စွယ်တော် လေးဆူ
🙏🙏🙏🙏🙏🙏🙏🙏🙏
မြတ်ဗုဒ္ဓရဲ့  စွယ်တော်မြတ်လေးဆူတို့သည်သုတ်မဟာဝါပါဋ္ဌိတော် ပရိနိဗ္ဗာနသုတ် အဆုံး၌
"ဧကာ ဟိ ဒါဌာ တိဒိဝေဟိ ပူဇိတာ၊
ဧကာ ပန ဂန္ဓာရပုရေ မဟီယတိ။
ကလိင်္ဂရညော ဝိဇိတေ ပုနေကံ၊
ဧကံ ပန နာဂရာဇာ မဟေတိ" လို့ ဆိုသည့်အတိုင်း
၁။ တာဝတိံသာ စူဋ္ဌာမဏိ စေတီထဲတွင် တစ်ဆူပူဇော်ထားရှိ၍။
၂။ နဂို ဂန္ဓာရတိုင်းခေါ် အခု အာဖဂန်နစ္စတန် တောင်ပိုင်း၌ တစ်ဆူပင့်ဆောင်ပူဇော်ထားရှိပြီး၊ ယ္ခုအခါ(အဲဒါကို တချို့ က တရုပ်ဘုန်းကြီးတွေ ပင့်ယူသွား၏ ။)ဆိုထားခြင်းကြောင့်တရုတ်ပြည်မ၌ရှိသောစွယ်တော်သည်အစစ်ဟုဆိုရမည်ဖြစ်လို။
၃။ နဂို မြန်မာပြည်၏ အနောက်ဘက် ကလိင်္ဂတိုင်း-ဆိုတာ ရှိခဲ့ဖူးတယ်။ အဲဒီတိုင်းပြည်ပျက်တဲ့အခါ ဟေမမာလာမင်းသမီးနှင့် မင်းသားတို့သည် ထီးနန်းစည်းစိမ်ကို စွန့်ပြီး စွယ်တော်ကို ယူကာ မြန်မာပြည်ထဲ ဖြတ်ကျော်ဝင်လာပြီး ထိုမှတဆင့်သီဟိုဠ်ဘက်သို့ကူးသွားကာ (ရှေးက သီဟိုဠ် ယနေ့ သီရိလင်္ကာနိုင်ငံ) ကန္နီမြို့  စွယ်တော်တိုက်ထဲတွင် ပူဇော်ထားရှိ၏။
၎။ ဘောဂဝတီ နဂါးပြည် ဘုရားထဲတွင် စွယ်တော်တစ်ဆူကို-ပူဇော်ထားကြောင်းဟု မှတ်ယူသိရှိထားသင့်ပေသည်။
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။
ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ။
နေ့ရက်တိုင်းမှာ သာယာပျော်ရွှင်မှုအပေါင်းနဲ့ပြည့်ဝကြပါစေ။
No comments:
Post a Comment