နံပါတ်​{၂}နဲ့လှူရင်း​တော့ နံပါတ်​{၁} {၂}အကျိုး၂ခုကိုပဲရမှာပါ။
နံပါတ်​{၃}နဲ့လှူရင်း​တော့ နံပါတ်​ {၁}{၂}{၃} အကျိုး ၃ခုလုံးရမှာပါ ။
ဒါ​ကြောင့်​ဘာ​​ကြောင့်​ပဲလှူလှူ
ဘယ်​​လောက်​ပဲလှူလှူ
ဘုရား​လောင်းလမ်းစဉ်
နံပါတ်​{၃}ဖြစ်​တဲ့
နိဗ္ဗာနဿ ပစ္စ​ယော ​ဟောတု ဆိုတဲ့
နိဗ္ဗာန်​ကိုဦးတည်​ပြီး ရည်​မှန်းပြီး လှူမှ ပါရမီ​မြောက်​ပြီး
အမြင့်​မြတ်​ဆုံးအလှူဖြစ်​မှာမို့
ဓမ္မမိတ်​​ဆွေသူ​တော်​စင်​တို့အ​နေ​နဲ့
" ပါရမီ​မြောက်​​အောင်​လှူတတ်​ဖို့ "အထူး​ရေးသား၍​ဟောကြားလိုက်​ပါတယ်​။
ဓမ္မမိတ်​​ဆွေများအားလုံးလည်း
ပါရမီကုသိုလ်​ဒါန​တွေကို
ကိုယ်​စီကိုယ်​စီရရှိပိုင်​ဆိုင်​နိုင်​ကြ၍
နိ​ဗ္ဗာန်​၏အ​ထောက်​အပံ့​များဖြစ်​ကြပါ​စေ...။
မျိုးဆက်​သစ်​အရှင်​{ဖို​လေးလုံး}
No comments:
Post a Comment