မီးပြင်းတိုက်လေ အိုးဆူပွက်လေ
•••••••••••••••••••••••••••••••••
တောင့်တမှုနောက်မှာ ကြောင့်ကြမှု
ထက်ကြပ်မကွာ လိုက်ပါလာစမြဲ။
ထမင်းအိုးကြီးလေ
မီးပြင်းပြင်းတိုက်ရလေပဲ။
မီးပြင်းထိုးလေ ထမင်းအိုးပွက်လေ..
ပွက်လေ မငြိမ်လေဘဲ။
ဘယ်လောက်ထိ မငြိမ်အောင်
ပွက်ထနေသလဲဆိုရင်…
ထမင်းအိုးဖုံးကြီးတောင် ပြုတ်ကျ
သွားတဲ့အထိပဲ မဟုတ်လား။
ပွက်နေရင် အိုးနဲ့အဖုံး
မတည့်တော့ဘူး။
ဒီလိုပဲ ဘဝခန္ဓာအိမ်မှာ "သောက"ဆိုတဲ့ ထင်းမီးတွေ ဘယ်လောက်ထိအောင် ထိုးထားကြပါသလဲ။
မိမိရှေ့ရေး သားရှေ့ရေး သမီးရှေ့ရေးဆိုတဲ့ ထင်းမီးတွေ ဘယ်လောက်များနေခဲ့ပါသလဲ။
မီးပြင်းတိုက်လေ အိုးဆူပွက်လေဖြစ်သလို
သောက ပရိဒေဝတွေ ဆူပွက်နေမှာပဲ။
အိုးနဲ့အဖုံး မတည့်သလို စိတ်နဲ့ကိုယ်လည်း
မတည့်တော့ဘဲ လွင့်ချင်ရာ လွင့်နေမှာပါပဲ။
မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး
#Via - Paral Lel >>> thank
No comments:
Post a Comment