စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, June 19, 2023

ဓမ္မ,အဖော်သာ အကောင်းဆုံးပါ

ဓမ္မ,အဖော်သာ အကောင်းဆုံးပါ
🌿🌿🌿🌿🌼🌹🌼🌿🌿🌿🌿

တစ်ချို့ဆက်ဆံရေးတွေက
နားလည်မှုတွေ
ဘယ်လောက်ပေးပေး
လိုရင်ပြုံး
မလိုတော့ရင် မုန်းတတ်ကြလို့
တစ်နေ့ ခွဲရမယ်ဆိုတာ လက်ခံထားဖို့လိုတယ်။

ဘယ်လောက်ဆွဲထားထား
လောကမှာ
မြဲနေတာ
ဘာမှမရှိဘူးဆိုတာ
လက်ခံရင် အစွဲပေါ့ပြီး စိတ်ပေါ့ပါးတယ်။

ဘယ်လောက်ဘဲ
ဖြည့်ဆည်းပေးပေး
အလိုမကျတဲ့တစ်နေ့..
အပြစ်တွေပြပြီး 
ဆက်ဆံရေးတွေ ကျဲသွားတတ်တယ်။

ဓမ္မနဲ့ မနေတတ်ရင်တော့
အဖော်တွေမက် 
အပျော်တွေဆက်ပြီး
အသက်ကြီးလေ 
အထီးကျန်လေဖြစ်တတ်တယ်။

လူမှုးရေးနဲ့စပ်တဲ့
မိတ်ဆွေဆိုတာ သေတဲ့အခါ 
သုဿန်တော့ လိုက်ပို့ချင် ပို့လိမ့်မယ်။

ဓမ္မနဲ့စပ်တဲ့
မိတ်ဆွေကောင်းကတော့
သေခါနီးအချိန်ထိ ဖေးမကူညီလေ့ရှိပါတယ်။

အဖော်တကာ အဖော်ထဲမှာ
ဓမ္မအဖော်နဲ့
ဓမ္မနဲ့စပ်တဲ့အဖော်သာလျင်
ပစ္စုပ္ပန်,သံသရာအတွက် အားကိုးဖြစ်စေမှာပါနော်..

မေတ္တာတရားကြောင့် အေးချမ်းကြပါစေမေတ္တာဖြင့်..
#အရှင်နန္ဒိယ( သာကီနွယ် )

No comments:

Post a Comment