မြတ်စွာဘုရားသခင်၏ အနုတ္တရော ပုရိသဒမ္မသာရထိဂုဏ် တော်ကိုအာရုံပြု၍ ပုတီးတစ်လုံးစိပ်တော်မူပြီးသောအခါ မင်းကွန်း တိပိဋကဓရဆရာတော်ကြီးသည် မြတ်စွာဘုရားသခင်၏- သတ္ထာ ဒေဝမနုဿာနံ ဂုဏ်တော်ကိုအာရုံပြု၍ -
သော ဘဂဝါ ဣတိပိ သတ္ထာ ဒေဝမနုဿာနံ ဟု ပုတီး တစ်လုံးစိပ်တော်မူပြန်ပါသည်။
သတ္တာဒေဝ မနုဿာနံ-ဟူသည် နတ်လူတို့၏ဆရာ ဖြစ်တော် မူသောမြတ်စွာဘုရားဟု အဓိပ်ပါယျရပါသညျ။
လောက၌ဆရာအသီးသီးရှိပါသည်။ အတတ်သင်ဆရာ, စာ သင်ဆရာ, တရားသင်ဆရာတို့ဖြစ်ပါသည်။ ထိုဆရာအသီးသီးသည် တပည့်တို့ကိုပညာတတ်အောင်, စာတတ်အောင်, တရားသိ အောင်သင်ကြားပြသဆိုဆုံးမကြပါသည်။ ထိုဆရာတို့ကို လောကီ ဆရာဟုသာ ဆိုနိုင်ပါသည်။ တမဂ်တဖိုလ်ရအောင် သင်ကြားပြသ ဆိုဆုံးမပေးနိုင်မှ လောကုတ္တရာဆရာမည်ပါသည်။
နတ်လူတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် လောကုတ္တရာဆရာဖြစ်ပါသည်။ ထိုမြတ်စွာဘုရားသည် သတ္တဝါ -တို့၏ အလိုကိုလည်းကောင်း, စရိုက်ကိုလည်းကောင်း, ရှေးကောင်း မူ ဥပနိဿယကိုလည်းကောင်း သိတော်မူ၏။ သိတော်မူသည် အတိုင်း သင်ကြားပြသဆိုဆုံးမတော်မူနိုင်ပါသည်။ သင်ကြားပြသဆို ဆုံးမသဖြင့်လည်း အဆုံးမခံရသူအဖို့ မျက်မှောက်အကျိုး, တမလွန် အကျိုး, နိဗ္ဗာန်အကျိုးဟူသော အကျိုးသုံးမျိုးအနက် တမျိုးမျိုးကို ပြီးစေနိုင်၏။ ဤအရာသည် ဘုရားရှင်တို့၏ အရာသာဖြစ်ပါသည်။ သာဝကတို့၏ အရာမဟုတ်ချေ။ မဟာပန္ထကထေရ်သည် ညီဖြစ် သူ စူဠပန္ထကထေရ်ကို တစ်ဝါတွင်းလုံးသင်ပါလျက် ဂါထာတစ်ပုဒ် တတ်အောင် သင်မပေးနိုင်ချေ။
ဤသို့သင်မပေးနိုင်ခြင်းသည်သတ္တဝါ၏ ဥပနိဿယကို မ သိခြင်းကြောင့်ဖြစ်ပါသည်။ မြတ်စွာဘုရားသည်ကား သတ္တဝါတို့၏ ဥပနိဿယကို သိတော်မူသည့်အလျောက် အချို့ကို မျက်မှောက် ထင်ထင် အကျိုးရအောင်, အချို့ကိုတမလွန်အကျိုးရအောင်, အချို့ကို မျက်မှောက်တမလွန် နှစ်တန်သောအကျိုးရအောင် ဆိုဆုံးမတော်မူနိုင်၏။ ထို့ကြောင့် မြတ်စွာဘုရားသည် သတ္တဝါတို့၏ မျက်မှောက်အကျိုး, တမလွန်အကျိုး, နိဗ္ဗာန်အကျိုး သုံးမျိုးရအောင် ဆိုဆုံးမတော်မူနိုင်သော . သတ္ထာ ဒေဝမနုဿာနံ ဂုဏ်တော်ရှင်ဖြစ်ပါသည်။
