စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Tuesday, August 28, 2018
ဆေး​ကြောပြီး​သော လက်​ရှိသူ
#ဆေးကြောပြီးသောလက်ရှိသူ
****************************
သဒ္ဓါတရားကောင်းသူ  အပေးအကမ်းရက်ရောသူကို
"ဆေးကြောပြီးသောလက် ရှိသူ"  လို့ မြတ်စွာဘုရား ဟောတော်မူတယ်။ 
ဆေးကြောပြီးသောလက် ရှိသူသည် …
မိမိပစ္စည်းကို  ပေးကမ်းဖြန့်ဝေရန် အသင့် ဖြစ်နေတတ်တယ်။
တောင်းရ ရမ်းရ အလွန်လွယ်တယ် ။ ပေးချင် ကမ်းချင်တယ် ။
လှူချင် တန်းချင်တယ်။  မိမိ စားနေတဲ့အထဲက ခွဲဝေကျွေးမွေးတတ်တယ် ။ ပေးရ ကျွေးရမှလည်း ကျေနပ်တယ် ။
သဒ္ဓါတရားကောင်းသူမှာ "မစ္ဆရိယ အညစ်အကြေး" ကင်းစင်နေတယ်။
မစ္ဆရိယသမားရဲ့လက်ဟာ  ညစ်ပေနေတဲ့လက် ဖြစ်တယ်။
မစ္ဆရိယ အညစ်အကြေး အနည်းငယ် စွန်းငြိ ညစ်ပေနေရင်
ကိုယ့်ပစ္စည်းကို ဆုပ်ကိုင်ထားလိုက်တယ်။ များများ ညစ်ပေလျှင်ကား သူတပါး  ပေးကမ်းလှူဒါန်းနေတာကို အချောင် နှမြောပြီး ဝင်ရောက် ဟန့်တားတတ်တယ်။ ကဲ့ရဲ့ အပြစ်တင်တယ်။
( ကာဠ အမတ်ကြီးဟာ ပသေနဒီကောသလဘုရင်ရဲ့ အသဒိသ ဒါနပွဲကို ပြစ်တင်ဝေဖန်မိလို့  အပြစ်ကြီးစွာ ရဖူးတယ် ။)
ဒါကြောင့် …
မစ္ဆရိယ အညစ်အကြေး   ကင်းဝေး သန့်စင်နေသူကို 
" ဆေးကြောပြီးသောလက် ရှိသူ"   လို့  ဆိုရတယ်။
#ပါချုပ်ဆရာတော်
>donation.of.dhamma
***#ဓမ္မမိတ်ဆွေများ အသိဉာဏ် ဗဟုသုတ
နှင့်ကုသိုလ်တရားများ စဉ်ဆက်မပြတ်ပွားများ
နိုင်ကြပြီးမင်္ဂလာရှိသောနေ့တနေ့ဖြစ်ပါစေ***
Credit to original uploaded.
စွယ်​​တော်​ ​လေးဆူ
စွယ်တော် လေးဆူ
🙏🙏🙏🙏🙏🙏🙏🙏🙏
မြတ်ဗုဒ္ဓရဲ့ စွယ်တော်မြတ်လေးဆူတို့သည်သုတ်မဟာဝါပါဋ္ဌိတော် ပရိနိဗ္ဗာနသုတ် အဆုံး၌
"ဧကာ ဟိ ဒါဌာ တိဒိဝေဟိ ပူဇိတာ၊
  ဧကာ ပန ဂန္ဓာရပုရေ မဟီယတိ။
  ကလိင်္ဂရညော ဝိဇိတေ ပုနေကံ၊
  ဧကံ ပန နာဂရာဇာ မဟေတိ" လို့ ဆိုသည့်အတိုင်း
၁။ တာဝတိံသာ စူဋ္ဌာမဏိ စေတီထဲတွင် တစ်ဆူပူဇော်ထားရှိ၍။
၃။ နဂို မြန်မာပြည်၏ အနောက်ဘက် ကလိင်္ဂတိုင်း-ဆိုတာ ရှိခဲ့ဖူးတယ်။ အဲဒီတိုင်းပြည်ပျက်တဲ့အခါ ဟေမမာလာမင်းသမီးနှင့် မင်းသားတို့သည် ထီးနန်းစည်းစိမ်ကို စွန့်ပြီး စွယ်တော်ကို ယူကာ မြန်မာပြည်ထဲ ဖြတ်ကျော်ဝင်လာပြီး ထိုမှတဆင့်သီဟိုဠ်ဘက်သို့ကူးသွားကာ (ရှေးက သီဟိုဠ် ယနေ့ သီရိလင်္ကာနိုင်ငံ) ကန္နီမြို့ စွယ်တော်တိုက်ထဲတွင် ပူဇော်ထားရှိ၏။
