စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, July 15, 2019

လူသိနည်းတဲ့ဝါဆိုသင်္ကန်း

လူသိနည်းတဲ့ဝါဆိုသင်္ကန်း
_________________

မြန်​မာနိုင်​ငံအနှံ့အပြားမှာသာမက
ပြည်​ပများမှာ​တွေ​ရော ဝါဆိုသင်္ကန်း​တွေ
ကပ်​လှူ​နေကြတာ
မြင်​​နေရပါတယ်
တကယ်​လည်း
ဝမ်းသာစရာ/ဝမ်း​မြောက်​စရာ​ပါပဲ ။

ဦးဇင်းအ​နေနဲ့
ဝါဆိုသင်္ကန်းလှူတာနဲ့ပက်​သက်​ပြီး
ရတဲ့အကျိုးတရား​တွေကို​တော့
သိထားပြီးသာအ​နေနဲ့မ​ပြော​တော့ပါဘူး ။

အခုက
ဝါဆိုသင်္ကန်းကပ်​တဲ့​နေရာမှာ
သတိထားရမယ့်​အချက်​​တွေ
လူသိနည်း​သေးတဲ့အချက်​​တွေ
သတိထားမိတာ​လေး​တွေ​ပြောပြချင်​တယ်​ ။

အခု​ပြောပြမယ့်​အကြံပြုချက်​​တွေဟာ
မှားရင်းမှားမယ်
မှန်​ရင်​မှန်​မယ်
မှားသွားခဲ့ရင်
ဦးဇင်းညံ့ဖျင်းမှု​ကြောင့်​ပါလို့
ဝန်​ခံပါရ​စေ ။

အခုလို​ပြောတာကလည်း
ဦးဇင်း​အ​နေနဲ့
ဝိနည်းသိက္ခာပုဒ်​နဲ့ညှိစွန်းပါတယ်
အပြစ်​အ​နေနဲ့​ပြောရရင်
နိ  ဿဂ္ဂိပါစိတ်​အာပတ်​အပြစ်​သင့်​ပါ ။

ဒါ​ပေမယ့်
ပုဂ္ဂိုလ်​ကိုရည်​ရွယ်​ပြီးမ​ပြောပါဘူး
ဗဟုသုတအ​နေနဲ့​ပြောပြတာပါ ။

အခုရာသီချိန်​က
ဗုဒ္ဓဘာသာဓ​လေ့အရ
ဒကာ/ဒကာမ အများစုဟာ
ရဟန်းသံဃာ​တွေကို
ဝါဆိုသင်္ကန်းကပ်​လှူကြပါတယ်​ ။

၁ပါးတတ်​နိုင်​၁ပါး
၂ပါးတတ်​နိုင်​၂ပါး
၃ပါးတတ်​နိုင်​၃ပါး စသည်​စသည်
တတ်​နိုင်​သ​လောက်​လှူဒါန်း​နေကြတာပါပဲ ။

တစ်​ချို့ကြ​တော့
သင်္ကန်းအ​ကောင်း​ကပ်​လှူဒါန်းကြသလို
တစ်​ချို့ကြ​တော့လည်း
သင်္ကန်းအ​ကောင်းစားမတတ်​နိုင်​လို့
CYC တို့ တရုတ် တို့
လှူဒါန်းကြတာလဲရှိကြပါတယ်​ ။

တကယ်​တန်း
စစ်​တမ်း​ကောက်​ကြည့်​လိုက်​ရင်
ဦးဇင်းကပဲစာသင်​တိုက်​မှာ​နေလို့လားမသိဘူး
သင်္ကန်းအ​ကောင်း​တွေ မကပ်​ကြဘူး ။

တစ်​ချို့စာသင်​တိုက်​​တွေမှာ​တော့
သင်္ကန်းဝါဆိုသင်္ကန်းကပ်​တဲ့
ဒကာ/ဒကာမ​တွေ​ပေါပါတယ်
ဒါ​ပေမယ့်
တကယ်​ဝတ်​ရုံလို့ရတဲ့သင်္ကန်းကမပါဘူး ။

နောက်​တစ်​ခုက
ကိုရင်​​လေး​တွေအတွက်
ဝါဆိုသင်္ကန်းကိစ္စပါ ။

ဦးဇင်း​တွေက
ဝါဆိုသင်္ကန်းကပ်​လှူဒါန်းသူ​ပေါများ​ပေမယ့်
ကိုရင်​​လေး​တွေအတွက်​ကမပါပြန်​ဘူး ။

ဒီ​တော့
ကျောင်းထိုင်ဆရာ​တော်​​တွေကပဲ
ရတဲ့လာဘ်​လာဘထဲကပြန်​ပြီး
ကိုရင်​ဝတ်​သင်္ကန်း​တွေ​ကိုဖန်​တီး​ပေးကြရတယ်​ ။

