ဆုကြီးပြန်
" ဤကျောင်းတိုက်အတွင်းသို့ ဘုရားအလောင်း မလာရ"
( သထုံ မင်းကွန်း ဇေတဝန်ဆရာတော်ကြီး )
💢💢💢💢💢💢💢💢💢💢💢💢
မိမိနဲ့ အလွန်ရင်းနှီးတဲ့ ဒကာကြီးတစ်ယောက် နိုင်ငံခြားပြန်ဘွဲ့ရ ဒကာကြီးပါပဲ~ အခုတော့ ဝတ်ကြောင်ကို လွတ်အောင်ရုန်းပြီး သာသနာဝန် ထမ်းနေပါတယ်~ သူ့ဝါသနာအတိုင်း ပရဟိတကလေးတွေကို စာသင်ပေးတယ်~ ရောက်လေရာအရပ်မှာ အရိပ်ရမယ့် သစ်ပင်တွေကို စိုက်တယ်~ ပုတီးစိပ်တယ်~ တရားထိုင်ဖို့ တိုက်တွန်းတော့ သူက ဘုရားဆုပန်ထားလို့ ဝိပဿနာအလုပ်ကို ခရီးပေါက်အောင် လုပ်လို့မဖြစ်ဘူးတဲ့~ အကြိမ်ကြိမ်ကို တိုက်တွန်းပေမယ့် အမျိုးမျိုး ဆင်ခြေပေးပြီး ငြင်းဆိုနေပါတယ်💠
မိမိက ဘုရားဆုပန်ယောက်ျားဆိုတာ ' သုမေဓာ ရှင်ရသေ့ ' ' ဒီပင်္ကရာ မြတ်စွာဘုရား ' ထံမှာ နိယတဗျာဒိတ်ခံယူတော့ ရှင်ရသေ့ရဲ့ သီလသမာဓိ အရည်အချင်းက တကယ်လို့သာ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုမယ်ဆိုရင် ဂါထာထက်ဝက် အက္ခရာ (၁၆)လုံးလောက် တရားဟောပြရုံနဲ့ ရဟန္တာ ဖြစ်နိုင်တဲ့ အနေအထားမျိုး ဖြစ်နေပြီ~ အိမ်ရာတည်ထောင်ခြင်းကို အငယ်ကတည်းက စိတ်မကူးခဲ့တဲ့အပြင် မိဘများ ဆုံးပါးသွားတော့ ကျန်ရှိတဲ့အမွေတွေကိုလည်း အားလုံး စွန့်နိုင်နေပြီ~ အခု ဒကာကြီးရဲ့ အခြေအနေက ဘယ်အဆင့်ရောက်နေပြီလဲ ဆိုတော့လည်း ဘာမျှပြန်ပြောလိုဟန်မရှိဘဲ ရယ်လို့ပဲနေတယ်💠
ဂေါတမ ဘုရားအလောင်းတော်ဟာ သုမေဓာ ရှင်ရသေ့ဘဝနဲ့ နိယတဗျာဒိတ်လို့ခေါ်တဲ့ ဘုရားလောင်းအဖြစ် ခိုင်မြဲတဲ့ စကားကို ဒီပင်္ကရာ မြတ်စွာဘုရားထံက ကြားနာပြီးချိန်ကစပြီး အခု ဘုရားဖြစ်တဲ့အထိ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရတယ်~ ဒါတောင် ပညာဓိက ဘုရားအလောင်း မို့လို့~ သဒ္ဒါဓိက ဆိုလျှင် ရှစ်သင်္ချေ နဲ့ ကမ္ဘာတစ်သိန်း ကြာမယ်~ ဝီရိယဓိက ဆိုလျှင် (၁၆)သင်္ချေ နဲ့ ကမ္ဘာတစ်သိန်းကြာမယ်~ ဒီလို နိယတဗျာဒိတ် မရခင် အဲဒီအဆင့် (လိုချင်လျှင် ရဟန္တာ ဖြစ်နိုင်တဲ့အဆင့် ) ရောက်ဖို့ ပါရမီဖြည့်ခဲ့တာ ဘယ်လောက်ကြာခဲ့တယ်ဆိုတာ မခန့်မှန်းနိုင်သေးဘူး💠