၎။ ဘောဂဝတီ နဂါးပြည် ဘုရားထဲတွင် စွယ်တော်တစ်ဆူကို-ပူဇော်ထားကြောင်းဟု မှတ်ယူသိရှိထားသင့်ပေသည်။
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။
ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ။
နေ့ရက်တိုင်းမှာ သာယာပျော်ရွှင်မှုအပေါင်းနဲ့ပြည့်ဝကြပါစေ။
Monday, August 27, 2018
ပါရမီ​မြောက်​​အောင်​ ဘယ်​လိုလှူရမလဲ
" ပါရမီ​​မြောက်​​အောင်​ဘယ်​လိုလှူရမလဲ ? "
    ••••••~~~~~~•••••••••
၁။ယသကာမတာယ ပဝတ္တိတံ ဟီနံ၊
   လှူဒါန်းတဲ့အလှူဟာ "ယုတ်​ညံ့တဲ့အလှူ"လို့​ခေါ်တယ်​။
၂။ပုညဖလကာမတာယ ပဝတ္တိတံ မဇ္ဈိမံ၊
  လှူဒါန်းရင်​"အလယ်​အလတ်​အလှူ"လို့​ခေါ်တယ်​။
၃။ကတ္တဗ္ဗ​မေဝိဒန္တိ အရိယဘာဝံ နိဿာယ ပဝတ္တိတံ ပဏိတံ၊
    အရိယာတို့ရဲ့အ​လေ့ကိုမှီပြီးနိဗ္ဗာန်​ကို
ရည်​မှန်းပြီးဦးတည်ပြီးလှူဒါန်းရင်
"အမြင့်​မြတ်​ဆုံး ပါရမီ​မြောက်​တဲ့အလှူ "လို့​ခေါ်တယ်​။
ကဲဒါဆိုရင်
သိန်း​ပေါင်းများစွာလှူလှူ
သိန်း​ပေါင်းများစွာမတတ်​နိုင်​လို့
တစ်​ကျပ်​ ငါးမူးပဲလှူလှူ
ဘယ်​လိုစိတ်​နဲ့လှူမလဲဆိုတာ ကိုယ်​ကိုယ်​တိုင်​​ရွေးချယ်​ရမှာပါ
၁​။ယုတ်​ညံ့တဲ့အလှူနဲ့လှူမလား
၂။အလယ်​အလတ်​အလှူနဲ့လှူမလား
၃။အမြင့်​မြတ်​ဆုံးပါရမီ​မြောက်​​အောင်​လှူမလား
မှတ်​ချက်​​ပေးချင်​တာတစ်​ခုက​တော့
နံပါတ်​{၁} နဲ့လှူရင်း​တော့ နံပါတ်​{၁}အကျိုးကိုပဲရမှာပါ။
နံပါတ်​{၂}နဲ့လှူရင်း​တော့ နံပါတ်​{၁} {၂}အကျိုး၂ခုကိုပဲရမှာပါ။
နံပါတ်​{၃}နဲ့လှူရင်း​တော့ နံပါတ်​ {၁}{၂}{၃} အကျိုး ၃ခုလုံးရမှာပါ ။
ဒါ​ကြောင့်​ဘာ​​ကြောင့်​ပဲလှူလှူ
ဘယ်​​လောက်​ပဲလှူလှူ
ဘုရား​လောင်းလမ်းစဉ်
နံပါတ်​{၃}ဖြစ်​တဲ့
နိဗ္ဗာနဿ ပစ္စ​ယော ​ဟောတု ဆိုတဲ့
နိဗ္ဗာန်​ကိုဦးတည်​ပြီး ရည်​မှန်းပြီး လှူမှ ပါရမီ​မြောက်​ပြီး
အမြင့်​မြတ်​ဆုံးအလှူဖြစ်​မှာမို့
ဓမ္မမိတ်​​ဆွေသူ​တော်​စင်​တို့အ​နေ​နဲ့
" ပါရမီ​မြောက်​​အောင်​လှူတတ်​ဖို့ "အထူး​ရေးသား၍​ဟောကြားလိုက်​ပါတယ်​။