မြတ်စွာဘုရားကို နတ်လူတို့၏ ဆရာ ဟု အမြတ်ဖြစ်သော နတ်နှင့်လူကို ဝိသေသထား၍ ဂုဏ်တင်ရသော်လည်း မြတ်စွာ ဘုရားသခင်သည် ခပ်သိမ်းသော သတ္တဝါတို့၏ .ဆရာပင်တည်း။ ထို့ကြောင့်သာလျှင် ဖားနတ်သားအစရှိသောသူတို့သည် တိရစ္ဆာန် ဖားဖြစ်ရစဉ် မြတ်စွာဘုရား၏ တရားတော်အသံကို ကြားနာကြည် ညိုမိသဖြင့် သောတာပတ္တိဖိုလ်၏ အကြောင်း ကောင်းမှု ဥပနိဿယ နှင့် ပြည့်စုံရ၏။ တာဝတိံ သာနတ်ပြည်၌ ဖြစ်ရ၏။ တစ်ဆယ့်နှစ် ယူဇာနာရှိသောဗိမာန်၌ အခြံအရံတစ်ထောင်နှင့် ခံစားရ၏။ မိမိကိုယ်ကိုပြန်၍ ဆင်ခြင်ကြည့်သောအခါ ငါကဲ့သို့သော သူမျှ လည်း နတ်ပြည်၌ ဖြစ်ရတုံသေး၏။ အဘယ်ကောင်းမှုကြောင့်နည်း ဟု ဒိဗ္ဗစက္ခုဖြင့် ကြည့်သောအခါ မြတ်စွာဘုရားသည် စမ္ပာပြည်ကို ဂေါစရဂါမ်ပြု၍ ဂဂ္ဂရာရေကန်နား၌ တရားဟောတော်မူရာ တရား' တော်အသံကို အာရုံပြု၍ နာသောအခိုက် နွားကျောင်းသားသည် မိမိကျောပေါ်၌ တုတ်ဖြင့် ထောက်လာသဖြင့် သေပြီးနောက် နတ် ပြည်၌ ဖြစ်ရသည်ကို မြင်၏။ ထို့ကြောင့် မြတ်စွာဘုရားထံမှောက် -သွားရောက်လျှောက်ထားပါသည်။ တရားနာရသောအဆုံး၌ သော တာပတ္တိဖိုလ်၌ တည်သွားပါသည်။ ထို့ကြောင့် မြတ်စွာဘုရားသည် သတ္တဝါခပ်သိမ်း၏ ဆရာဖြစ်တော်မူပါပေ၏။
တစ်နည်းအားဖြင့် မြတ်စွာဘုရားသည် လှည်းမှုးကြီးနှင့် တူ တော်မူကြောင့်လည်း သတ္ထာဒေဝမနုဿာနံ မည်တော်မူပါ၏။
လှည်းကုန်သည်မှုးသည် မိမိ၏လှည်းကုန်သည်တို့ကို သဲကန္တာရ၊ ခိုးသူ ကန္တာရ၊ အစာမရှိသော ဒုဗ္ဘိက္ခကန္တာရ, သားရဲကန္တာရ ရေမရှိသော နိရုဒက ကန္တာရတို့မှ လွတ်မြောက်စေသကဲ့သို့ မြတ်စွာ ဘုရားသည်လည်း သတ္တဝါအပေါင်းတို့ကို ဇာတိကန္တာရ, ဇရာ ကန္တာရ, ဗျာဓိကန္တာရ, မရဏကန္တာရ, သောကကန္တာရ, ပရိဒေဝ ကန္တာရ, ဒုက္ခ-ဒေါမနဿ-ဥပါယာသ ကန္တာရတို့မှ ထွက်မြောက်စေ၊ ဘေးမရှိသောနိဗ္ဗာန်တည်း ဟူသောအရပ်သို့ ရောက်စေတတ်၏။ ထို့ကြောင့် မြတ်စွာဘုရားသည် သတ္ထာဒေဝ မနုဿာနံ ဂုဏ်တော် နှင့် ပြည့်စုံတော်မူပါပေ၏။
ဤသို့လျှင် လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို ဒိဋ္ဌဓမ္မမျက် မှောက်အကျိုး, သမ္ပရာယိက-တမလွန်အကျိုး, ပရမတ္ထ- နိဗ္ဗာန် အကျိုး တစ်မျိုးမျိုးရအောင် ဆိုဆုံးမတော်မူနိုင်၏။ လောကီဆရာ တို့ကား မျက်မှောက်အကျိုးကိုပင် ပြည့်ပြည့်ဝဝရအောင် ဆိုဆုံးမ နိုင်ဖို့ခဲယဉ်းလှပါသည်။ သတ္တဝါအပေါင်းကို ဘေးလွတ်ရာ ပေးနိုင် ရန်ထား မိမိကိုယ်ကိုပင် ဘေးလွတ်ရာသို့ မပုန်းရှောင်နိုင်ချေ။ ထို့ကြောင့် နတ်လူတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား၏ ဂုဏ်တော်ကို အာရုံပြု၍ . . . .
No comments:
Post a Comment