စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, September 22, 2025

ဘဂဝါဂုဏ်တော်

. ဘဂဝါ ဂုဏ်တော်
   🙏🙏🙏🙏🙏🙏🙏
ဘုန်းတော် ၆-ပါးနှင့် ပြည့်စုံတော်မူခြင်း၊ ဘုန်းတန်ခိုးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော မြတ်စွာဘုရား။

(က) ဘဂဝါ ဘုန်းကံပါရမီ ရှိတော်မူသော မြတ်စွာဘုရား။

(ခ) ဘဂဝါ မာရ်ငါးပါးဟူသော ဘေးရန်တို့ကို ချိုးဖျက်တော်မူပြီးသော မြတ်စွာဘုရား။

(ဂ) ဘဂဝါ ဣဿရိယ ဓမ္မ ယသ သိရီ ကာမ ပယတ္တတည်းဟူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

(ဃ) ဘဂဝါ ကုသိုလ်အစရှိသော အလုံးစုံသောတရားတို့ကို ဝေဘန်၍ ဟောတော်မူတတ်သော မြတ်စွာဘုရား။

(င) ဘဂဝါ လောကီ လောကုတ္တရာတရားတို့ကို မှီဝဲတော်မူတတ်သော မြတ်စွာဘုရား။

(စ) ဘဂဝါ ဘဝသုံးပါးတို့၌ သွားကြောင်းတဏှာကို ထွေးအန်တော် မူပြီးသော မြတ်စွာဘုရား။

(ဆ) ဘဂဝါ (မိမိစိတ်ကိုအစိုးရ = ကိုယ်တော်တိုင် မဂ်ဖိုလ်နိဗ္ဗာန်နဲ့ပြည့်စုံ တစ်လောကလုံးကိုအစိုးရ = သူတစ်ပါးကိုလည်း မဂ်၊ ဖိုလ်၊ နိဗ္ဗာန်နဲ့ပြည့်စုံအောင်ဆောင်ရွက်နိုင်) မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

(ဇ) ဘဂဝါ (မေတ္တာကရုဏာများလေလေ လောကကိုအစိုးရလေလေ) မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်စွာဘုရား။

(ဈ)ဘဂဝါ (မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနဲ့ပြည့်စုံစေကြောင်း တရားကောင်းတွေကို ဖော်ထုတ်ဟောကြားပေးနိုင်လို့ အခြံအရံ၊ အကျာ်အစာကြီးမားပါတယ်။) များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

(ည) ဘဂဝါ (လောကအကျိုး ဆောင်ရွက်နိုင်လေလေ ကျက်သရေရှိလေလေ) အတုမရှိသော ကျက်သရေမင်္ဂလာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

(တ) ဘဂဝါ (ကျက်သရေမင်္ဂလာနဲ့ပြည့်ဝတဲ့ မေတ္တာကရုဏာဆန္ဒတော်) လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်စွာဘုရား။

(ထ) ဘဂဝါ (လုံ့လဝီရိယကြီးမားမှ ဆန္ဒပြည့်ဝ) အတုမရှိသော လုံလဝီရိယတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

(ဒ) ဘဂဝါ (လုံ့လဝီရိယကြီးမားလှစွာ ပါရမီဖြည့်ခဲ့) ပါရမီတော်အနန္တ၊ ဘုန်းကံတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

(ဓ) ဘဂဝါ အခက်အခဲအားလုံးကို အောင်မြင်စွာ ကျော်ဖြတ်ပြီးဖြစ်တော်မူသော မြတ်စွာဘုရား။

(မ) ဘဂဝါ သံသရာဝဋ်ဆင်းရဲဒုက္ခအပေါင်းတို့ကို အောင်မြင်စွာ ကျော်ဖြတ်ပြီးဖြစ်တော်မူသော မြတ်စွာဘုရား။ ကိလေသာဘေးရန်အန္တရာယ်အားလုံး ကင်းစင်ပြီး ဖြစ်တော်မူသော မြတ်စွာဘုရား။ ဘေးရန်အန္တရာယ်အားလုံး ကင်းစင်ပြီးဖြစ်တော်မူသော မြတ်စွာဘုရား။


ဘုန်းတော် ၆-ပါး

၁။ ဣဿရိယ ဘုန်းတော် ကိုယ်တော်၏စိတ်နှင့် သတ္တဝါတို့ကို အစိုးရခြင်း၊ အုပ်စိုးတော် မူနိုင်ခြင်း။ အဏိမာ၊ လဃိမာ၊ မဟိမာ၊ ပတ္တိ၊ ပါကမ္မ၊ ဣသိတာ၊ ဝသိတာ၊ ယတ္ထကာမာ ဝသာယိတာ ဘုန်းတော်(၈)ပါးကို အစိုးရနိုင်ခြင်းဟူသော ဣဿရိယဘုန်းတော်။

