စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, July 20, 2025

ကာလဒါန၏အကျိုး

ကာလဒါနအလှူ၏အကျိုး
🌺🌿🌺🌿🌺🌿🌺🌿🌺🌿
ကာလဒါနရဲ့ ထူးခြားတဲ့အကျိုးက အလိုက်သိစေတနာ ဖြစ်တာကြောင့် ဘဝသံသရာခရီးတလျှောက် နိဗ္ဗာန်ဦးတည်သွားတဲ့အခါ သူက အလိုက်သိသိနဲ့ လိုအပ်တဲ့အခါ လိုအပ်တဲ့နေရာမှာ လိုတာကို ပေးပါတယ်။

ပညာသင်ရမယ့်အချိန်မှာ ပညာသင်လို့အဆင်ပြေအောင် အကျိုးပေးတယ်။

စီးပွားရှာရမယ့်အချိန်မှာ စီးပွားရေးအဆင်ပြေအောင် အကျိုးပေးတယ်။

ခရီးသွားရမယ့်အချိန်မှာ ခရီးသွားလို့အဆင်ပြေအောင် အကျိုးပေးတယ်။

တရားရှာရမယ့်အချိန်မှာ တရားအလုပ်လုပ်လို့အဆင်ပြေအောင် အလိုက္သိ အချိန်ကိုက် အကျိုးပေးတယ်။

(ကျေးဇူးတော်ရှင်
          တိပိဋက ဓရ ယောဆရာတော်)


No comments:

Post a Comment