မင်း အာနာပါနကို အားထုတ်တာ တစ်နာရီလောက် သမာဓိရတယ်ဆိုတာ ဟာ
ဝီရိယရှိလို့ပေါ့။အဲဒါ 'သမ္မာဝါယမ' လို့ခေါ်တယ်။
မင်းစိတ်က လေကိုရှူတိုင်း ရှူတိုင်း ရင်ညွှန့်ကိုရောက်တိုင်း ရောက်တိုင်း သိရဲ့လား။
(သိပါတယ်ဘုရား)
အေး မင်းအဲဒါကိုသိနေတယ်ဆိုတာ သတိကို လက်မလွတ်လို့ သိတာ။ အဲဒါ "သမ္မာသတိ" လို့ခေါ်တယ်။
မင်း အာနာပါနကို အားထုတ်နေတုန်း မင်းစိတ်ဟာ ထားတဲ့ ရင်ညွှန့်မှာပဲရှိနေပြီး
တခြားအာရုံသို့ ရောက်မသွားတာကို "သမ္မာသမာဓိ" လို့ခေါ်တယ်။
စိတ်က ကိုယ်ထားတဲ့နေရာမှာ တည်နေတာပေါ့။
အေး မင်းသမာဓိတော့ရပါပြီ။ ဒါပေမယ့် ဒါထက်သမာဓိကောင်းကောင်းကြီးရဖို့ အားထုတ်ရန် လိုနေသေးတယ်။
၀ငျလေ - ထွက်လေ ရှူတဲ့အခါ နှာခေါင်းထဲက ရှူရမယ်။ ပါးစပ်ကမရှူရဘူး။
နှာခေါင်းက ရှူလည်း ဘယ်ကရှူတယ်၊ ညာဘက်ကရှူတယ်ဆိုတာတွေ လိုက်နေဖို့မလိုဘူး။ သမာဓိရဖို့ပဲ အရေးကြီးတယ်။
နှာခေါင်းကရှူရင် ရှူတာသိရမယ်။ ရှိုက်ရင် ရှိုက်တာသိရမယ်။
မင်းကို ပထမ အာနာပါန အားထုတ်ခိုင်းစဉ်ကလည်း စိတ်ကို ရင်ညွှန့်မှာ အကပ်ခိုင်းတယ်။
အခုတစ်ခါ အားထုတ်ရမှာက (နှာသီးဖျား ရင်ညွှန့် ၊ ချက်)ရောက်တိုင်းရောက်တိုင်း ဝင်လေရှူလိုက်တဲ့အခါ -နှာသီးဖျားကအစ၊ ရင်ညွှန့်အလယ်၊ ချက်အဆုံး ၀ငျ
တာကိုသိရမယ်။
လေထုတ်လိုက်တဲ့အခါမှာလည်း ချက်အစ၊ ရင်ညွှန့်အလယ်၊ နှာသီးဖျားအဆုံး ထွက်တာကို သိလိုက်ရမယ်။
ဒီလိုအားထုတ်ပြီး အသိလိုက်သွားရင် အာရုံတခြားထွက်မသွားပဲ၊ သမာဓိ ကောင်းကောင်းကြီးရနိုင်တယ်။
နောက် အလေ့အကျင့်
ကောင်းကောင်းရသွားရင် ၁၅-မိနစ်လောက်နဲ့
သမာဓိ ထူထောင်နိုင်တယ်။
မင်းသိဖို့ရာက - မင်း အခုရှူရှိုက်နေတာက ရုပ်၊ ဒီရှူရှိုက်နေတာကို သိတာက နာမ်၊
အဲဒီရုပ်နာမ် ၂-ပါး ပိုင်းခြားသိတဲ့အခါ 'နာမရူပ ပရိစ္ဆေဒဉာဏ်'။