၂။ ဓမ္မ ဘုန်းတော် မဂ်တရား ၄-ပါး၊ ဖိုလ်တရား ၄-ပါး၊ နိဗ္ဗာန် ပေါင်း ၉-ပါး။ ကိလေသာရန်ကို ပယ်ဖျက်နိုင်သည့် မဂ်(၄)တန် ဖိုလ်(၄)တန် နိဗ္ဗာန်ဖြစ်သော လောကုတ္တရာတရား (၉)ပါးဟူသော ဓမ္မဘုန်းတော်။

၃။ ယသ ဘုန်းတော် ပျံ့နှံ့ကျော်စောသော ဂုဏ်သတင်း။ ဟုတ်တိုင်းမှန်စွာ ဖြစ်ပေါ်လာသော ကမ္ဘာတိုက်ပေါင်း သောင်းလောကဓာတ် ပဲ့တင်ထပ်မျှ နှံ့စပ်သတင်း ကျော်ဇောနိုင်ခြင်းဟူသော ယသဘုန်းတော်။

၄။ သိရီ ဘုန်းတော် လှနျစှာသပ်ပါယျသော ကိုယ်တော်၏ ကျက်သရေမင်္ဂလာ။ ကိုယ်တော်ပုံနေ ကျက်သရေမင်္ဂလာ စုဝေးကာဖြင့် လွန်စွာတင့်တယ် သပ္ပာယ်တော်မူသော သီရိဘုန်းတော်။

၅။ ကာမ ဘုန်းတော် ရှင်တော်မြတ်အလိုရှိလေသမျှ လုံးဝဥဿုံ အကုန်ပြီးစီးနိုင်ခြင်း။ အလိုတော်အတိုင်း တောင့်တတိုင်းပင် မဆိုင်းမတွ ပြီးစီးရသည့် ကာမဘုန်းတော်။

၆။ ပယတ္တ ဘုန်းတော် ကြီးမားလှစွာသော လုံ့လဝီရိယ။ တစ်လောကလုံး ညွှတ်ရုံးကိုးစား အားထားဖို့ရာ လွန်စွာကြိုးကုတ် အားထုတ်တော်မူသော ပယတ္တဘုန်းတော်။

ဣဿရိယ ဘုန်းတော်(၈)မျိုး

စိတ်ကို အစိုးရတော်မူခြင်း တန်ခိုး အာဏိမာစသော ဣဿရိယ ဘုန်းတော် တစ်ခုတည်းမှာပင် အစွမ်းသတ္တိ အားဖြင့် ရှစ်မျိုး ခွဲပြထားလေသည်။

(၁) အာဏိမာ ကိုယ်တော်ကို အလိုရှိသလောက် အဏုမြူမှုန်ကလေးတမျှ သေးငယ်သွားအောင် ဖန်ဆင်းနိုင်ခြင်း ဘုန်းတော်။

(၂) မဟိမာ ကိုယ်တော်ကို အလိုရှိသလောက် ကြီးအောင် ဖန်ဆင်းနိုင်သောဘုန်းတော်။

(၃) လဃိမာ ပေါ့ပေါ့ပါးပါး ကူးလွှားပျံသန်းနိုင်အောင် ပြုနိုင်သောဘုန်းတော်။

(၄) ပတ္တိ ရောက်လိုရာအရပ်သို့ ချက်ချင်း ကြွရောက်နိုင်သောဘုန်းတော်။

(၅) ပါကမ္မ အဆင်းသဏ္ဌာန် အသွင်အပြင်အမျိုးမျိုး ဖန်ဆင်းနိုင်သော ဘုန်းတော်။

(၆) ဣသိတာ မိမိစိတ်တော်မှစ၍ လောကအားလုံးကိုပါ ပိုင်ပိုင်နိုင်နိုင် စိုးမိုးအုပ်ချုပ်တော်မူနိုင်သောဘုန်းတော်။

(၇) ဝသိတာ ဈာန် သမာပတ် အဘိညာဉ်တို့ကို ခဏခြင်း ဝင်စားနိုင်သော ဘုန်းတော်။

(၈) ယတ္ထ ကာမာ ဝသာယိတာ အလိုရှိသလောက် အဓိဋ္ဌာန်သောအတိုင်း ဆိုင်းငံ့တော်မမူဘဲ တစ်ပြိုင်တည်း ထိုကိစ္စကို ပြီးစေနိုင်သော ဘုန်းတော်။

