စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, October 12, 2016

သင့်တသက်တာ မေးဖြေလွှာ

(သင့်တစ်သက်တာ မေးဖြေလွှာ)

၁။  ဆယ်နှစ်တမ်းမှာ၊ ဉာဏ်နုံ့ရာ၊ ဘဇာသင်လုပ်မိသနည်း။

~   ဆယ်နှစ်ကလေး၊ ဉာဏ်နုံ့နှေး၊ ဆော့ပြေးရင်းနှင့် အချိန်ကုန်။

၂။  အပျော်ဆုံးရွယ်၊ ထိုနှစ်ဆယ်၊ အဘယ်သင်လုပ်နေသနည်း။

~  နှစ်ဆယ်တစ်ဝိုက်၊ အပျော်ကြိုက်၊ မိတ်လိုက်ရင်းနှင့် အချိန်ကုန်။

၃။  အလှပဆုံး၊ သုံးဆယ်နှုန်း၊ ဘယ်ထုံး သင်လိုက်စားသနည်း။

~   အလှပဆုံး၊ သုံးဆယ်နှုန်း၊ လူလုံးပြလျက် အချိန်ကုန်။

၎။  အသက်လေးဆယ်၊ အင်အားကြွယ်၊ အဘယ်ကြိုးစား နေသနည်း။

~   လေးဆယ်တစ်လွှား၊ ဓနအား၊ ကြွားလုံးထုတ်လျက် အချိန်ကုန်။

၅။ ငါဆယ်အတွင်း၊ ဉာဏ်ပွင့်လင်း၊ ဘယ်ဒင်းစိတ်ဝင်စားသနည်း။

~   ငါးဆယ်တစ်ကွက်၊ ဉာဏ်ထက်မျက်၊ ဉာဏ်နက် ထုတ်ရင်း အချိန်ကုန်။

၆။  ခြောက်ဆယ်တွင်းမှာ၊ အားဆုတ်ရာ၊ ဘဇာလုပ်၍ ဟုတ်မည်နည်း။

~   ခြောက်ဆယ်တစ်လွှား၊ အားဆုတ်သွား၊ ကြုံးဝါးရင်းနှင့် အချိန်ကုန်။

၇။  ခုနစ်ဆယ်မှာ၊ ခါးကုန်းရာ၊ ဘယ်တော့ကိုင်၍ ခိုင်မည်နည်း။

~   ခုနစ်ဆယ်တွင်း၊ ခါးမတင်း၊ ဟင်းချရင်းနှင့် အချိန်ကုန်။

၈။  ရှစ်ဆယ်တွင်းတော့၊ ခါးပင်ကော့၊ ဘယ်တော့ကိုင်၍ နိုင်မည်နည်း။

~   ရှစ်ဆယ်မှာတော့၊ ခါးပင်ကော့၊ မော့မော့ကြီးနှင့် အချိန်ကုန်။

၉။  ကိုးဆယ်တွင်းမှီ၊ တွေဝေပြီ၊ ဘယ်ဆီကြံ၍ ဟန်မည်နည်း။

~   ကိုးဆယ်တစ်ကွေ့၊ သတိဝေ့၊ မေ့မေ့ကြီးနှင့် အချိန်ကုန်။

၁၀။  တစ်ရာတန်းကျ၊ လှဲနေရ၊ ဘာမှပေါင်း၍ မကောင်းတည်း။

~  ထိုင်၍မကောင်း၊ တစ်ရာညောင်း၊ လဲလျောင်းရင်းနှင့် အချိန်ကုန်။ 

                    (ကဝိဗန္ဓနကထာ၊ ၅၄)

No comments:

Post a Comment