ခုချိန်ထိ သိရသလောက် လူဝတ်ကြောင်များထဲမှာရော ရဟန်းတော်များထဲမှာပါ ' ဘုရားဆုပန် ' 'ဆုကြီးပန် ' ဆိုတဲ့ပုဂ္ဂိုလ် တစ်ရာထက် မနည်းလောက် ကြားဖူး သိဖူးတယ်~ မကြားမသိရတဲ့ အရေအတွက်က ဘယ်လောက် ရှိနေမယ်မပြောတတ်ဘူး~ သေချာတာကတော့ အဲဒီပုဂ္ဂိုလ်တွေအားလုံးဟာ အခုဘဝမှာ " ဖြစ်ချင်စိတ် ရှိမယ်ဆိုရင် ရဟန္တာ ဖြစ်နိုင်လောက်တယ် " လို့ ပြောရလောက်အောင် စွန့်လွှတ်နိုင်မှု ကြိုးစားမှုမျိုး မတွေ့ရသေးသလို သက်တော်ထင်ရှား ဘုရားတစ်ဆူဆူထံက နိယတဗျာဒိတ်စကား ရယူထားပြီးသားလည်း မဟုတ်ဘူး💠
ဒီတော့ သူတို့ရဲ့ ပါရမီကာလက အကန့်အသတ်မရှိဘဲ အနည်းဆုံး နိယတဗျာဒိတ်ရကြလို့ လေးသင်္ချေ ကမ္ဘာတစ်သိန်းကာလကြာပြီး ဘုရားဖြစ်ကြမယ် ဆိုရင်တောင် ဒီပုဂ္ဂိုလ် တစ်ရာကျော် ဘုရားဖြစ်ပြီးမှ ဒကာကြီး အလှည့်ဆိုရင် ကမ္ဘာပေါင်း လေးရာကျော် စောင့်ရဦးမယ် မဟုတ်လား~ ဒီကြားထဲမှာ မဂ်ဖိုလ်ကိစ္စ ရပ်ဆိုင်းထားမယ့်သဘောလား~ ဆိုတဲ့အကြောင်း မေးပြန်တော့လည်း ဘာမှ ရေရေရာရာ ပြန်မပြောဘူး~ ပါရမီ ဖြစ်ရုံလောက်တော့ လုပ်ပါတယ်တဲ့💠
' မဟာစည် ဆရာတော် ' ' တောင်ပုလု ဆရာတော် ' စတဲ့ ဆရာတော်ကြီးများရဲ့ ဆရာဖြစ်တဲ့ သထုံမြို့ ' မင်းကွန်း ဇေတဝန်ဆရာတော်ဘုရားကြီး ' ရှိစဉ်က ဆရာတော်ကြီးကို အလွန် ကြည်ညိုပြီး ရင်းလည်းရင်းနှီးတဲ့ ဒကာကြီးတစ်ယောက်က ကျောင်းတိုက်ကို မပြတ်လိုလို လာလေ့ရှိပြီး ဆရာတော်ဘုရားကြီးနဲ့လည်း အကျွမ်းတဝင် လျှောက်ထား ပြောဆိုလေ့ ရှိသတဲ~ အဲဒီ ဒကာကြီးက အရပ်ထဲ ရောက်ပြီဆိုရင်တော့ ' ဓမ္မ ' ကို ' ဓားမ ' လုပ်ပြီး တွေ့သမျှ တရားသမားတိုင်းကို တရားစောင်းခုတ်တော့တာပဲတဲ့~ သူ့စကားတွေကို သဘောမကျလို့ ပြန်လှန် ငြင်းပြီဆိုရင် " ဒါဟာ မင်းကွန်းဆရာတော်ဘုရားကြီးနဲ့ဆွေးနွေးပြီး သိရတဲ့တရားဗျ~ လက်မခံနိုင်ရင် ဆရာတော်ကြီးနဲ့ သွားရှင်းကြ " ဆိုပြီး ဆရာတော်ကြီးအမည်နဲ့ ကိုင်ထုလေ့ ရှိသတဲ့💠
ဒါနဲ့ ကြာတော့ ဆရာတော်ကြီးရဲ့ တပည့်ဒကာတွေကလည်း နားမခံသာတော့တဲ့အတွက် ဆရာတော်ကြီးကို ဖြစ်ကြောင်းကုန်စင် တင်ပြလျှောက်ထားကြတော့တယ်~ နောက်တစ်ခါ အဲဒီ ဒကာကြီး ဆရာတော်ထံ ရောက်လာတဲ့အခါ ဆရာတော်ကြီးက တရားဆိုတာ ငြင်းခုံဖို့ မဟုတ်ဘူး လိုက်နာကျင့်သုံးဖို့ ဖြစ်တယ်~ တရားရှိသူဆိုတာဟာ ကိုယ်နှုတ်နှလုံး အေးချမ်းငြိမ်သက်သူ ဖြစ်ရတယ်~ အခုလို ဒေါသတွေ မာနတွေနဲ့ ငြင်းခုံနေသူမျိုး မဟုတ်ဘူး~ ဒါကြောင့် ဒကာကြီးဟာ ကိုယ့်သန္တာန်မှာ တရားရှိအောင် အရင်ကျင့်သုံးရမယ်ဆိုတဲ့ အကြောင်း ပြောဆို ဆုံးမပါသတဲ့💠