ဗုဒ္ဓေါ ဂုဏ်တော်

. ဗုဒ္ဓေါ ဂုဏ်တော်
  🙏🙏🙏🙏🙏
သစ္စာလေးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူပြီး တစ်ပါးသူတို့အားလည်း ဟောကြားညွှန်ပြနိုင်သောမြတ်စွာဘုရား။

(က) ဗုဒ္ဓေါ (သစ္စာသိအောင်ညွှန်ပြတော်မူ) သစ္စာလေးပါး အမှန်တရားကို ကိုယ်တိုင်လည်းသိ သူတစ်ပါး တို့ကိုလည်း သိစေတော်မူတတ်သော မြတ်စွာဘုရား။

(ခ) ဗုဒ္ဓေါ (သစ္စာသိရင် ကိလေသာစင်/နိဗ္ဗာန်ဝင်) ကိုယ်တော်တိုင်လည်း စိတ်အေးချမ်းတည်ကြည်၊ သူတပါးကိုလည်း စိတ်အေးချမ်းတည်ကြည်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။ ကိုယ်တော်တိုင်လည်း စိတ်ကြည်လင်သန့်ရှင်း သူတပါးကိုလည်း စိတ်ကြည်လင်သန့်ရှင်းအောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။ ကိုယ်တော်တိုင်လည်း စိတ်ရွှင်လန်းချမ်းသာ၊ သူတပါးကိုလည်း စိတ်ရွှင်လန်းချမ်းသာအောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။ ကိုယ်တော်တိုင်လည်း စိတ်ဖြူစင်၊ သူတပါးကိုလည်း စိတ်ဖြူစင်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။

(ဂ) ဗုဒ္ဓေါ သတ္တဝါအပေါင်းတို့ကို တရားရေအေးအမြိုက်ဆေး တိုက်ကျွေးတော်မူသော မြတ်စွာဘုရား။

(ဃ) ဗုဒ္ဓေါ (တရားရေအေးအမြိုက်ဆေးသောက်သုံးရင် မွေး/အို/နာ/သေ/မွေး၊ ဆိုတဲ့ သံသရာစက်ဝန်းကြီးကနေ အပြီးတိုင်လွတ်ကင်းနိုင်ပါပြီ။) မွေးခြင်း/သေခြင်း လွတ်ကင်းရာ နိဗ္ဗာန်ချမ်းသာကို ပေးတော်မူတတ်သော မြတ်စွာဘုရား။

(င) ဗုဒ္ဓေါ (နိဗ္ဗာန်ချမ်းသာဟာ အကောင်းဆုံးချမ်းသာ၊ အကောင်းဆုံးချမ်းသာကိုပေးတာ အကောင်းဆုံးအလုပ်)
ကောင်းမှုများကို အကောင်းဆုံးလုပ်ဆောင်တော်မူသောမြတ်စွာဘုရား။

(ဃ) ဗုဒ္ဓေါ (မေတ္တာကရုဏာများလေလေ ကောင်းတာတွေများများလုပ်နိုင်လေလေ) အတုမရှိသော မေတ္တာ၊ ကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

ပုံမှန်ရွတ်လေစိတ်ငြိမ်လေပဲ

#ပုံမှန်ရွတ်လေစိတ်ငြိမ်လေပဲ
________________________ 

စိတ်ဆိုတာ လွှတ်ထားလို့ မရဘူး။ ဘာကြောင့်လဲ၊ လွှတ်ထားရင် တောင်တွေးမြောက်တွေးနဲ့။ တွေးလိုက်ရင်လည်း ကောင်းတဲ့အတွေးထက် မကောင်းတဲ့ အတွေးက ပိုများတယ်။ ဒါကြောင့် အတွေးမများရလေအောင် ကိုယ်ရတဲ့ စာတွေ ရွတ်ရမယ်။

ပရိတ်ပဲ ရွတ်ရွတ်, ပဋ္ဌာန်းပဲ ရွတ်ရွတ်၊ တစ်ခုခု ရွတ်နေရင် စိတ်က တရားအာရုံထဲ ရောက်သွားတယ်။ တရားအာရုံထဲ ရောက်နေရင် စိတ်က ငြိမ်သွားတယ်။ အဲဒါကို သမာဓိလို့ ခေါ်တယ်။ သမာဓိ ရလာပြီဆိုရင် ဘာအကုသိုလ်မှ မဖြစ်တော့ဘူး။

