ခုကောင်းမှနောင်ကောင်းမှာပါ
🍂🍂🍂🍂🌷🌷🌷🍂🍂🍂🍂
အတိတ်ကံကောင်းခဲ့လို့
လက်ရှိဘ၀ သာယာနေတာပါ ။
လက်ရှိကောင်းအောင်နေမှလည်းအနာဂတ်ဘ၀ဟာ
ပိုကောင်းနိုင်မှာ မဟုတ်ပါလား ။
သံသရာခရီးသွားတွေဆိုတာ
ကုသိုလ်တရားနည်းလို့ မဖြစ်သလို
ပုထုဇဥ်ဘ၀ဆိုတာလည်း
ဘ၀ကောင်းရဖို့ ဂရုစိုက်ကြရမှာပါ ။
တမလွန်းဆိုတာအနီးလေးမို့
စိတ်ကောင်းလေး အမြဲမွေးထားပါ ။
ကံသုံးပါးဟာ ကောင်းနေရင်
ဆင်းရဲတဲ့ဘ၀ မရောက်နိုင်ပါဘူး ။
အပြောကညံ့ အလုပ်ကဆိုး
အကြံစည်အောက်တန်းကျရင်တော့
ကိုယ်ယူမိထားခဲ့တာတွေအတွက်သံသရာမှာ စာရင်းရှင်းကြရမှာပါ ။
အကြောင်းတရားမကောင်းခဲ့ရင်အကျိုးရလာဒ်တွေမကောင်းနိုင်လို့
ဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်ပါစေ
သိက္ခာရှိရှိ ရိုးသားစွာနေဖို့လိုပါတယ် ။
No comments:
Post a Comment