စာသင်​တိုက်​​တွေမှာ
ရဟန်းသံဃာ​တွေ
သင်္ကန်း​အ​ကောင်းရဖို့အတွက်
တစ်​ချို့ဒကာ/ဒကာမ​တွေက
လှူထားတဲ့ဝတ်​ရုံလို့မရတဲ့သင်္ကန်း(၄)စုံ
သို့မဟုတ်​(၅)စုံ​လောက်​​​ကို
သင်္ကန်းဆိုင်​​တွေကို​ရောင်းပြီးမှ
သို့မဟုတ်​လဲလှယ်​ပြီးမှ
တကယ်​ဝတ်​ရုံလို့ရတဲ့သင်္ကန်း(၁)စုံပဲရတာပါ ။

ဒီ CYC ဆိုတဲ့သင်္ကန်းက
ဒကာ/ဒကာမ​တွေကသာ
ဈေးကြီး​​ပေးဝယ်​ရ​ပေမယ့်
အဲဒီသင်္ကန်း​တွေပြန်​​ရောင်းမယ်​ဆိုရင်​လည်း
၅​ထောင်​ သို့မဟုတ်​ ၆​ထောင်​​ လောက်​ဝန်းကျင်​ပဲရတာပါ ။

CyC သင်္ကန်းဆိုတာ
အသားကကြမ်းလည်းကြမ်းတယ်
ပါးလည်းပါးတယ်
ပူလည်းပူတယ်
ဝတ်​လို့ရှိရင်​လည်းမ​ကောင်းဘူး
ရေ​လျော်​လို့ရှိရင်​ စုတ်​သွားတယ်​ ။

ရဟန်းသံဃာအများစုကလည်း
ဒီ CYC သင်္ကန်း​တွေကို
မဝတ်​ကြတာများပါတယ်​ ။

ဒီလိုcyc သင်္ကန်း​တွေမဝတ်​ကြ​တော့
ကျောင်းကိုလာဝယ်​တဲ့ဒကာ​တွေဆီ
ပြန်​​ရောင်းကြရတယ်​ ။

ရတဲ့​ဝတ္ထု​ငွေ​လေး​တွေကို
လိုအပ်​တာ​တွေဝယ်​ကြရတယ်​ ။

တစ်​ချို့စာသင်​တိုက်​​တွေကြ​တော့
ကျောင်းထိုင်​ဆရာ​တော်​​တွေက
ဒကာ/ဒကာမ​တွေကလာလှူကြတဲ့
သင်္ကန်းအ​ကောင်းစားအစုံ​ရေကနည်း​နေ​တော့
သံဃာအပါးစိ မရနိုင်​​တော့လို့
CYC သင်္ကန်း​​တွေနဲ့​ရောသမ​မွှေပြီး
စာသင်​သားသံဃာ​တွေကို
ကံဆိုး/ကံ​ကောင်းမဲစနစ်​နဲ့ချပြီး
ပြန်​ပြီး​လှူဒါန်း​ပေးကြရတယ်​ ။

တစ်​ချို့​စာသင်​တိုက်​​တွေဆိုရင်
ဝါဆိုမှာ
သင်္ကန်းအ​ကောင်းမရကြဘူး
အဲဒီcyc သင်္ကန်း​လေး​တွေ (၁)စုံ​လောက်​နဲ့
ဝတ္ထု​ငွေ​အနည်းမျရကြပါတယ်​ ။

ဝါဆိုရတဲ့ဝတ္ထု​ငွေ​လေး​တွေနဲ့ပဲ
ဆပ်​ပြာတို့
သွားတိုက်​​ဆေး တို့
စာအုပ်​တို့
ဖိနပ်​တို့
လိုအပ်​​သောပစ္စည်း​လေး​တွေ
ဝယ်​ကြရတာပါ ။

တစ်​ချို့စာသင်​တိုက်​ကြီး​တွေဆိုရင်
သံဃာအ​ရေအတွက်​များလို့
ဝါဆိုသင်္ကန်း​မရကြတာ​တောင်
ရှိကြပါတယ်​ ။

တစ်​ချို့ရဟန်း​တွေကြ​တော့
ကျောင်းတိုက်​က
သင်္ကန်းအ​ကောင်းမ​ရ​ပေမယ့်
သူတို့ရဟန်းဒကာ/ဒကာမ​တွေက
သင်္ကန်းအ​ကောင်းလှူကြတာလည်း
ရှိကြပါတယ်​ ။

စာသင်​သားကိုရင်​​လေး​တွေကြ​တော့
ရဟန်း/ရဟန်းဒကာမက
မရှိ​သေးဘူး​လေ
သူတို့အ​နေနဲ့ကြ​တော့
ရဟန်း​တွေဝတ်​တဲ့သင်္ကန်းက
အရမ်းကြီး​နေ​တော့
ဝတ်​လည်းမရ
ဝါဆိုသင်္ကန်းကလည်း
ကိုရင်​​လေး​တွေအတွက်​ကမပါဆို​တော့
သူတို့​လေး​တွေက
သင်္ကန်းမရကြဘူး ။

