ဘယ်လိုချမ်းသာအောင် နေမလဲ ....
လူအများစုဟာ ဆိုးဝါးတဲ့ဝေဒနာတွေ သေချာပေါက် တွေ့ကြရမှာပါ။
အနာရောဂါအသေးလေးတွေကို
အစမ်းစာမေးပွဲလေးတွေလို့
သဘောထားနိုင်ရင်အလွန်ကောင်းမယ်..
ကိုယ်ဘယ်လို ရင်ဆိုင်သလဲ..
အဆင်ပြေလား..
မပြေဘူးလား..
ဘာတွေလိုအပ်နေသလဲ..
ကိုယ့်ရဲ့အားသာချက်တွေ
အားနည်းချက်တွေကို သိရတာပေါ့..
အနာရောဂါတွေကို အနာဂတ်အတွက်
ပြင်ဆင်ဖို့တွန်းအားတွေအဖြစ်
အသုံးချနိုင်ရင် အလွန်ကောင်းမယ်..
ကိုယ်ရင်ဆိုင်တတ်မှ
ကိုယ်ချမ်းသာမှာ..
ဒုက္ခဖြစ်ကြမှာက သေချာတယ်..
ရင်ဆိုင်နိုင်စွမ်းသည်သာလျင် အားကိုးရာရှိတယ်
ဆိုတာလည်း သေချာတယ်..
အမှန်သိမှု ... တရားအသိရှိမှ
ရင်ဆိုင်နိုင်မယ်ဆိုတာလည်း သေချာတယ်..
ဒီအချိန်က ကိုယ်အားထုပ်နေကျ
ဝေဒနာကို တခြားအရာဝတ္ထု တစ်ခုကို
ကြည့်သလိုမျိုး ကြည့်နေသင့်တဲ့အချိန်။
တတ်နိုင်သမျှ
ပစ္စုပ္ပန်တည့်အောင်ကြည့်။
ပိုင်းဖြတ် ပိုင်းဖြတ် ပီးကြည့်။
အခု ဖြစ်နေတယ်
အခု ဖြစ်နေတယ်
ဖြစ်ပီးသားကိုထားခဲ့
ဖြစ်ခိုက် ဖြစ်ခိုက် အလွန်တိုတောင်းတဲ့
အခု အခိုက်အတန့်လေးတွေကို ကြည့်ကြည့်သွား။
အရှုံးမပေးရဘူး..
ရသလောက်တော့
လုပ်မှာပဲဆိုပီး ကြိုးစား..
ကြိုးစားတာက ကျေနပ်စရာကောင်းတယ်..
နောက်ပီးတော့ အတွေ့အကြုံရတယ်..
အတွေ့အကြုံရှိထားဖို့လိုတယ်..
မြင့်မြတ်တဲ့အလုပ်မှာ
အတွေ့အကြုံရှိတယ် ဆိုတာ တန်ဖိုးရှိတယ်
အဲ့အတွေ့အကြုံ နည်းနည်းလေးတွေက
စုပေါင်းပြီး အားကြီးလာရင်
တစ်နေ့ ဒီထက်မကတဲ့ ဝေဒနာခံစားရချိန်တန်ဖိုးအကြီးဆုံး အတွေ့အကြုံဖြစ်လာမယ် ။
သစ္စာရွှေစည်
No comments:
Post a Comment