ဘာကုသိုလ်တွေ လုပ်ခဲ့တုန်းလို့ ဆိုတော့ ဒေါသတကြီးနဲ့ မျ က်လုံးကြီး ပြူးပြီးတော့ ဘယ်သူ့ကိုမှ
မကြည့်ခဲ့ဖူးဘူးတဲ့။
တချို့က တော့
မျက်လုံး
ပြူးပြတယ်နော်။
ကြောက်မလားလို့
ပြူးပြတာ။
စာထဲမှာ ဘ ယ်လောက်ထိအောင် ပြူးပြတုန်းဆို ပုစွန် လုံး မျက်လုံးလို ပြူးပြ တာ။
ပုစွန်လုံးရဲ့ မျက်လုံးက အပြင်ထွက်နေတဲ့ ဥစ္စာ။
အဲလောက်ထိတော့ ပြူးမ ယ်တော့
မထင်ပါဘူးနော်။
အဲဒီတော့ မျ က်လုံးတဲ့ ပုဂ္ဂို လ်ဟာတဲ့ ဘ ယ်သော အခါမှ သူများကို မျက်လုံးကြီးနဲ့ ဒေါသနဲ့ မျ က်လုံးပြူးပြီးတော့ မကြည့်ခဲ့ဖူးဘူးတဲ့။
အဲဒါ သတိ ထားကြပေါ့။
မျက်လုံးကြီး ပြူးပြူးပြီးတော့ မကြည့်ကြနဲ့
စိတ်ဆိုးပြီးတော့ အဲဒီ မျ က်လုံး ပြူးပြူးပြီးတော့
ကြည့်တဲ့ ပုဂ္ဂို လ်တွေဟာ မျက်လုံးကြောင်တာတို့ မျက်လုံးမလှတာတို့
မျက်ပေတုံးတာတို့ ဖြစ်တတ်တယ်တဲ့။
ဒီ ပါရမီ ပုံရိပ်တွေက ဒီထဲမှာ ရှိတယ်။
ကြည့် -
သူက ရှောင်တာလေ။
ဒါ ဒီကုသိုလ်က နည်းတဲ့ကုသိုလ် မဟုတ်ဘူး၊
ဒါ မျက်လုံး ပြူးမပြတဲ့ ကုသိုလ်ပဲနော်၊
မျက်လုံး
ပြူးကြည့်ခြင်းမှ ရှောင်တယ်တဲ့။
နောက်တစ်ခုက ဘာတုန်းဆို န စ
ဝိသာစိ
ဘယ်သူ့မှ မျက်စောင်းထိုးပြီးတော့ မကြည့်ဘူးတဲ့။
ငယ်ငယ်တုန်းကတော့
ပြောတယ်၊
ဟေ့ မျက်စောင်း မထိုးနဲ့၊ မျက်စော င်းထိုး မျက်ရိုး ကျိုးတတ်တယ် ဆိုတော့ အဟု တ်မှတ်တာ၊ ကြောက်နေရတာ ကြည့်စရာရှိ တည့်တည့်လေးပဲကြည့်နော်၊
မျက်စောင်းကြီး ခဲခဲပြီးတော့ မကြည့်လေနဲ့တဲ့။
ကြည့်ရင် မျက်စိစွေတတ်တယ်တဲ့
ဒီလိုဆိုလိုတာ
မျက်လုံး
မလှဘူး၊
ဒါ သူလုပ်ခဲ့တဲ့ ကံအရိပ်တွေက
လာပေါ်တာကိုး။
ပြီးတော့
န စ ပန
ဝိစေယျ
ပေက္ခိတာ သူတစ်ပါးကိုလည်း
တိတ်တိတ်ခိုးပြီးတော့
မကြည့်ဘူးတဲ့။
တချို့က
မကြည့်ချင်ယောင်ဆော င်ပြီးတော့
တိတ်တိတ် ခိုးကြည့်တာဟာလည်း မျက်လုံးက
မပွင့်တပွင့် လုပ်ကြည့်တာလည်း
ပါမှာပဲနော်။
တချို့က အိပ်ပျော်ချင်ယောင်ဆော င်ပြီးတော့
မျက်လုံးလေး မှေးပြီးကြည့်တာလည်း
ပါမှာပဲ။
အဲဒီတော့
သူလုပ်တဲ့
ပုံစံတွေက လာပေါ်နေတော့ မျက် လုံး ဘယ်လှမှာတုန်း။
မျက်လုံး
မှေးချင်လ ည်း မှေးမယ်၊
ပြူးချင်လ ည်း ပြူးမယ်၊
မျက်စိ
စွေချင်လည်း စွေမယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ
ဒီအကျိုးတွေ ခံစားနေရတာနော်။
မျက်စောင်းထိုးကြည့်တယ်၊
မျက်လုံး
ပြူးကြည့်တယ်၊