မိမိတို့ သံဃာတော်များဟာ ပရိတ် ပဋ္ဌာန်းကို ပုံမှန် ရွတ်ကြတယ်။ ပုံမှန်ရွတ်နေသည့်အတွက် မရွတ်ရရင် မနေနိုင်တော့ဘူး။ အဲဒါ ဘာကြောင့်လဲ၊ အကျင့် လုပ်ထားလို့ပါ။ ဒါကြောင့် တစ်ခုခု ရွတ်ဖြစ်ဖို့အတွက် အကျင့် လုပ်ပေးရမယ်။

ဘုရင်နရပတိ
-----------------

အင်းဝခေတ်က ဘုရင်ကြီးတစ်ပါး ရှိတယ်။ ဘုရင် နရပတိတဲ့။ ဘုရင်ကြီးဟာ သဒ်ဓါတရား အလွန်ကောင်းတယ်။ သာသနာတော်ကိုလည်း ထောက်ပံ့ခဲ့တယ်။ ဘုရင်ကြီးဟာ စိတ်သဘောထားကလည်း အလွန်ကောင်းတယ်။ ဆရာတော်ကြီးတွေကလည်း ဘုရင်ကြီးကို ပါဠိဂါထာတွေကို သင်ပေးကြတယ်။

ဘုရင်ကြီးဟာ " ဥဒေတယံ စက္ခုမာ ဧကရာဇာ" အစရှိသော ပါဠိဂါထာကို အလွတ်ကျက်ပြီး ပုံမှန် ရွတ်တယ်။ မနက်ခင်းမှာ တစ်ထောင်၊ ညမှာ တစ်ထောင် အချိန်မှန်မှန် ရွတ်တယ်။ ဘုရင်ဆိုမှတော့ တိုင်းရေးပြည်ရာကိစ္စတွေက အလွန်ရှုပ်တယ် မဟုတ်လား။ သို့သော် ဘယ်လောက် အလုပ်ရှုပ်ရှုပ် မဖြစ်ဖြစ်အောင် ရွတ်တယ်တဲ့။ အဲဒါ ဘာကြောင့်လဲ၊ အာစိဏ္ဏကံရဲ့ အစွမ်းပဲ။

ပုမှန်ရွတ်ပါ
------------------

ပရိတ် ပဋ္ဌာန်းတို့ကို ရွတ်တဲ့အခါ ထပ်ချည်းတလဲလဲ ရွတ်ရမယ်။ ထပ်ချည်းတလဲလဲ ရွတ်မှလည်း သမာဓိ ရမယ်။ သမာဓိဆိုတာ တည်ငြိမ်တဲ့ စိတ်ပါပဲ။ သမာဓိ ရမှလည်း ဉာဏ်က သက်ဝင်တယ်။ ဘာကြောင့်လဲ၊ သမာဓိက ဉာဏ်ရဲ့ ဒေါက်တိုင် ဖြစ်နေလို့ပါ။

ပြောချင်တာက " ဘာကို ရွတ်သလဲ" ဆိုတာထက် " ဘယ်လောက် စွဲစွဲမြဲမြဲ ရွတ်သလဲ" ဆိုတာက ပိုအရေးကြီးတယ်။ ဘာပဲရွတ်ရွတ် တစ်ရက် ရွတ်တာနှင့် တစ်လ ရွတ်တာ မတူပါဘူး။ တစ်လ ရွတ်တာနှင့် တစ်နှစ်ရွတ်တာ မတူပါဘူး။ ကြာကြာရွတ်လေ သမာဓိရလေပဲ။ ဒါကြောင့် ဘာကိုပဲ ရွတ်ရွတ် ပုံမှန် ရွတ်ဖြစ်အောင် ကြိုးစား၊ အဲဒါ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
____________________
#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

မာနမထားထိုက်သောပုဂ္ဂိုလ်များ

#မာနမထားထိုက်သောပုဂ္ဂိုလ်များ
_______________________

မာနသည် ထောင်လွှားခြင်း လက္ခဏာရှိ၏။ ထို့ကြောင့် အထက်သို့ ထောင်နေသော မှန်ကင်းတံခွန်နှင့် တူ၏။ တချို့လူများသည် ကိုယ့်ကိုယ်ကို အထင်ကြီးပြီး သူများကို အထင်သေးတတ်၏။ တချို့ကျတော့ ငါတကော ကောပြီး အထက်စီးက ဆက်ဆံတတ်၏။ တချို့ကျတော့ သူများကို ချိုးနှိမ်တတ်၏။ ဤကား မာန၏ လက္ခဏာပင် ဖြစ်သည်။

