. သိစရာ နဲ့ သိတာ နှစ်ခု
မတူတဲ့ သဘာဝတွေရှိတယ်။
သိစရာက သပ်သပ်၊
သိနေတာက သပ်သပ်ပဲ။
အသိခံရတဲ့သဘောက
သဘောတရား တစ်ခု၊
သိတတ်တဲ့သဘောက
သဘောတရား တစ်ခု။
အဲလို
ကွဲကွဲပြားပြား ဉာဏ်ထဲမှာရှင်းရဲ့လား၊
စုံစမ်းကြည့်ပါ။
သိနေတာလား ? တွေးနေတာလား ?
တွေးနေရင် မသိဘူးနော်။
သိနေရင်လည်း တွေးလို့ မရတော့ဘူး။
ဆက်တွေးလို့ မရတော့ဘူးနော်။
သိတာကို ဆက်နေအောင်
သိ - သိနေအောင် လုပ်လိုက်ရင်
သိနေတဲ့စိတ် ဖြစ်သွားရော။
တစ်ချက်သိတိုင်း၊ တစ်ချက် သိတိုင်း၊
မသိတဲ့ မောဟကို အားနည်းစေတယ်။
အမှန်ကိုမသိတဲ့
မောဟ အားနည်းနည်း သွားတယ်။
သိလေ၊ သိလေ
မသိတာတွေ စင်ကြယ်သွားလေပဲ။
ဒါကြောင့်, သိတာကို တန်ဖိုးထားပါ။
သိတာကို appreciate လုပ်ပါ။
( အသိအမှတ်ပြုပေးပါ )
#သိနေတဲ့စိတ်လေးနဲ့နေရမှာ။
သွားလည်း သိနေတယ်၊
စားလည်း သိနေတယ်၊
လုပ်လည်း သိနေတယ်၊
ကိုင်လည်း သိနေတယ်၊
သိ - သိပြီးတော့ နေရမယ်။
အဲလို ထိုင်လည်း ထိုင်နေတယ်၊
သိလည်း သိနေတယ်ပဲ၊
လမ်းလျှောက်လည်း လမ်းလျှောက်တယ်၊
ကြိုးစားပြီး သိကြည့်ပါ၊
အလေ့အကျင့် ဖြစ်လာပါလိမ့်မယ်။
စိတ်ဆိုတာ သိပ်မြန်တယ်၊
အလေ့အကျင့် လုပ်ပေးရင် မှီတယ်။
#အလေ့အကျင့်များရင်
#သဘာဝဖြစ်သွားပါတယ်။
.
.
. { ဆရာတော်အရှင်တေဇနိယ-ရွှေဥမင် }
🙏 🙏 🙏
Virgo Virgo
No comments:
Post a Comment