ဓမ္မမိတ်​​ဆွေများအားလုံးလည်း
ပါရမီကုသိုလ်​ဒါန​တွေကို
ကိုယ်​စီကိုယ်​စီရရှိပိုင်​ဆိုင်​နိုင်​ကြ၍
နိ​ဗ္ဗာန်​၏အ​ထောက်​အပံ့​များဖြစ်​ကြပါ​စေ...။
မျိုးဆက်​သစ်​အရှင်​{ဖို​လေးလုံး}
လောကမှာ ကိုးကွယ်​ရာ
လောကမှာ ကိုးကွယ်ရာ
=================
လောကမှာ ကိုးကွယ်ရာအဖြစ် မိမိတို့ ယုံကြည်ရာ သဘာဝတရားအားလျော်စွာ ကိုးကွယ်နေကြတာ
အများအပြားရှိတယ်။
ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ကတော့ ရတနာသုံးပါးကို ကိုးကွယ်တယ်လို့ ဒီလိုဆိုတယ်။
ဒါကြောင့်မို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ သုံးပါးရတနာ ကိုးကွယ်ရာနဲ့ ပတ်သက်ပြီးတော့
မိမိတို့ ကိုးကွယ်ဆည်းကပ်နေတဲ့ ရတနာသုံးပါးအကြောင်း အလေးအနက်သိရှိဖို့ လိုအပ်တယ်။
လောကမှာ ကိုးကွယ်ဆည်းကပ်မှုတွေ အလွန် များတယ်။မိမိတို့ ယုံကြည်ရာ ဘာသာတရား အားလျော်စွာ
ကိုးကွယ်ဆည်းကပ်ကြတဲ့အထဲမှာ သုံးမျိုးသုံးစားကိုးကွယ်ကြတဲ့နေရာမှာ ဟိန္ဒူဘာသာဝင်တွေ
ကိုးကွယ်တာ သုံးမျိုးရှိတယ်။
သုံးမျိုးက ဘာလဲလို့ဆိုရင်“ဗြဟ္မာရယ်၊ ဗိဿနိုးရယ်၊ သိဝရယ်”
နတ်ဘုရားမျိုးဖြစ်တယ်။သူတို့ကိုးကွယ်တာလည်း အဓိကအားဖြင့် ဒီသုံးမျိုးပဲ ကိုးကွယ်တာ။
ဒါကြောင့်မို့လို့ ဟိန္ဒူဘာသာကို ယုံကြည်ကိုးကွယ်ကြတဲ့ ဘာသာဝင်တွေဟာ သူတို့ရဲ့သင်္ကေတ အမှတ်အသားက“ဥုံ”ဆိုတဲ့ စာလုံးလေး ဖြစ်တယ်။
အိန္ဒိယစာလုံးနဲ့ ရေးထားတဲ့ “ဥုံ”ဆိုတဲ့ စာလုံးလေးကို အဆောင်အဖြစ် အသုံးပြုပြီး ရေးထားကြတယ်။
●အဲဒီ “ဥုံ”ဆိုတာ နတ်ဘုရားသုံးဆူကို ကိုယ်စားပြုတဲ့ အက္ခရာ သုံးလုံးပဲ။
ဒါကို မသိတော့ လူတွေက လိုက်ပြီးတော့ ဥုံကို ရွတ်နေကြတာ။ဒါလည်း သတိထားစရာပဲ။
ဥုံ ဆိုတာ ဗုဒ္ဓဘာသာနဲ့ မဆိုင်ဘူးလို့ ဒီလို မှတ်ထားရမယ်။ဥုံပဲဖြစ်ဖြစ် ၊ သြောင်းပဲဖြစ်ဖြစ် အသံထွက် အမျိုးမျိုးထွက်တယ်။
ဗဟုသုတအနေနဲ့ ပြောရမယ်ဆိုရင်
“ဥုံ”ဆိုတဲ့ စကားလုံးဟာ
●အ- အက္ခရာရယ်၊
●ဥ- အက္ခရာရယ်၊
●မ- အက္ခရာရယ်
အဲဒီသုံးလုံးကို ပေါင်းရွတ်တာ။
အိမ်ရောက်တဲ့အခါ ကိုယ့်ဟာကိုယ် ပေါင်းရွတ်ကြည့်။ဒီသုံးလုံးဟာ ဘယ်အသံထွက်လာလဲဆိုတာ။
