စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, May 21, 2019

ကျေးဇူ့တင်တတ်တဲ့စိတ်

"ကျေးဇူးတင်တတ်တဲ့စိတ်”
👍👍👍👍👍👍👍

သင့်တစ်သက်တာလုံးမှာ သင့်ရဲ့တစ်ခုတည်းသော ဘုရားရှိခိုးဟာကျေးဇူးတင်ပါတယ် ဆိုတဲ့ ဘုရားရှိခိုးဖြစ်ရင် အဲဒါဟာ လုံလောက်ပါပြီ။ကျေးဇူးတင်နိုင်တဲ့စိတ်ဟာ ချမ်းသာတဲ့စိတ် ဖြစ်ပါတယ်။ကျေးဇူးမတင်နိုင်တဲ့စိတ်ဟာ ဆင်းရဲတဲ့စိတ်၊မွဲတဲ့စိတ် ဖြစ်ပါတယ်။ကျေးဇူးမသိတတ်တဲ့သူဟာ ဉာဏ်ပညာကြီးတဲ့သူ မဖြစ်နိုင်ဘူး။လေးနက်တဲ့အသိဥာဏ် ရှိတဲ့သူ မဖြစ်နိုင်ဘူး။စိတ်ချမ်းသာတဲ့သူ မဖြစ်နိုင်ဘူး။ကျေးဇူးမတင်တတ်တဲ့လူရဲ့ဘဝဟာ အဓိပ္ပါယ်မရှိဘူး။ကျေးဇူးကိုမသိတတ်ရင် အဲဒီလူဟာ “လူတောင်မပီသဘူး” လို့ပြောရမှာနော်။
ကျေးဇူးကို မသိတဲ့သူဟာ အဆင့်အတန်းနိမ့်တဲ့သူပဲ။
ကျေးဇူးတင်တဲ့စိတ်ဟာ အင်မတန်လှပတဲ့ စိတ်ဖြစ်တယ်။
အဆင့်အတန်း မြင့်တဲ့စိတ်ဖြစ်ပါတယ်။ကျေးဇူးတင်တတ်တဲ့စိတ်ဟာ သုခဘုံကြီးပါ။ကျေးဇူးတင်တတ်တဲ့စိတ်က သုခဘုံကြီးနဲ့တူနေတယ်။အင်မတန်ချမ်းသာတဲ့စိတ် ဖြစ်တယ်။
ဒါကြောင့် ကျေးဇူးကို ရှာပြီးတော့ တင်တတ်ဖို့လိုပါတယ်။
အမှန်တော့ တစ်ဦးအပေါ်တစ်ဦး တိုက်ရိုက်ဖြစ်စေ ၊သွယ်ဝိုက်ပြီးတော့ဖြစ်စေ …တစ်ဦးကျေးဇူးတစ်ဦးမှာ ဆိုတာ ရှိနေပါတယ်။ ရှိနေတာကို မြင်အောင် ကြည့်တတ်ဖို့ လိုတယ်။
တစ်ချို့ကျေးဇူးတွေက အင်မတန်သိမ့်မွေ့လို့ တော်တော်နဲ့ မမြင်နိုင်ဘူး။ အင်မတန် သဘောထား ကြီးကြီးနဲ့ ဉာဏ်ကြီးကြီးနဲ့ ကြည့်မှ မြင်နိုင်တယ်။ကြည့်တတ်ရင် ရန်သူတောင်မှ ကျေးဇူးရှိတယ်။ သူ့ကြောင့် ကိုယ့်မှာအများကြီး ရင့်ကျက်လာတယ်။ တိုးတက်လာတယ်။ခံနိုင်ရည် ပိုရှိလာတယ်နော်။အခက်အခဲတွေ ဒုက္ခတွေဟာ ကိုယ့်ကို ရင့်ကျက်လာအောင် လုပ်ပေးတယ်။ကိုယ့်ကိုအပြစ်တင်တဲ့ ၊ ဝေဖန်တဲ့ လူကအစ အမှန်တော့ ကျေးဇူးရှင်ပါပဲ။အကူအညီပေးတဲ့သူ ဆိုရင်တော့ အထူးပြောဖွယ်မရှိဘူး။အင်မတန် ကျေးဇူးကြီးပါတယ်။တိုက်ရိုက်ဖြစ်ချင် ဖြစ်မယ် ၊သွယ်ဝိုက်တဲ့ နည်းနဲ့ ဖြစ်ချင်ဖြစ်မယ်။အားလုံးဟာ ကျေးဇူးရှင်တွေပဲ။အကယ်၍ ဒီကမ္ဘာမှာလူတစ်ယောက်မှ မရှိရင် ကိုယ့်လောကဘယ်လိုနေမယ်ထင်တုံး။ တော်တော် အဓိပ္ပါယ်မဲ့သွားလိမ့်မယ်။
အဲဒီ Meaning ကို ကိုယ်က တွေ့ဖို့လိုတာ။ကိုယ်ကမြင်အောင် ကြည့်တတ်ဖို့လိုတယ်။အဲဒီလိုကြည့်တတ်ဖို့ဆိုတာ ကိုယ့်စိတ်က နူးညံ့မှု ၊အေးချမ်းမှုရှိဖို့ ၊ Sensitive ဖြစ်ဖို့ တော်တော် အရေးကြီးပါတယ်။စိတ်တွေ အမြဲရှုပ်ထွေးနေတဲ့သူဟာ ဘာ အဓိပ္ပါယ်မှမမြင်ရဘူး။ဘယ်သူ့ကိုမှ ကျေးဇူး မတင်တတ်တော့ဘူး။အတ္တစွဲကြီးတဲ့သူ ၊ မာနကြီးတဲ့သူဟာ ကျေးဇူးကိုအသိအမှတ်မပြုချင်ဘူး။ကျေးဇူးကိုအသိအမှတ်ပြုရတာကိုပဲ သူ့မှာနိမ့်ကျသွားတယ်လို့ ခံစားရတယ်။ဒါကြောင့် ကျေးဇူးကိုချေဖျက်တဲ့စကားမျိုးပြောတဲ့အခါ အဲဒီစိတ် အဲဒီ သဘောထားကို သေသေချာချာ မြင်အောင်ကြည့်ပါ။မကြည့်ရင် အဲဒီစိတ်ကပဲ မိမိရဲ့မြင့်မြတ်မှုကို တားဆီးမယ်၊ဖျက်ဆီးမယ်၊မိတ်ဆွေကောင်းမရှိအောင်လုပ်မယ်။

              【ဆရာတော် ဦးဇောတိက ၊မဟာမြိုင်တောရ ]
“တွေးမိတိုင်း ပျော်တယ် "မှ
Credit. ... >> Original Uploader

No comments:

Post a Comment