စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, May 21, 2019

မေတ္တာပွားပါ

မိမိဘဝတွေ
အေးချမ်းရစေဖို့

တစ်ခဏလေးပဲဖြစ်ဖြစ်
မေတ္တာဘာဝနာပွားပါ ။

မိမိဘဝတွေ
ဝမ်းမြောက်ရစေဖို့

ပြုသမျှကောင်းမှုတွေကို
ပြန်အောက်မေ့ပါ....။

မိမိဘဝတွေ
သာယာအဆင်ပြေစေဖို့

မိတ်ဆွေကောင်းကို
ရွေးပြီးတော့ပေါင်းသင်းပါ..။

မိမိဘဝတွေ
နောင်တကင်းဝေးစေဖို့

အပြစ်ရှိတဲ့
အကုသိုလ်တရားတွေကို
ရှောင်ရှားပြီး နေပါ....။

Credit........   (သာရ ဂေဝသီ)

No comments:

Post a Comment