"သတ္တဝါများ မသိခြင်း { ၅ } မျိုး"
_____________________
ဇီဝိတံ ဗျာဓိ ကာလော စ၊
ဒေဟနိက္ခေပနံ ဂတိ။
(၁)ငါသည် ဘယ်အသက်အရွယ်မှာ သေရမလဲဆိုတာ မသိပါ
(၂)ငါသည် ဘယ်အနာရောဂါနဲ့ သေရမလဲဆိုတာ မသိပါ
(၃)ငါသည် ဘယ်အချိန်မှာ သေရမလဲဆိုတာ မသိပါ
(၄)ငါသည် ဘယ်သုသာန်မှာ စွန့်ပစ်မီးရှို့ခံရမလဲဆိုတာ မသိပါ
(၅)ငါသည် သေပြီးရင် ဘယ်ဘဝရောက်မလဲဆိုတာ မသိပါ
ဘယ်သက်ရွယ်မှာ၊ ဘယ်ရောဂါနှင့်၊ဘယ်ခါကာလ၊
ဘယ်ဒေသ၌၊သေရမည်မှာ၊တို့ သူ ငါ ၊မှန်စွာမသိပါတကား။
ငါနှင့်ရွယ်တူ ၊ ငါအောက်လူ ၊ ကြီးသူသေကြ ၊ များလှပြီ။
ခဏမစဲ ၊ အိုစမြဲ ၊ ငါလည်းသေဘက် ၊ နီးခဲ့ပြီ ။
မသေသေးမှီ ၊ ပါရမီ ၊ ငါသည်ဖြည့်မှ ၊ သင့်တော့မည် ။
သေခြင်းတရားဟာကွေးသောလက်မဆန့်မှီ ဆန့်သောလက်မကွေးမှီပါ။
နေ့မြင်ညပျောက်၊ညမြင်နေ့ပျောက်ဆိုတာလို မနက်ဖြန်ဆိုတာကပဲ့ဝေးအုံးမယ်၊ နောင်ဘဝဆိုတာက အနီးလေး၊ လျှပ်တပြက် အချိန်မရွှေး သေဆုံးပြီး နောက်ဘဝ ကူးသွားနိုင်တယ်...။
သေမင်းနဲ့က အချိန်းအချက်မရှိ၊ဘယ်အချိန်လာခေါ်မယ်ဆိုတာလည်းမသိ၊ရုတ်တရက်ကြီးလည်း သေမင်းက လာခေါ်နိုင်တယ်...။
သူလာခေါ်စဉ် ထလိုက်သွားရတဲ့အချိန် ကုသိုလ်ရိက္ခာတွေ ပါသွားမှ သင့်တော်မယ်။ကုသိုလ်ရိက္ခာ ပါသွားမှလည်း ဘဝသံရာမှာ ကျင်လည်စဉ် အထက်တန်းကျကျ မျက်နာပန်းလှလှနေကြရမှါပါ...။
ကုသိုလ်ရိက္ခာတွေပါသွားရအာင် ခုလို ရှင်သန်နေစဉ် အချိန်းလေးမှာ ကောင်းမှု့ကုသိုလ်တွေ ရသမျှ စုဆောင်းထားဖို့ လိုအပ်တယ်။
အကြီးအကျယ် ကုသိုလ်ကောင်းမှု့ မလုပ်နိုင်တောင် လောဘ၊ဒေါသ၊မောဟ အတ္တမာန်မာနတွေ လျှော့၊ သတ္တဝါတွေအပေါ်မေတ္တာထားဆက်ဆံ၊စိတ်ကောင်းလေး နေ့စဉ်မွေးပြီး နေမှပဲ့ သင်တော်မယ်လို့ မိမိကိုယ်ကို ဆင်ခြင်သုံးသပ် နေမိပါတော့တယ်...။
အချိန်မရွေးသေဆုံးနိုင်သည်
သတိလေးနဲ့နေကြပါ......
မျိုးဆက်သစ်အရှင်(ဖိုလေးလုံး)
No comments:
Post a Comment