အ၊ ဥ၊ မ အဲဒီသုံးလုံးကို ပေါင်းထွက်တယ်ဆိုလို့ရှိရင် “အုမ်(ဥုံ)” ဆိုတဲ့ အသံ ထွက်တယ်။
အဲဒါ အ-ဆိုတာ ဗြဟ္မာကို ရည်ညွှန်းပြီး ရွတ်တာ၊ဥ-ဆိုတာ သူတို့အခေါ် ဗိသျှနူ၊
ဗမာတွေခေါ်တာက ဗိဿနိုး၊ ဗသျှနူ ဆိုတာ နောက်က ဥ-ဆုံးတယ်။
ဗိဿနိုးနတ်ကို ရည်ညွှန်းပြီးတော့ ရွတ်တာ၊မ-ဆိုတာက ဗမာတွေ အသိအခေါ်က သိဝ၊
သူတို့အခေါ်က သျှီဗမ်ဆိုတဲ့နတ်၊နောက်က မ-အက္ခရာအဆုံးရှိတယ်၊
အဲဒီနတ်ဘုရားတွေကို ကိုယ်စားပြုပြီးတော့ ရွတ်တာ။
ဒါကြောင့်မို့ ဥုံဆိုတဲ့ စကားလုံးဟာ ဗုဒ္ဓဘာသာတွေနဲ့ မဆိုင်တဲ့ စကားလုံးဖြစ်သည့်အတွက်ကြောင့်
မရွတ်သင့်ဘူးလို့ ဒီလိုမှတ်ရမယ်။
ခရစ်ယာန်တွေကလည်းပဲ သူတို့ ကိုးကွယ်တာ trinity လို့ခေါ်တယ်။
သူတို့လည်း သုံးခုပဲ၊God ဆိုတဲ့ father ရယ်၊သန့်ရှင်းသောဝိညာဉ်တော်ရယ်၊
သားတော်ရယ် ဆိုပြီးတော့ ဒီသုံးခု trinity ဆိုပြီးတော့ ကိုးကွယ်တာပဲ။
ကမ္ဘာမှာ ဘာသာရေးတွေ တစ်ခါတစ်ရံမှာ ခပ်ဆင်ဆင်ပဲ၊အယူအဆလေးတွေ နီးစပ်ကြတယ်။
ဗုဒ္ဓဘာသာဝင် သူတော်စင်တွေကတော့ အဲဒီ ကောင်းကင်ဘုံက ဘုရားတွေနဲ့လည်း မသက်ဆိုင်ဘူး။
ဘာကို ကိုးကွယ်တာတုံးဆိုတော့ “ဗုဒ္ဓ ဓမ္မ သံဃ”လို့ဆိုတဲ့ ရတနာသုံးပါးကို
ကိုးကွယ်တယ်။ကိုယ်ကိုးကွယ်တဲ့ ဘာသာရဲ့ အကြောင်းအရာတွေကို ကိုယ်တိုင်သိရှိ နားလည်ပြီးတာ့မှ
ကိုးကွယ်တာ ကောင်းတယ်။ကိုးကွယ်ခြင်းရဲ့ ရည်ရွယ်ချက်ကိုလည်း နားလည်ဖို့ အရေးကြီးပါတယ်။
-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ】
မူရင်း​ရေးသားသူအား credit ​ပေးပါ၏။
Tuesday, August 7, 2018
ခဏ​လေးများ
" ခဏလေးများ  "
      ---------
စိတ်​ညစ်​​​နေလား ခဏ​လေးပါ
ပျော်​ရွှင်​​နေလား ခဏ​လေးပါ
ဆင်းရဲ​​နေလား ခဏ​လေးပါ
ချမ်းသာ​နေလား ခဏ​လေးပါ
အခက်အခဲလား ခဏ​လေးပါ
အဆင်​​ပြေ​နေလား ခဏ​လေးပါ
လိုချင်​​နေလား  ခဏ​လေးပါ
မလိုချင်​ဘူးလား ခဏ​လေးပါ
ကံဆိုး​နေလား ခဏ​လေးပါ
ကံ​ကောင်း​နေလား ခဏ​လေးပါ
ဝမ်းနည်း​နေလား ခဏ​လေးပါ
ကျေနပ်​​နေလား ခဏ​လေးပါ
အဆိုး​တွေနဲ့ကြုံ​နေတာလား ခဏ​လေးပါ
အ​ကောင်း​တွေနဲ့ကြုံ​နေရတာလား  ခဏ​လေးပါ
ကျရှုံး​နေလား ခဏ​လေးပါ
အောင်​မြင်​​နေလား ခဏ​လေးပါ
ဘဝဆိုတာ
ဘယ်​အရာကမြဲတယ်​ဆိုတာ
ရှိလို့လဲ ?
