ကျောင်းဆောက်လှူတဲ့ ကုသိုလ်ဟာဒီအများအတွက်
အရပ်လေး မျက်နှာမှာ လာတဲ့ သံဃာ (သို့မဟုတ်) အားလုံးနားခိုဖို့ အဆောက်အဦးတစ်ခုကို ဆောက်လှူတယ်။
ဒါနထဲမှာတော့ ပစ္စည်းလှူတဲ့ ဒါနထဲမှာတော့ အကောင်းဆုံးပဲ၊ ဒါဖြင့် ဒီထက်ကောင်းတဲ့ ကုသိုလ်
ရှိလားဆို ရှိတယ်။
ဒီထက်ကောင်းတဲ့ ကုသိုလ်က ကိုယ့်ဘဝကို ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို အပ်နှံတဲ့ သရဏဂုံ ကုသိုလ်ဟာ ကျောင်းဆောက်လှူတဲ့ ကုသိုလ်ထက် မြတ်တယ်လို့ ဒီလိုခေါ်တယ်။
ဒါဖြင့် အဲဒီထက် မြတ်တဲ့ ကုသိုလ် ရှိသေးလား?
ရှိသေးတယ်၊ ငါးပါးသီလ ထပ်ပိုးပြီးတော့ စောင့်လိုက်လို့ရှိရင် သရဏဂုံသာ ဆောက်တည်တဲ့ကုသိုလ်ထက် ငါးပါးသီလပါ ပါလိုက်မယ်ဆိုရင် ပို
မြတ်သွားတယ်။
ဒါဖြင့် အဲဒီထက် မြတ်တဲ့ကုသိုလ် ရှိသေးလားလို့
ဆိုရင် ရှိသေးတယ်၊ ဘယ်ကုသိုလ်တုန်းဆိုတော့ နံ့
သာလေး တစ်ရှုလောက် အချိန်ပိုင်းလေး ဖြစ်စေ၊မေ
တ္တာဘာဝနာပွားပါ၊ နံ့သာတစ်ရှုဆိုတာ မြန်မာပြည်က လူတွေ သဘောပေါက်ပါတယ်။
သနပ်ခါးသွေး ကျောက်ပြင်ပေါ်မှာ သနပ်ခါးလေး
သွေးပြီးတော့ လက်ကလေးနဲ့ ယူပြီး နှာဝတေ့ပြီး ရှု
လိုက်တဲ့ အချိန်ပိုင်းကို နံ့သာတစ်ရှုလို့ ခေါ်တယ်နော်။
အဲဒီ အချိန်ပိုင်းလေး ဖြစ်စေ၊ကိုယ့်ရင်ထဲမှာ ဒေါသ
ပျောက်သွားအောင် မေတ္တာပွားလိုက်မယ် ဆိုရင် အဲ့
ဒီ ကုသိုလ်ဟာ ခုနကပြောတဲ့ ကုသိုလ်တွေထက်
မြတ်တယ်။
ဘာကြောင့် မြတ်တာတုန်းလို့ ဆိုတော့ ခုနကသရဏဂုံနဲ့ သီလက သီလ ကုသိုလ်မျှသာ ဖြစ်တယ်၊
ကျောင်းလှူတာက ဒါနကုသိုလ်၊ သရဏဂုံနဲ့ သီလက
သီလ ကုသိုလ်ပေါ့၊ ဒါနထက် သီလက မြတ်တယ်။
မေတ္တာဘာဝနာ ပွားတာကျတော့ သမထဖြစ်သွား
တယ်၊ဟော ဘာဝနာဖြစ်သွားတယ်၊ ဒါကြောင့်မို့လို့
မတျတောဘာဝနာဆိုတဲ့ ဒါန၊ သီလ၊ ဘာဝနာ၊ သမထ
ဘာဝနာ ပိုမြတ်တယ်ဆိုတော့ ဒါဖြင့် ဒီထက်ကောင်း
တဲ့ ကုသိုလ်ရှိသေးလား ဆိုတော့ ရှိသေးတယ်။