ဝိသုဒ္ဓိလိုပြောရင် 'ဒိဋ္ဌိဝိသုဒ္ဓိ'
တစ်ပေါင်းတည်းဖြစ်လာတယ်။ မြဲမြဲမှတ်ထားနော်။
မင်း ကမ္မဋ္ဌာန်းအလုပ်၀င်တဲ့အခါ သိဖို့ရာက -
၁။ အာရုံနဲ့ သိမှတ်တဲ့စိတ်လို့
၂- မျိုး မှတ်ထားရမယ်။
၂။ အာရုံနဲ့ သိမှတ်တဲ့စိတ်ဟာ တည့်တည့်နေအောင် ရှုရမယ်။
၃။ အာရုံထဲက စိတ်ထွက်မသွားအောင် သတိပြုရမယ်။
၄။ ကမ္မဋ္ဌာန်းအလုပ်၀င်တဲ့အခါ စိတ်က ဘာတစ်ခုမှ မစဉ်းစားနဲ့၊ ဘာအာရုံမှ ၀ငျမလာစနေဲ့။
မင်းဟာ စိတ်တစ်လုံးကို နိုင်အောင် ဆုံးမနိုင်ရင်ကိလေသာနူနာ အမြစ်ပြတ်နိုင်တယ်။
စိတ်တစ်လုံးကို မနိုင်ရင်တော့ လောကီအလို မင်းချမ်းသာရာ ရမှာမဟုတ်ဘူး။
လောကုတ္တရာအလိုလည်း
ထောင့်ငါးရာကိလေသာနူနာ
အမြစ်ပြတ်မှာမဟုတ်ဘူး။
မင်းစိတ်ကို နိုင်အောင် ဒီလိုဆုံးမ၊ ငါဥပမာလေးပြမယ်။
၁။ နွားကျောင်းသားဟာ
နွားရိုင်းကို ဆုံးမချင်ရင်
ချည်တိုင်ကို ခိုင်ခိုင်စိုက်။
နွားရိုင်းကို နဖားကြိုးထိုး၊
ချည်တိုင်မှာ ကြိုးနဲ့မြဲမြဲချည်ပြီး ဆုံးမသလိုပဲ ..
ချည်တိုင်နဲ့တူတဲ့ ကမ္မဋ္ဌာန်း 'အာရုံ' မှာ၊ နွားရိုင်းနဲ့တူတဲ့ "စိတ်" ကိုကြိုးနဲ့တူတဲ့ 'သတိ' တရားဖြင့် တင်းတင်းကြပ်ကြပ် ချည်ပြီး ဆုံးမရမယ်။
မင်းစိတ်ကို ဒီအတိုင်းဆုံးမ ။
၂။ ကဲကွာ - မင်းကို
နောက်တစ်မျိုးထပ်ပြောပါဦးမယ်။
အပေါက် ၆-ပေါက်ရှိတဲ့
တောင်ပို့ကြီးထဲမှာ
ရှိနေတဲ့ ဖွတ်တစ်ကောင်ကို
အမိဖမ်းချင်ရင်
အပေါက် ၅-ပေါက်ကို လုံအောင်ပိတ်။
ကျန်တဲ့ အပေါက်ကနေပြီး စောင့်ဖမ်းရင် ဒီဖွတ်ကို မိသလို ..
မင်းရဲ့ မျက်စိ၊ နား၊နှာခေါင်း၊ လျှာ၊ ကိုယ် ဆိုတဲ့ ဒွါရ ၅- ပေါက်ကို ပိတ်ပြီးကျန်တဲ့ မနောဆိုတဲ့ အပေါက် စောင့်ဖမ်းရင် မင်းရဲ့ ဖွတ်နဲ့တူတဲ့ စိတ်ကို မိရောပေါ့။
ကဲ ကဲ မင်းသမာဓိကို ကောင်းကောင်းရအောင်
ထပ်ပြီး အားထုတ်ချေဦး ။
🙏🙏🙏
မိုးကုတ်ဆရာတော်ကြီး အလုပ်ပေးတရားမှ