စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, August 28, 2018

ဆေး​ကြောပြီး​သော လက်​ရှိသူ

#ဆေးကြောပြီးသောလက်ရှိသူ
****************************
သဒ္ဓါတရားကောင်းသူ  အပေးအကမ်းရက်ရောသူကို
"ဆေးကြောပြီးသောလက် ရှိသူ"  လို့ မြတ်စွာဘုရား ဟောတော်မူတယ်။ 

ဆေးကြောပြီးသောလက် ရှိသူသည် …
မိမိပစ္စည်းကို  ပေးကမ်းဖြန့်ဝေရန် အသင့် ဖြစ်နေတတ်တယ်။
တောင်းရ ရမ်းရ အလွန်လွယ်တယ် ။ ပေးချင် ကမ်းချင်တယ် ။
လှူချင် တန်းချင်တယ်။  မိမိ စားနေတဲ့အထဲက ခွဲဝေကျွေးမွေးတတ်တယ် ။ ပေးရ ကျွေးရမှလည်း ကျေနပ်တယ် ။

သဒ္ဓါတရားကောင်းသူမှာ "မစ္ဆရိယ အညစ်အကြေး" ကင်းစင်နေတယ်။

မစ္ဆရိယသမားရဲ့လက်ဟာ  ညစ်ပေနေတဲ့လက် ဖြစ်တယ်။
မစ္ဆရိယ အညစ်အကြေး အနည်းငယ် စွန်းငြိ ညစ်ပေနေရင်
ကိုယ့်ပစ္စည်းကို ဆုပ်ကိုင်ထားလိုက်တယ်။ များများ ညစ်ပေလျှင်ကား သူတပါး  ပေးကမ်းလှူဒါန်းနေတာကို အချောင် နှမြောပြီး ဝင်ရောက် ဟန့်တားတတ်တယ်။ ကဲ့ရဲ့ အပြစ်တင်တယ်။
( ကာဠ အမတ်ကြီးဟာ ပသေနဒီကောသလဘုရင်ရဲ့ အသဒိသ ဒါနပွဲကို ပြစ်တင်ဝေဖန်မိလို့  အပြစ်ကြီးစွာ ရဖူးတယ် ။)

ဒါကြောင့် …
မစ္ဆရိယ အညစ်အကြေး   ကင်းဝေး သန့်စင်နေသူကို 
" ဆေးကြောပြီးသောလက် ရှိသူ"   လို့  ဆိုရတယ်။

#ပါချုပ်ဆရာတော်
>donation.of.dhamma

***#ဓမ္မမိတ်ဆွေများ အသိဉာဏ် ဗဟုသုတ
နှင့်ကုသိုလ်တရားများ စဉ်ဆက်မပြတ်ပွားများ
နိုင်ကြပြီးမင်္ဂလာရှိသောနေ့တနေ့ဖြစ်ပါစေ***

Credit to original uploaded.

No comments:

Post a Comment