ဒီတော့ ဒကာကြီးက သူဟာ ဆုကြီးပန် ဖြစ်တဲ့အတွက် သူတစ်ပါးရဲ့ သာဝက အဖြစ်နဲ့ မဂ်ဖိုလ်ကို ရအောင် အားထုတ်လို့မဖြစ်ဘူး~ ပါရမီဓာတ်ခံ ရရုံလောက်ပဲ တရားကို နာယူ ဆွေးနွေးနိုင်မယ်ဆိုပြီး ငြင်းဆန်ပါသတဲ့~ ဆရာတော်ကြီးက အမျိုးမျိုး ဆုံးမပေမယ့် ငြင်းဆန်မြဲ ငြင်းဆန်နေတဲ့အခါ အဲဒီဒကာကြီးကို နောက်နောင် သူ့ကျောင်းထဲ လုံးဝမလာဖို့နဲ့ သူ့နာမည်ကိုသုံးပြီး တရားငြင်းခုံတာမျိုး လုံးဝမလုပ်ရလို့ တားမြစ်လိုက်သတဲ့💠
💡 အဲဒီအချိန်ကစပြီး မင်းကွန်း ဇေတဝန်ကျောင်းတိုက်မုဒ်ဝမှာ
" ဤကျောင်းတိုက် အတွင်းသို့ ဘုရားအလောင်း လုံးဝမလာရ " လို့ ဆိုင်းဘုတ်ကို ထင်ထင်ရှားရှားရေးပြီး ချိတ်ထားစေခဲ့တယ်လို့ ဆိုပါတယ်💡💡
ဒီအကြောင်းကို ပြောပြပြီး မိမိကလည်း ဒကာကြီးကို " ဒကာကြီးလည်း ဆုကြီးပန်အဖြစ်က လုံးဝ မလျှော့နိုင်ဘူးဆိုရင် ဦးပဉ္ဇင်းလည်း ကျောင်းမှာ ဇေတဝန်ဆရာတော်ကြီးရေးတဲ့ ဆိုင်းဘုတ်မျိုး ရေးထားရလိမ့်မယ် ထင်တယ် " လို့ ပြောလိုက်မိပါတယ်💠
(၂) နှစ်လောက်ကြာပြီးနောက် ဒီတစ်ခါ ဒကာကြီးနဲ့တွေ့တဲ့အခါမှာတော့ ဒကာကြီးက " အရှင်ဘုရား ကျောင်းမှာ တပည့်တော်အတွက် ဆိုင်းဘုတ်များ ရေးထားတာရှိရင် ဖြုတ်လိုက်ပါတော့ ဘုရား " တဲ့~ တပည့်တော် ဆုကြီးပန် အဖြစ်ကို စွန့်လွှတ်လိုက်ပါပြီ~ တရားများလည်း ဆရာသမားထံ ချဉ်းကပ်ပြီး စနစ်တကျ အားထုတ်နေပါပြီဆိုတဲ့အကြောင်း လျှောက်ထားပါတယ်💠
မိမိက ဒကာကြီးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဝမ်းမြောက်စကားပြောဆိုရင်း စပ်မိလို့ တခြား မိမိ သိကျွမ်းဖူးတဲ့ ဆုကြီးပန်ဆရာတော်တစ်ပါးလည်း ' ဆုကြီးပန် ' အဖြစ်ကနေ ' ဆုကြီးပြန် ' ဖြစ်သွားပုံကို ရယ်စရာအဖြစ် စပ်မိပြီး ပြောပြလိုက်မိတယ်💠
💦💦မုံရွာနယ်က သစ်ချိုလိန်လှ ဆိုတဲ့ အရပ်နားက ဆရာတော်ကြီးတစ်ပါးကလည်း ဘုရားဆု ပန်သတဲ့~ ညပိုင်း ဘုရား ဝတ်တက်ပြီးတဲ့အခါ သူက ဘုရားဆုပန်ထားကြောင်း ပြောပြီး အားလုံးကို သာဓု ခေါ်ခိုင်းတယ်~ တပည့်တွေကိုလည်း ဘာဆုတွေများ ပန်ကြသလဲဆိုတာ မေးလေ့ရှိသတဲ့~ တပည့်ရဟန်းတွေကလည်း ဆရာတော် စိတ်ချမ်းသာအောင် တချို့က လက်ဝဲရံတို့ အလုပ်အကျွေးဆုတို့ အသီးသီး လျှောက်ကြတာပေါ့~ တစ်ပါးလျှောက်ထားပြီးတိုင်း ဆရာတော်ကြီးက " အေး ကောင်းတယ် ကောင်းတယ် ကဲ အားလုံး သာဓုခေါ်ကြ " လို့ တိုက်တွန်းတော့ ကျန်တဲ့ ဦးပဉ္ဇင်း ကိုရင်တွေကလည်း သာဓု ခေါ်ကြရတာပေါ့💦💦💦