ကံတရားရဲ့အလှည့်အပြောင်း
သခါင်္ရတရားရဲ့ မမြဲခြင်းသ​င်္ကေတ​တွေက
ဘဝကို
အပြန်​ပြန်​အလှန်​လှန်​​လှည့်​ပတ်​နေတာပါ ။
ငါတို့တစ်​​တွေဟာ
မြဲတယ်​လို့ထင်​​နေလို့သာ
အရာရာအားလုံးအ​ပေါ်မှာ
စွဲလမ်း​နေကြတာပါ
စွဲလမ်းတဲ့စိတ်​​တွေ​ကြောင့်​ပဲ
ဆင်းရဲဒုက္ခ​ရောက်​​နေကြတာ​ပါ
တကယ်​​တော့
မွေး​ဖွားတုန်းကအချိန်​နဲ့
အခု​ရောက်​​နေတဲ့အရွယ်​ကိုပြန်​စဉ်းစားကြည့်​ပါ
ခဏ​လေးပါပဲ ။
ဒါမှမဟုတ်​ရင်
ကိုယ်​နဲ့အတူ​ ၅နှစ်​​လောက်​အတူ​နေခဲ့တဲ့သူငယ်​ချင်းက
သေဆုံးသွားတယ်​ဆိုပါစို့
အတူ​နေခဲ့တဲ့အချိန်​​တွေကို
ပြန်​​တွေးကြည့်​ပါ
ခဏ​လေးပါပဲ ။
ဒါဆိုရင်
ခ​ဏ​လေးပါပဲဆိုတဲ့​ဝေါဟာရကို
နားလည်း​လောက်​ပါပြီ
ဒီသ​ဘောကို
နားမလည်​ရင်​​တော့ (မြဲတယ်​လို့ထင်​​နေရင်​​တော့ )
သင့်​ဘဝရဲ့လက်​ကျန်​အချိန်​​တွေဟာ
စိတ်​ချမ်းသာမှု (တရားအစစ်​ )ဆိုတာ
ရှာ​တွေဖို့ခက်​ခဲလိမ့်​မယ်​ ။
ဘယ်​အရာမဆို
မမြဲတဲ့အ​ပေါ်မှာ
မှန်​ကန်​တဲ့အမြင်​စိတ်​​လေးထားနိုင်​ရင်
သင့်​ဘဝရဲ့လက်​ကျန်​အချိန်​​တွေဟာ
တန်​ဖိုးရှိပြီး
စိတ်​ချမ်းသာမှု (တရားအစစ်​ )ဆိုတာ
ရှာ​တွေ့မှာပါ ။
ဒါ​ကြောင့်
ဘယ်​အရာမဆိုအရမ်းစိတ်​မညစ်​ပါနဲ့
အရမ်းလည်းမ​ပျော်​ရွှင်​ပါနဲ့
လောကဓံတရား​တွေကို
အလယ်​အလတ်​လမ်းစဉ်​​နဲ့ပဲ
ဖြတ်​​ကျော်​ပါ
တစ်​ခု​လေး​တော့
ပြောလိုက်​ပါရ​စေ...
"ဘယ်​အရာမဆိုခဏ​လေးပါ "
မေတ္တာဖြင့်
မျိုးဆက်​သစ်​အရှင်​(ဖို​လေးလုံး)