မာနလွန်ကဲလာလျှင် အရိုင်းအစိုင်း ဖြစ်သွားတော့၏။ လူကြီးကို လူကြီးမှန်း မသိ၊ မိဘကို မိဘမှန်း မသိ၊ ဆရာကို ဆရာမှန်း မသိတော့ပေ။ ထို့ကြောင့် လုပ်ချင်ရာ လုပ်ပြီး ပြောချင်ရာ ပြောတတ်၏။ လူ့ရမ်းကားတစ်ယောက် ဖြစ်သွားလေတော့သည်။ မာနကြောင့် မှန်ကင်းကနေ ထင်းဖြစ်သွားသည့် သူများ ဒုနှင့်ဒေးပင်။ တကယ်တော့ မာနဆိုသည်ကား အောက်ဆွဲတရားပင် ဖြစ်သည်။

မြတ်စွာဘုရားနှင့် ပုဏ္ဏား
--------------------------------

သာဝတ္ထိမြို့တွင် ပုဏ္ဏားတစ်ယောက် ရှိ၏။ ထိုပုဏ္ဏားသည် မာနအလွန်ကြီး၏။ ထို့ကြောင့် မိခင်ကိုလည်း ရှိမခိုး၊ ဖခင်ကိုလည်း ရှိမခိုး၊ အကိုကိုလည်း ရှိမခိုး၊ ဆရာကိုလည်း ရှိမခိုးပေ။ "ငါသည် ဘယ်သူ့ကိုမှ ရှိခိုးစရာ မလို " ဟု သွေးနားထင် ရောက်လျက် ရှိ၏။ 

တနေ့တွင် မြတ်စွာဘုရားသည် တရားနာ ပရိသတ်အား တရားဟောတော်မူနေ၏။ ပုဏ္ဏားကြီးသည် ထိုတရားပွဲကို အဝေးကနေ မြင်လိုက်ရသောအခါ '' ရဟန်းဂေါတမ တရားဟောနေပါလား၊ လူတွေကလည်း အများကြီးပဲ၊ ရဟန်းဂေါတမရဲ့ တရားကို လူတွေက အလွန်ကြိုက်ကြတယ်၊ ဘာကြောင့်ပါလိမ့်၊ ငါ သွားလေ့လာဦးမှပဲ၊ အကယ်၍ ရဟန်းဂေါတမက ငါ့ကို စကားပြောရင် ငါလည်း ပြောမယ်၊ ငါ့ကို စကား မပြောရင်တော့ ငါလည်း ပြန်မပြောဘူး" ဟု နှလုံးသွင်းပြီး မြတ်စွာဘုရားအနီးတွင် ရပ်လိုက်လေသည်။

မြတ်စွာဘုရားသည် ထိုပုဏ္ဏားကြီး အနားရောက်လာတာကို မြင်သော်လည်း စကားတစ်ခွန်းမှ မပြောဘဲ ထားလိုက်၏။ ထိုအခါ ပုဏ္ဏားသည် ''ရဟန်းဂေါတမဟာ ဘာမှ မသိဘူး၊ ဘာမှ နားမလည်ဘူး၊ ငါ ပြန်တာ ကောင်းပါတယ်လေ" ဟု တွေးလိုက်၏။

ထိုအခါ မြတ်စွာဘုရားသည် ပုဏ္ဏားကြီး၏ စိတ် အကြံကို သိသဖြင့် ''ပုဏ္ဏား ကိုယ့်ကိုယ်ကို အထင်ကြီးရင် မာန်တက်တယ်၊ မာန်တက်ရင် ဘဝဟာ ဆုတ်ယုတ်တတ်တယ်၊ ဒါကြောင့် သိချင်တာရှိရင် မေးရတယ်၊ ဘာသိချင်တာလဲ၊ ကြိုက်တာ မေးလေ" ဟု မိန့်တော်မူလိုက်၏။

ထိုအခါကျမှ ပုဏ္ဏားကြီးသည် ''ငါ၏ စိတ်ကို ရဟန်းဂေါတမ သိသွားပြီ၊ အံ့ဩစရာ အလွန်ကောင်းပဲ၊ ဒါကြောင့် အားလုံးက ရဟန်းဂေါတမကို ဦးညွတ်နေကြတာကိုး" ဆိုပြီး မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခေါင်းဖြင့် တိုက်၍ ဂါရဝပြုလေတော့၏။ တရားနာပရိသတ်ကြီးသည် ပုဏ္ဏားကြီး ဂါရဝပြုသည်ကို မြင်ကြသောအခါ " မိဘကိုတောင် ရှိမခိုးတဲ့ ပုဏ္ဏားက မြတ်စွာဘုရားကို ရှိခိုးနေပါလား" ဟု အံ့ဩသွားကြလေ၏။

