စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, June 19, 2023

သုံးချောင်းထောက် စားပွဲ

သုံးချောင်းထောက် စားပွဲ
🌷🌷🌷🌿🌼🌿🌷🌷🌷

ဗုဒ္ဓဘုရားရှင်လမ်းစဉ်က
ကမ္မဝါဒပါ။ သို့သော်..ကံ,ဉာဏ် ဝီရိယ သုံးပါးစလုံး ညီညွတ်မှသာ အဆင်ပြေနိုင်ပါတယ်။

ကိုယ်ကျင့်သီလ စင်ကြယ်ရင်
ကံကောင်းတယ်ဆိုပေမဲ့..
ကံကိုအားကိုးပြီး ဆုတောင်းနေရုံနဲ့ အဆင်မပြေနိုင်ပါဘူး..။

ဉာဏ်ပညာနဲ့
ဝီရိယ,မပါရင်လည်း
ကြိုးစားသလောက်
အရာမရောက်နိုင်ပါဘူး..။

ကံ,တစ်ခုတည်းယုံပြီး
ကြိုးစားလို့ အဆင်ပြေနေရင်တောင်.!

ဉာဏ်ပညာ,နဲ့ 
ဝီရိယမပါတဲ့အတွက်
ရလဒ်တွေက
မသေချာ မရေရာခြင်းတွေနဲ့
မသေခင် ချာချာလည်နေဦးမှာပါ..။

ဘဝဆိုတာ သုံးချောင်းထောက်စားပွဲလိုပါ။ ကံ,ဉာဏ်,ဝီရိယ
ခြေတစ်ချောင်းကျိုးရင်
ရပ်တည်မှု မခိုင်မြဲ ယိုင်လဲသွားတတ်တယ်။

ကံ,ကိုယုံရင်
ကိုယ်ကျင့်သီလမြဲဖို့လိုသလို
ဉာဏ်,ပညာကိုယုံမှ
အနာဂါတ် သေချာပါလိမ့်မယ်..
ဝီရိယကတော့ နေရာတိုင်း မပါမဖြစ်တဲ့ ဆားလိုပဲမို့မဖြစ်မနေ အသုံးပြုနေရပါလိမ့်မယ်..။

စိတ်နှလုံး အေးချမ်းကြပါစေ။

မေတ္တာဖြင့်..
#အရှင်နန္ဒိယ( သာကီနွယ် )

No comments:

Post a Comment