စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, June 18, 2019

တဏှာ

ခန္ဓာအိမ်ကို တည်ဆောက်တဲ့ ပုဂ္ဂိုလ်ဟာ တဏှာပဲဖြစ်တယ်
➖🌻🌻🌻🍃🍃🍃🌻🌻🌻🍃🍃🍃🌻🌻🌻➖

❀ ဇာတိဆိုတဲ့ တရားနဲ့ ပတ်သက်လာလို့ရှိရင် (မွေးနေ့ဆိုရင်) တော်တော်များများက မွေးနေ့ကို Happy Birthday ဆိုပြီးတော့ ပျော်ရွှင်ချမ်းမြေ့တဲ့ မွေးနေ့အဖြစ် လုပ်ချင်ကြတယ်ပေါ့။ ဒီတော့ မွေးနေ့ ဆိုတာ ဂုဏ်ပြုထိုက်သလား၊ ရှုတ်ချထိုက်သလား။ ဒါ စဉ်းစားစရာကောင်းတာပေါ့။

❀ မွေးလာတာဟာ ကောင်းသလား၊ မကောင်းဘူးလား၊ ရလာတာဘာတွေရလာသလဲ၊ အခု မြတ်စွာဘုရား ဟောတဲ့အတိုင်းဆိုရင် happiness ကိုရတာမဟုတ်ဘူး၊ ခန္ဓာငါးပါးကိုရတာဖြစ်တယ်ပေါ့နော်။ ဒီတော့ ခန္ဓာငါးပါးဆိုတဲ့ အထဲမယ် happiness တင် ရတာမဟုတ်ဘူး ကျန်တာတွေလည်း ပါနေတယ်ပေါ့။

❀ ဒီတော့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကတော့ ဒီလိုမွေးတာ ကောင်းသလားလို့ဆိုတာကို ဘုရားဖြစ်ပြီးတဲ့ အချိန်မှာ ဘယ်လိုပြောတုန်းဆိုတော့ `ဒုက္ခာ ဇာတိ ပုနပ္ပုနံ´ မွေးလာတာ မကောင်းဘူးတဲ့၊ ခဏခဏ မွေးရင် ဒုက္ခ ဖြစ်တယ်တဲ့၊ ဒုက္ခတွေကြုံတွေ့တယ်။ ဒါကြောင့်မို့လို့ ဒီလို လူ့ဘဝပဲဖြစ်ဖြစ်၊ ဘယ်ဘဝပဲဖြစ်ဖြစ် မွေးဖွားလာခြင်း ဇာတိတရားဟာ အကောင်းမဟုတ်ဘူးလို့ ဘုရားက ဥဒါန်းကျူးတဲ့ ဂါထာထဲမှာ `ဒုက္ခာ ဇာတိ ပုနပ္ပုနံ´ လို့ ဖော်ပြထားတယ်။

❀ မွေးဖွားလာတာဟာကောင်းတာမဟုတ်ဘူး၊ ခဏခဏ မွေးရင် ဒုက္ခ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ငါ လူ့ဘဝမှာ ဘာကြောင့် ခဏခဏ မွေးနေရသလဲ၊ ဘယ်သူ့ကြောင့် မွေးနေရသလဲ ဆိုတဲ့အကြောင်းကိုရှာတာ။

❀ ခန္ဓာအိမ်ကို တည်ဆောက်တဲ့ ပုဂ္ဂိုလ်ဟာ တဏှာပဲဖြစ်တယ်ဆိုတာ နောက်ဆုံးမှာ တွေ့ရှိတယ်။ `ဂဟကာရက´ ဆောက်လုပ်ရေးသမား။ အဲဒီ ဆောက်လုပ်ရေးသမားကို နောက်ထပ် မဆောက်ရအောင် ထိန်းချုပ်ပစ်လိုက်တယ်ပေါ့၊ ဖယ်ရှားပစ်လိုက်တယ်။ အဲဒါဆိုရင် ဒုက္ခဆိုတာ နောက်ထပ်မလာတော့ဘူးပေါ့။

ဒေါက်တာ နန္ဒမာလာဘိဝံသ ဆရာတော်

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ။
ဣဒံ မေ ပုညံ ဗောဓိဉာဏဿ ပစ္စယော ဟောတု။

Credit..

No comments:

Post a Comment