ထို့နောက် ပုဏ္ဏားသည် မြတ်စွာဘုရားကို သူ သိချင်သည်အရာများကို မေးမြန်းလေတော့သည်။

''အသျှင်ဂေါတမ အဘယ်ပုဂ္ဂိုလ်တို့၌ မာန်မာန မထားရသနည်း၊ အဘယ် ပုဂ္ဂိုလ်တို့၌ အလေးအမြတ် ပြုရသနည်း၊ အမိန့်ရှိတော်မူပါဘုရား" ။

''ပုဏ္ဏား မိဘနှစ်ပါး၌လည်းကောင်း၊ အကိုအမတို့၌လည်းကောင်း၊ ဆရာ၌လည်းကောင်း၊ ရဟန္တာပုဂ္ဂိုလ်၌လည်းကောင်း မာန မထားရဘူး"။

" မှန်ပါ မြတ်စွာဘုရား" ။

" ပုဏ္ဏား ... မိဘဆရာ အကိုအမ ဆရာ ရဟန္တာဆိုတာ ပူဇော်ထိုက်သူတွေပဲ၊ ဒါကြောင့် အလေး အမြတ် ပြုရမယ်၊ အဲဒါ မင်္ဂလာတရားပဲ၊ မင်္ဂလာဆိုတာ ကြီးပွားကြောင်း တရားပဲ မဟုတ်လား " ။ 

ထိုအခါ ပုဏ္ဏားကြီးသည် " မှန်ပါ ... ကောင်းလိုက်တဲ့ တရားပဲဘုရား၊ ယနေ့မှ စ၍ အသက်ထက်ဆုံး ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သည့် ဥပါသကာဟူ၍ မှတ်တော်မူပါဘုရား" ဟု လျှောက်ထားလိုက်လေတော့သည်။

ကျေးဇူးရှင်ကို လေးစားရမယ်
------------------------------

မိဘဆိုသည်ကား သားသမီးတို့အပေါ်၌ ကျေးဇူးကြီးမားလှ၏။ ထို့ကြောင့် " မိဘကျေးဇူး မြင့်မိုရ်ဦး" ဟု ဆိုခဲ့ကြခြင်း ဖြစ်သည်။ သို့ဖြစ်ရကား သားသမီးတို့သည် မိဘအပေါ်၌ မည်သည့်အကြောင်းကြောင့်မျှ မာန မထားရပါ။ ကိုယ်မကြိုက်လည်း အသာလေး နားထောင်ရမည် ဖြစ်၏။

မိဘများသည် စိတ်ကွက်စရာ တစ်ခုခု တွေ့လျှင် သားသမီးများကို မခေါ်မပြောဘဲ နေတတ်၏။ ထိုအခါ တချို့ သားသမီးများက " အမေက မခေါ်မှတော့ ငါလည်း မခေါ်တော့ဘူး၊ အဖေက စကားမပြောမှတော့ ငါလည်း မပြောတော့ဘူး" ဟု တုံ့ပြန်တတ်၏။ တချို့သားသမီးများသည် မိဘကို မချေမငံ ပြန်ပြောတတ်၏။ ဤကား မာန၏ လက္ခဏာပင် ဖြစ်၏။

အကို အမတို့အပေါ်၌လည်း မာန မထားရ။ ကျေးဇူးတရားကို ဆင်ခြင်၍ အတတ်နိုင်ဆုံး အရိုအသေပြုရမည် ဖြစ်သည်။ ဆရာကိုလည်း အလေးထား၍ ဆက်ဆံရမည် ဖြစ်၏။ ရဟန္တာများကိုလည်း သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တို့ကို အာရုံပြု၍ အရိုအသေပြုရမည် ဖြစ်၏။ ရိုသေခြင်း လေးစားခြင်းကို ဂါရဝတရားဟု ခေါ်၏။ ယင်းဂါရဝတရားသည် လူမှုဆက်ဆံရေးမှာ အကောင်းဆုံးကျင့်စဉ်ပင် ဖြစ်ပါပေ၏။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ 
အေးငြိမ်းချမ်းသာ ရှိပါစေ"
_____________________
#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

Wednesday, September 10, 2025

သတ္ထာဒေဝမနုဿာနံ ဂုဏ်တော်

သတ္ထာဒေဝမနုဿာနံ ဂုဏ်တော်ပုတီးစိပ်နည်း

မြတ်စွာဘုရားသခင်၏ အနုတ္တရော ပုရိသဒမ္မသာရထိဂုဏ် တော်ကိုအာရုံပြု၍ ပုတီးတစ်လုံးစိပ်တော်မူပြီးသောအခါ မင်းကွန်း တိပိဋကဓရဆရာတော်ကြီးသည် မြတ်စွာဘုရားသခင်၏- သတ္ထာ ဒေဝမနုဿာနံ ဂုဏ်တော်ကိုအာရုံပြု၍ -

