စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, August 2, 2020

ဘယ်ကုသိုလ်အမြတ်ဆုံးလဲ

#ဘယ်ကုသိုလ်ကအမြတ်ဆုံးလဲ

အလှူဒါနထဲမှာ မြတ်စွာဘုရားက အမြင့်ဆုံး ကုန်ကျစရိတ်လည်းအများဆုံးမို့ ကျောင်းအလှူဟာ အကောင်းဆုံးလို့ဟောတယ်နော် 

အကြာလည်းခံတယ် ဒီ အကျိုးပြုတာထဲမှာ သက်တမ်းရှည်ကြာတဲ့ အကျိုးပြုမှုရတာဖြစ်သောကြောင့် ကျောင်းအလှူကို အကောင်းဆုံးလို့ဟောတယ်။ 

ကျောင်းအလှူထက် ကောင်းတဲ့ ကုသိုလ်ရှိလားလို့ဆိုတော့  သရဏဂုံဆောက်တည်တာ နော် ဘုရားတရားသံဃာရတနာသုံးပါးကို 

ဒီအသက်စွန့်ပြီးတော့ ရာသက်ပန်ဘုရားကို ကိုယ့်ခန္ဓာကိုယ်ကို ဘုရား
ကိုစွန့်လှူပါတယ်ဆိုတဲ့ အဓိပ္ပါယ်။ ဘုရားရဲ့အဆုံးအမတိုင်းနေပါ့မယ် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ-ဘုရားကို အသက်အပ်နှင်းပါတယ်၊ 
ငါ့ဘဝရဲ့ ကောင်းကျိုးဆိုးကျိုးဟာ ဘုရားရဲ့ အဆုံးအမတိုင်းနေမယ်၊

 ဓမ္မံသရဏံဂစ္ဆာမိ သံဃံသရဏံ ဂစ္ဆာမိ လို့ ရတနာသုံးပါးကို ကိုယ့်ကိုယ်ကို စွန့်လွှတ်အပ်နှင်းခြင်းဟာ  သရဏဂုံလို့ခေါ်တယ်။

အဲ့ဒီသရဏဂုံကုသိုလ်ဟာ ခုနကျောင်းဆောက်တဲ့ ကုသိုလ်ထက်မြတ်တယ်လို့ ဒီလိုဆိုတယ်၊ 

တခါ သရဏဂုံဆောက်တည်ပြီးတဲ့အခါ ငါးပါးသီလဆောက်တည်လိုက်တယ်။ အဲ့ဒီငါးပါးသီလကို လုံလုံခြုံခြုံထိန်းသိမ်းလိုက်ရင် ခုနသရဏဂုံသက်
သက်ဆောက်တည်တဲ့ကုသိုလ်ထက် ငါးပါးသီလနဲ့ တွဲဖက်ဆောက်တည်တဲ့အခါကျတော့ ပိုမြတ်သွားတယ်လို့ ဒီလိုဆိုလိုတယ်၊ 

ဒါဖြင့် ဒီထက်ကောင်းတဲ့ ကုသိုလ်ရှိသေးလားလို့ဆိုတော့ ရှိသေးတယ်၊ သတ္တဝါအားလုံးအပေါ်မှာ ခြုံငုံပြီးတော့
မေတ္တာပွားတဲ့၊ မေတ္တာပို့တဲ့ကုသိုလ်ဟာ ဒီခုနပြောခဲ့တဲ့ ကုသိလ်ထက်ပိုကောင်းတယ်လို့ဆိုတယ်၊ 

ဒါဖြင့် မေတ္တာပို့တဲ့ ကုသိုလ်ထက်ကောင်းတဲ့ကုသိုလ်ရှိသေးလားဆိုတော့ ရှိသေးတယ်၊ အနိစ္စသညာ ဘာဝေတဗ္ဗာ- ဘယ်အရာမှ မမြဲဘူးလို့
ဆိုတဲ့ဝိပဿနာတရားကို အားထုတ်ပါလို့ ဆိုလိုတယ်။

အဲ့ဒီဝိပဿနာကုသိုလ်ကတော့ အမြတ်ဆုံးပဲ သူ့ထက် မြတ်တဲ့ကုသိုလ်မရှိ‌တော့ဘူး 

ဘာကြောင့်တုန်းဆိုရင် ဝိပဿနာကုသိုလ်ရဲ့ အကျိုးဟာမဂ်ဖိုလ်ပဲ လာတော့မှာဖြစ်တယ်၊ တခြားဟာမလာ
ဘူး၊ မဂ်ဖိုလ်တိုက်ရိုက်ဆက်သွယ်သွားတဲ့ကုသိုလ်ဖြစ်သည့်အတွက်ကြောင့် လုပ်လို့ရတဲ့ ကုသိုလ်တွေထဲမှာ ဝိပဿနာကုသိုလ်ဟာ အမြင့်ဆုံးပဲ၊ 

မဂ်ကုသိုလ်ဆိုတာ လုပ်လို့ရတဲ့ ကုသိုလ်မဟုတ်ဘူး၊ ဝိပဿနာအားထုတ်လို့ ဖြစ်ပေါ်လာတဲ့ ကုသိုလ်
မျိုးသာဖြစ်တယ်ပေါ့ ။ဆိုပါစို့ မီးထွန်းလိုက်တယ်  မီးထွန်းလိုက်လို့ ရတဲ့ အလင်းပဲဖြစ်တယ်သူက၊ 

ဖယောင်းတိုင်မီးလေးထွန်းလိုက်လို့ မီးကြောင့်ဖြစ်ပေါ်လာတဲ့ အလင်းလေးမျိုးလိုပဲ၊ မီးထွန်းရတာနဲ့ ဝိပဿနာနဲ့တူတယ်၊ ဖြစ်ပေါ်လာတဲ့ အလင်းနဲ့ မဂ်ကုသိုလ်နဲ့တူတယ် ။
 သူကတော့  မဂ်ကုသိုလ်ရအောင်လုပ်ရတာတော့ မဟုတ်ဘူး ဝိပဿနာပဲအားထုတ်ရတယ်။ 

အဲ့တော့ ဒီသ‌ဘောတွေကိုနားလည်ပြီး တို့တတွေဟာ ကုသိုလ်တွေ တဆင့်ပြီးတဆင့်ပိုပြီးတော့ အမြတ်ဆုံးကုသိုလ်မျိုးတွေရအောင်တို့တတွေကြိုးစားအားထုတ်ကြမယ်လို့ ကိုယ်စီကိုယ်စီနှလုံးသွင်းပြီးတော့ လူဘဝရတဲ့အခိုက်မှာ ကုသိုလ်တရားဖြစ်ပွားခြင်းဟာ အရေးကြီးဆုံးပဲဖြစ်တယ်လို့ 

သတိထားကာ ကုသိုလ်တရားဖြစ်ပွားအောင် ကြိုးစားနိုင်ကြပါစေကုန်သတည်း။

#ပါချုပ်ဆရာတော်ဘုရားကြီး

Credit...

No comments:

Post a Comment