အဲဒီကျောင်းမှာ တောထွက်ကိုယ်တော်ကြီးတစ်ပါးလည်း ရှိတယ်~ ငယ်ငယ်ကတော့ အသောက်အစား စတဲ့ စွယ်စုံဆယ့်နှစ်ကြိုးသမားဘဝကနေ ရဟန်းပြုလာတဲ့ကိုယ်တော်ကြီးဆိုကိုး~ ဆရာတော်က အစဉ်အတိုင်း မေး မေးလာလိုက်တာ အဲဒီ ကိုယ်တော်ကြီး ဖြေရမယ့် အလှည့်ရောက်တော့
" တပည့်တော်ပန်တဲ့ဆု ကိုတော့ မဖြေပါရစေနဲ့ဘုရား " လို့ ငြင်းဆန်သတဲ့~ ဆရာတော်က " ကိုယ်တော်ကြီး ဘာများ မဟုတ်တယုတ်ဆုတွေ ပန်ထားလို့ မဖြေချင်ရတာလဲ~ ကောင်းတဲ့ဆု ပန်တာဆိုရင် သူများတွေလည်း သာဓုခေါ်ရအောင် ဖြေမှပေါ့ " လို့ အတန်တန် တိုက်တွန်းတော့မှ " တပည့်တော်က ဆရာတော်တို့လို ပါရမီတွေကိုလည်း သိပ်ပြီး ဖြည့်ဆည်းနိုင်မယ် မထင်လို့ သုဒ္ဓေါဓနမင်းကြီးကို အားကျပြီး ဘုရားအဖေဆု ပန်ထားတယ်ဘုရား " လို့ လျှောက်ထားလိုက်သတဲ့💠
အဲဒီရဲ့နောက်ပိုင်းမှာတော့ ညတိုင်း ပြုနေကျ ဆုကြီးပန်သာဓုခေါ်ပွဲလည်း မလုပ်ဖြစ်တော့ဘူး~ နောက် (၅) နှစ်လောက်အကြာမှာတော့ ဆရာတော်ကြီးက
" ငါ ဘာဆုကြီးပန်မှ မဟုတ်တော့ဘူးဟေ့~ ခု ဘုရားသာသနာမှာပဲ မဂ်ဖိုလ်ရအောင် ကြိုးစားအားထုတ်တော့မယ် " ဆိုပြီး တောရဆောက်တည်ရင်း တရားအားထုတ်သွားပါတော့သတဲ့💦💦💦
' လယ်တီဆရာတော်ဘုရားကြီး ' ကတော့ ဘုရားတစ်ဆူဆူကို ငြင်းပယ်ပြီး ကိုယ်တိုင် သယမ္ဘူ ဖြစ်အောင် အချိန်ဆွဲနေကြသူများကို မဆိုထားနှင့်
" နောက်ဘုရားမှာ အများငါတို့ ပါကြစို့ " လို့ ဆင်ခြေပေးသူများကိုပင် -
" ခွင့်သာခိုက်မှာ မလိုက်လျှင် အမိုက် နင့်ပြင် ရှိသေးလိမ့်လား~
ခွင့်သာဆဲမှာ မနွဲချင်လျှင် အလွဲ နင့်ပြင် ရှိသေးလိမ့်လား~
ခွင့်သာတုန်းမှာ မရုန်းချင်လျှင် အရှုံး နင့်ပြင် ရှိသေးမို့လား ' လို့
သတိပေးဆုံးမခဲ့ပါတယ်💥💥💥
အခု ကြုံတွေ့နေရတဲ့ ဂေါတမမြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ဟာ ဒုက္ခလွတ်မြောက်လိုသူတို့အတွက် ချွင်းချက်မရှိ ပြည့်စုံလုံလောက်ပါတယ်💦💦💦
💠ဒီလို အခိုင်အမာ ယုံကြည်ကိုးစားနTathatha Dagonuniversity Thwe Thwe Hnin?Nang Htwe Phyu💢💢
ဓမ္မဘေရီ အရှင်ဝီရမထေရ်မြတ်တို့ စကား
credit:dhmmapankhinn
No comments:
Post a Comment