စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, October 24, 2023

အချိန်ပိုင်းပြီးအဓိဋ္ဌာန်ပါ

အချိန်ပိုင်းပြီးအဓိဋ္ဌာန်ပါ
_________🌻🌸🌻_________

#တခါတရံ အဆင်မပြေမှုတွေ
 ကြုံရတဲ့အခါ  စိတ်ဓာတ်
ကျတတ်တယ်။ စိတ်ဓာတ်
ကျပြီဆိုရင် ဘာအလုပ်မှ 
မလုပ်ချင်တော့ဘူး။ 
ဘယ်သူနှင့်မှ မတွေ့ချင်တော့ဘူး။
တောင်တွေးမြောက်တွေးနှင့် 
တမှိုင်မှိုင် တတွေတွေ ဖြစ်သွားတယ်။

#ဒါဆိုရင် " ဒီနေ့ ငါ ဘုရားသွားပြီး 
တစ်နာရီ တရားထိုင်မယ်" လို့
အဓိဋ္ဌာန်ပြီး တရားထိုင်ပါ။ 
တရားထိုင်လိုက်သည့်အတွက် 
စိတ်က ငြိမ်သွားတယ်။ 
ငြိမ်ရင် ငြိမ်းပြီပေါ့။ 
ဒါကြောင့် သောကဖြစ်ပြီဆိုရင် 
အချိန်ပိုင်း အဓိဋ္ဌာန်ပြီး 
တရားထိုင်နိုင်အာင် ကြိုးစား၊ 
အဲဒါ အကောင်းဆုံးပဲ။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊
အေးငြိမ်းချမ်းသာ ရှိပါစေ"
____________________
#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

No comments:

Post a Comment