မျက်လုံး
မှေးကြည့်တယ်။
အဲဒါမျိုးတွေကြောင့်
ဒီလိုဖြစ်တာတဲ့။
အဲဒီလို မျက်လုံးကို အခုလို မဟုတ်တဲ့နေရာကို
အသုံးချပြီးတော့ မကြည့်ဘူးတဲ့၊
သူများကို ဒေါသစိတ်နဲ့ ဒီလို မလုပ်ဘူးတဲ့။
သူက ဘာလုပ်တုန်းဆိုတော့ ကြည့်ပြီဆိုလို့ရှိရင်
ရိုးရိုးဖြောင့်ဖြောင့်ပဲ ကြည့်တယ်။
ပကတိ
အရှိတိုင်း ကြည့်တယ်။
ရှိတာထက်
ပိုပြူးမပြဘူးလို့ ဆိုလိုတယ်။
တည့်တည့်
နေတာလည်း တည့်တည့်ပဲ ကြည့်တယ်၊
မျက်စောင်း
ခဲပြီးတော့
မကြည့်ဘူးလို့ ဒီလို
ဆိုလိုတယ်။
နောက်ဆုံးမှာ သူ့ကုသိုလ်က ဘာတုန်းလို့ဆိုတော့
ပိယစက္ခုနာ ဗဟုဇနံ
ဥဒိက်ခိတာ တဲ့။
ပိယစက္ခု- ဘယ်သူ့ ကြည့်ကြည့်
မေတ္တာမျက် လုံးနဲ့ပဲ
ကြည့်တယ်။
ဒေါသထွက်တဲ့ မျက်လုံးနဲ့ မကြည့်ဘူးတဲ့။
မေတ္တာမျက် လုံးနဲ့ပဲ
ကြည့်တယ်။
ဒီလို ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တာ။
ဒါမျက်လုံးနဲ့ ပတ်သက်တဲ့ ကုသိုလ်ကောင်းမှုနော်။
မျက်လုံးနဲ့ ပတ်သက်တဲ့
အကုသိုလ်ကိုလည်း မှတ် ထားဦး။
သို့သော်လည်း ဒီကုသို လ် အကုသို လ်ဆိုတာ
စိတ်ပါပါတယ်လို့
ဒီလိုပြောမယ်။
တစ်ခါတရံကျတော့ မျက်စိ
စွေနေတဲ့ ပုဂ္ဂိုလ်က
သူက မျက် လုံးကိုက
စွေနေတာ။
ငယ်ငယ်တုန်းက ကျောင်း သားဖော်ချင်းထဲမှာ မျက်စိစွေတဲ့ လူတစ်ယောက်ရှိတယ်။
သူက ကြည့်တာ ကိုယ့်ကြည့်တယ်လို့ မထင်ဘူး။
သူက တခြားကြည့်နေတယ်လို့ပဲ ထင်တာ မဟုတ်ဘူး သူက ကိုယ့်ကြည့်
ပြောနေတာ။ သူက စွေနေတာကိုး။
မျက်လုံး
စွေနေတဲ့ ပုဂ္ဂိုလ်က
တည့်တည့်မှ ကြည့်လို့
မရတာကိုး။
သူကြည့်ရင် ဘေးရောက်နေတာပဲ
အမြဲတမ်း မျက်လုံး
စွေတဲ့ လူလ ည်း တွေ့ဖူးတယ်။
အေး ဒါကြော င့်မို့လို့ ဆိုလို ရင်းကတော့
လူတွေကို ဒေါသနဲ့
မကြည့်ပါနဲ့
ဒီလိုပြောတာ။
ဒေါသထွက်တဲ့ အနေအ ထားနဲ့ ဒေါသမျက်လုံးနဲ့
မကြည့်ပါနဲ့တဲ့။
ပိယစက္ခုလို့ဆိုတဲ့ မေတ္တာမျက်လုံးနဲ့ပဲကြည့်ပါ။
အမြဲတမ်း ကူ ညီမယ်ဆိုတဲ့ မျက်လုံး၊
အကျိုးစီးပွားကို လိုလားတယ်ဆိုတဲ့ မျက်လုံး၊
သနားငဲ့ညှာတယ်ဆိုတဲ့ မျက်လုံးတွေနဲ့ ဒီလို ကြည့်ခဲ့တဲ့ ပုဂ္ဂိုလ်။
ဒါ ဒီပါရမီပုံရိပ်တွေက လာပြီးတော့ ပေါ်တာတဲ့။
မျက်လုံး လှတယ်ဆိုတာ ဒီကုသိုလ် ဒီပါရမီပုံရိပ် အမှတ်တံ ဆိပ် နှစ်မျိုးဟာ မေတ္တာမျက်လုံးနဲ့ ကြည့်ခဲ့တဲ့ ပုဂ္ဂိုလ်တွေမှာ လာပြီးတော့ ပေါ် ပေါက်လေ့ ရှိပါတ ယ်။
No comments:
Post a Comment