သော ဘဂဝါ ဣတိပိ သတ္ထာ ဒေဝမနုဿာနံ ဟု ပုတီး တစ်လုံးစိပ်တော်မူပြန်ပါသည်။

သတ္တာဒေဝ မနုဿာနံ-ဟူသည် နတ်လူတို့၏ဆရာ ဖြစ်တော် မူသောမြတ်စွာဘုရားဟု အဓိပ်ပါယျရပါသညျ။

လောက၌ဆရာအသီးသီးရှိပါသည်။ အတတ်သင်ဆရာ, စာ သင်ဆရာ, တရားသင်ဆရာတို့ဖြစ်ပါသည်။ ထိုဆရာအသီးသီးသည် တပည့်တို့ကိုပညာတတ်အောင်, စာတတ်အောင်, တရားသိ အောင်သင်ကြားပြသဆိုဆုံးမကြပါသည်။ ထိုဆရာတို့ကို လောကီ ဆရာဟုသာ ဆိုနိုင်ပါသည်။ တမဂ်တဖိုလ်ရအောင် သင်ကြားပြသ ဆိုဆုံးမပေးနိုင်မှ လောကုတ္တရာဆရာမည်ပါသည်။

နတ်လူတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် လောကုတ္တရာဆရာဖြစ်ပါသည်။ ထိုမြတ်စွာဘုရားသည် သတ္တဝါ -တို့၏ အလိုကိုလည်းကောင်း, စရိုက်ကိုလည်းကောင်း, ရှေးကောင်း မူ ဥပနိဿယကိုလည်းကောင်း သိတော်မူ၏။ သိတော်မူသည် အတိုင်း သင်ကြားပြသဆိုဆုံးမတော်မူနိုင်ပါသည်။ သင်ကြားပြသဆို ဆုံးမသဖြင့်လည်း အဆုံးမခံရသူအဖို့ မျက်မှောက်အကျိုး, တမလွန် အကျိုး, နိဗ္ဗာန်အကျိုးဟူသော အကျိုးသုံးမျိုးအနက် တမျိုးမျိုးကို ပြီးစေနိုင်၏။ ဤအရာသည် ဘုရားရှင်တို့၏ အရာသာဖြစ်ပါသည်။ သာဝကတို့၏ အရာမဟုတ်ချေ။ မဟာပန္ထကထေရ်သည် ညီဖြစ် သူ စူဠပန္ထကထေရ်ကို တစ်ဝါတွင်းလုံးသင်ပါလျက် ဂါထာတစ်ပုဒ် တတ်အောင် သင်မပေးနိုင်ချေ။

ဤသို့သင်မပေးနိုင်ခြင်းသည်သတ္တဝါ၏ ဥပနိဿယကို မ သိခြင်းကြောင့်ဖြစ်ပါသည်။ မြတ်စွာဘုရားသည်ကား သတ္တဝါတို့၏ ဥပနိဿယကို သိတော်မူသည့်အလျောက် အချို့ကို မျက်မှောက် ထင်ထင် အကျိုးရအောင်, အချို့ကိုတမလွန်အကျိုးရအောင်, အချို့ကို မျက်မှောက်တမလွန် နှစ်တန်သောအကျိုးရအောင် ဆိုဆုံးမတော်မူနိုင်၏။ ထို့ကြောင့် မြတ်စွာဘုရားသည် သတ္တဝါတို့၏ မျက်မှောက်အကျိုး, တမလွန်အကျိုး, နိဗ္ဗာန်အကျိုး သုံးမျိုးရအောင် ဆိုဆုံးမတော်မူနိုင်သော . သတ္ထာ ဒေဝမနုဿာနံ ဂုဏ်တော်ရှင်ဖြစ်ပါသည်။