တစ်​ချို့​စာသင်​တိုက်​​တွေက
ကိုရင်​​လေး​တွေ
ဝါဆိုသင်္ကန်းရဖို့ဆိုတာကလည်း
ကျောင်းထိုင်​ဆရာ​တော်​​က
အဆင်​​ပြေမှ​ပေးနိုင်​တာပါ ။

တစ်​ချို့​ကျောင်း​တွေဆို
အဆင်​မ​ပြေလို့
ကထိန်​ရာသီချိန်မှ​ပေါင်းပြီး​ပေးကြရတာ​တွေလဲ
အများကြီးရှိပါတယ်​ ။

ဦးဇင်းအ​နေနဲ့
အဓိက​ပြောချင်​တာက
ဝါဆိုသင်္ကန်းကပ်​​တော့မယ်​ဆိုရင်
တကယ်​ဝတ်​ရုံလို့မရတဲ့သင်္ကန်း​တွေ
အများကြီးကပ်​မယ့်​အစား
ဝတ်​ရုံလို့ရမယ့်​သင်္ကန်း(၁)စုံကပ်​လိုက်​တာက
နှစ်​ဦးနှစ်​ဖက်
ပိုပြီးအကျိုးရှိမယ်​လို့ထင်​ပါတယ်​ ။

ငွေအများကြီးမတတ်​နိုင်​ရင်​လည်း
တတ်​နိုင်​သ​လောက်​​ငွေ​လေးနဲ့
ဝါဆိုသင်္ကန်းဖိုးအဖြစ်
အပ်​စပ်​​အောင်​လှူတာက
ပိုပြီး​ကောင်းပါတယ်​ ။

ဒီထက်​ပိုပြီး
တတ်​နိုင်​မယ်​ဆိုရင်
ကိုရင်​​လေး​တွေကိုပါ
ဝါဆိုသင်္ကန်းကပ်​နိုင်​မယ်​ဆိုရင်
ပိုပြီး​ကောင်းသွားတာ​ပေါ့ ။

သင်္ကန်းကပ်​လှူ​တော့မယ်​ဆိုရင်
အလှူခံမယ့်
ရဟန်းသံဃာဘုန်းဘုန်း​တွေကို
သူတို့အကြိုက်​သင်္ကန်း
သူတို့ဝတ်​မယ့်​သင်္ကန်း
သူတို့ကြိုက်​တဲ့သင်္ကန်းအ​ရောင်
စသည်​စသည်​​တွေ​မေးမြန်းပြီး
ကပ်​လှူဒါန်းမယ်​ဆိုရင်
ရဟန်းသံဃာ​တွေဘက်​​ရော
ဒကာ/ဒကာမ​တွေဘက်​ပါ
တကယ်​အကျိုးရှိ​စေမှာပါ ။

ဘယ်​ဒကာ/ဒကာမ မဆို
ကိုယ်​လှူဒါန်းတဲ့သင်္ကန်း​လေး​တွေကို
တကယ်​ ဝတ်​ရုံ​စေချင်​ကြတာပဲ​လေ ။

ဒါ​ကြောင့်
ဝါဆိုသင်္ကန်းကပ်​လှူ​တော့မယ်​ဆိုရင်

၁။အလှူခံမယ့်​ရဟန်းသံဃာ​တွေကို
ဘယ်​လိုသင်္ကန်းဝယ်​ရမလဲဆိုတာ​မေးပါ ။

၂။ရဟန်း​တွေ
တကယ်​ဝတ်​ရုံလို့ရမယ့်​သင်္ကန်းကို
လှူဒါန်း​ပေးပါ ။

၃။တတ်​နိုင်​မယ်​ဆိုရင်​ ကိုရင်​​လေး​တွေအတွက်​ပါဝါဆိုသင်္ကန်းလှူ​ပေးပါ။

၅။အ​ကောင်းစားသင်္ကန်းမဝယ်​ကပ်နိုင်​ရင်
ဝါဆိုသင်္ကန်းဖိုးအဖြစ်
အပ်​စပ်​​အောင်​လှူ​ပေးပါ ။

ဒီအတိုင်း
ဝါဆိုသင်္ကန်း​တွေကပ်​လှူဒါန်းကြမယ်​ဆိုရင်
ရဟန်းသံဃာနဲ့ဒကာ/ဒကာမများ
တကယ်​အကျိုးရှိကြမှာဖြစ်​ပါတယ်​ ။

ဒကာ/ဒကာမများအားလုံး
စိတ်​​ကျေနပ်​မှုရကြပါ​စေ

ရဟန်းသံဃာများလည်းအဆင်​​ပြေကြပါ​စေ

အများနားလည်​​အောင်
ပြန်​ရှယ်​​ပေးပါ ။

ရေးသူ-မျိုးဆက်​သစ်​အရှင်​(ဖို​လေးလုံး)

No comments:

Post a Comment