“#ကိုယ့်ကိုကိုယ်_ဖျက်မှ_ပျက်သည်”
🌹🍃🌹🍃🌹🍃🌹🍃🌹
လူတို့သည် ကိုယ့်ကိုကိုယ်
ဖျက်၍ပျက်နေသည်ကို
တစ်စုံတစ်ယောက်ကြောင့် ပျက်ဆီးရသည်ဟုထင်နေသည်။
တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည်
မိမိဘဝ၏ ပဲ့ကိုင်ရှင်မဟုတ်ပါ။
မိမိ၏ ကောင်းမှု၊ မကောင်းမှု သည်
မိမိလက်ထဲမှာသာ ရှိသည်။
● မိမိကာယကံကို
မိမိကိုယ်တိုင်
ဖျက်မှ ပျက်သည်။ တစ်ပါးသူက မဖျက်ဆီးနိုင်ပါ။
● မိမိဝစီကံကိုလည်း
မိမိကိုယ်တိုင်
ဖျက်မှပျက်သည်။
တစ်ပါးသူက မဖျက်ဆီးနိုင်ပါ။
● မိမိ မနောကံ ကိုလည်း
မိမိကိုယ်တိုင်
ဖျက်မှပျက်သည်။
တစ်ပါးသူက မဖျက်ဆီးနိုင်ပါ။
အကုသိုလ် စရိုက်ဆိုး
မှန်သမျှပြုလွယ်ဖြစ်လွယ်
ကျူးလွန်ရန်
အလွန်လွယ်ကူသည်။
ထိုကြောင့် မိမိကိုယ်ကို
ဖျက်ဆီးရန်လည်း
လွယ်ကူနေခြင်းဖြစ်ပါသည်။
“ပါပသ္မိံ ရမတိ မနော”ဟု
ဆိုသည်မဟုတ်လော…?။
ကျောက်မှဖြစ်သော…
ဝရဇိန်သည် မှီရာကျောက်ကို
ထွင်းဖောက် ဖျက်ဆီးလေသကဲ့သို့၊
မိမိပြုသော မကောင်းမှုသည် မိမိကိုယ်ပင်ပြန်လည်ဖျက်ဆီး၏။
🌹🍃🌹🍃🌹🍃🌹🍃🌹🍃🌹🍃🌹🍃
(မဟာကာလဥပသကဝတ္ထု)
Credit .. ...မဇ္ဈိမ စတား
No comments:
Post a Comment