မြတ်စွာဘုရားကို နတ်လူတို့၏ ဆရာ ဟု အမြတ်ဖြစ်သော နတ်နှင့်လူကို ဝိသေသထား၍ ဂုဏ်တင်ရသော်လည်း မြတ်စွာ ဘုရားသခင်သည် ခပ်သိမ်းသော သတ္တဝါတို့၏ .ဆရာပင်တည်း။ ထို့ကြောင့်သာလျှင် ဖားနတ်သားအစရှိသောသူတို့သည် တိရစ္ဆာန် ဖားဖြစ်ရစဉ် မြတ်စွာဘုရား၏ တရားတော်အသံကို ကြားနာကြည် ညိုမိသဖြင့် သောတာပတ္တိဖိုလ်၏ အကြောင်း ကောင်းမှု ဥပနိဿယ နှင့် ပြည့်စုံရ၏။ တာဝတိံ သာနတ်ပြည်၌ ဖြစ်ရ၏။ တစ်ဆယ့်နှစ် ယူဇာနာရှိသောဗိမာန်၌ အခြံအရံတစ်ထောင်နှင့် ခံစားရ၏။ မိမိကိုယ်ကိုပြန်၍ ဆင်ခြင်ကြည့်သောအခါ ငါကဲ့သို့သော သူမျှ လည်း နတ်ပြည်၌ ဖြစ်ရတုံသေး၏။ အဘယ်ကောင်းမှုကြောင့်နည်း ဟု ဒိဗ္ဗစက္ခုဖြင့် ကြည့်သောအခါ မြတ်စွာဘုရားသည် စမ္ပာပြည်ကို ဂေါစရဂါမ်ပြု၍ ဂဂ္ဂရာရေကန်နား၌ တရားဟောတော်မူရာ တရား' တော်အသံကို အာရုံပြု၍ နာသောအခိုက် နွားကျောင်းသားသည် မိမိကျောပေါ်၌ တုတ်ဖြင့် ထောက်လာသဖြင့် သေပြီးနောက် နတ် ပြည်၌ ဖြစ်ရသည်ကို မြင်၏။ ထို့ကြောင့် မြတ်စွာဘုရားထံမှောက် -သွားရောက်လျှောက်ထားပါသည်။ တရားနာရသောအဆုံး၌ သော တာပတ္တိဖိုလ်၌ တည်သွားပါသည်။ ထို့ကြောင့် မြတ်စွာဘုရားသည် သတ္တဝါခပ်သိမ်း၏ ဆရာဖြစ်တော်မူပါပေ၏။

တစ်နည်းအားဖြင့် မြတ်စွာဘုရားသည် လှည်းမှုးကြီးနှင့် တူ တော်မူကြောင့်လည်း သတ္ထာဒေဝမနုဿာနံ မည်တော်မူပါ၏။

လှည်းကုန်သည်မှုးသည် မိမိ၏လှည်းကုန်သည်တို့ကို သဲကန္တာရ၊ ခိုးသူ ကန္တာရ၊ အစာမရှိသော ဒုဗ္ဘိက္ခကန္တာရ, သားရဲကန္တာရ ရေမရှိသော နိရုဒက ကန္တာရတို့မှ လွတ်မြောက်စေသကဲ့သို့ မြတ်စွာ ဘုရားသည်လည်း သတ္တဝါအပေါင်းတို့ကို ဇာတိကန္တာရ, ဇရာ ကန္တာရ, ဗျာဓိကန္တာရ, မရဏကန္တာရ, သောကကန္တာရ, ပရိဒေဝ ကန္တာရ, ဒုက္ခ-ဒေါမနဿ-ဥပါယာသ ကန္တာရတို့မှ ထွက်မြောက်စေ၊ ဘေးမရှိသောနိဗ္ဗာန်တည်း ဟူသောအရပ်သို့ ရောက်စေတတ်၏။ ထို့ကြောင့် မြတ်စွာဘုရားသည် သတ္ထာဒေဝ မနုဿာနံ ဂုဏ်တော် နှင့် ပြည့်စုံတော်မူပါပေ၏။

ဤသို့လျှင် လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို ဒိဋ္ဌဓမ္မမျက် မှောက်အကျိုး, သမ္ပရာယိက-တမလွန်အကျိုး, ပရမတ္ထ- နိဗ္ဗာန် အကျိုး တစ်မျိုးမျိုးရအောင် ဆိုဆုံးမတော်မူနိုင်၏။ လောကီဆရာ တို့ကား မျက်မှောက်အကျိုးကိုပင် ပြည့်ပြည့်ဝဝရအောင် ဆိုဆုံးမ နိုင်ဖို့ခဲယဉ်းလှပါသည်။ သတ္တဝါအပေါင်းကို ဘေးလွတ်ရာ ပေးနိုင် ရန်ထား မိမိကိုယ်ကိုပင် ဘေးလွတ်ရာသို့ မပုန်းရှောင်နိုင်ချေ။ ထို့ကြောင့် နတ်လူတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား၏ ဂုဏ်တော်ကို အာရုံပြု၍ . . . .

သော ဘဂဝါ ဣတိပိ သတ္ထာ ဒေဝမနုဿာနံ ဟု ပုတီး တစ်လုံး စိပ်တော်မူခြင်းဖြစ်ပါသည်။