အဲ့ဒီ ကုသိုလ်က ဘာတုန်းဆို ဝိပဿနာ ကုသိုလ်၊လောကကြီးဟာ မမြဲဘူးဆိုတာကို အချိန်အတိုင်း
အတာလေး တစ်ခုအတွင်းမှာပဲ လက်ဖျစ်တစ်တီးအချိန်လောက် တိုးတောင်းတဲ့ အချိန်လေးပဲ ဖြစ်စေ၊
ကိုယ်တစ်ယောက်တည်းနေတဲ့ အချိန်လေးမှာ စဥ်း
စားလိုက်ပါ၊ ဝိပဿနာဥာဏ်လေးဖြစ်အောင် ငါဟာ
တဖြည်းဖြည်း အိုမင်း လာတယ်နော်၊ ငါ့မှာလည်း
သေခြင်း သဘောရှိတယ်၊ သေခြင်းတရားကို ငါမ
လွန်ဆန်နိုင်ဘူး။
နေ့စဥ် ငါ့သန္တာန်မှာရှိတဲ့ ရုပ်တွေ နာမ်တွေ အားလုံး
ပြောင်းလဲနေတဲ့ အရာသာဖြစ်တယ်၊ ငါနဲ့ ငါ့ပတ်ဝန်း
ကျင်မှာရှိတဲ့ သင်္ခါရတရား အားလုံးဟာလည်း ဘယ်အရာမှ မမြဲဘူး၊ အားလုံး ပြောင်းလွဲပြီး နောက်
ဆုံး ပျက်စီးရမှာ ဖြစ်တယ်ဆိုတဲ့ ဒီအမြင်လေး ကို
ယ့်သန္တာန်မှာ ရအောင်၊ ဖြစ်အောင် ဒီအသိဥာဏ်လေးဖြစ်အောင် ကြိုးစားလိုက်ပါ။
ကြိုးစားလိုက်လို့ အဲဒီ အသိဥာဏ်လေး ရပြီဆို
ကုသိုလ်ထဲမှာတော့ အကောင်းဆုံး လုပ်လို့ရတဲ့ ကု
သိုလ်ထဲမှာတော့ အကောင်းဆုံးလို့ ပြောရမှာတဲ့။
ကျန်တဲ့ အရဟတ္တမဂ်ကုသိုလ်ဆိုတာ လုပ်လို့ရတာ
မဟုတ်ဘူး၊ ဝိပဿနာက လုပ်လို့ရတယ်၊ ဒါဖြင့်
ဘာကြောင့် ကောင်းတယ်လို့ ပြောရလဲဆိုရင် မမြဲ
တဲ့ သဘာဝတရားကို ဆင်ခြင်စဥ်းစား လိုက်တာနဲ့
တပြိုင်နက် တွယ်တာမှု မှန်သမျှကို လျှော့ချနိုင်သွား
တယ်။
သြော် ငါတွယ်နေလို့ လူ,လူချင်း တွယ်ရင်လည်း
တနေ့ကျတော့ ခွဲရမှာ၊ ပစ္စည်းဥစ္စာ တွယ်ရင်လည်း
သင်္ခါရဆိုတာ ဘယ်ဟာမှ မမြဲဘူး ဆိုတဲ့ ဒီအတွေး
နဲ့ စွဲလမ်းမှုတွေ ၊တွယ်တာမှုတွေကို လျှော့ချနိုင်တယ်။
စွဲလမ်းမှု၊ တွယ်တာမှု လျှော့ချနိုင်လို့ရှိရင် ရင်ထဲက
သောကလည်း လျော့ကျသွားမှာပဲ ဖြစ်တယ်၊ ဒါ
ကြောင့် ဝိပဿနာကုသိုလ်က ပိုမြတ်တယ်။
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
"စိတ်စွဲလမ်းမှုကို အောင်နိုင်သူ"တရားတော်မှ
Thar Thar
ဗောဓိဥာဏဿ ပစ္စယော ဟောတု
Credit..
No comments:
Post a Comment