စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, July 15, 2019

အတိုးတက်မယ် သတိထား..

————————————————
" အတိုးတက်မယ် သတိထား”
————————————————

မကောင်းမူတိုင်းရဲ့ နောက်ကွယ်မှာ အတိုးဆိုတာရှိတယ်..
အဲဒီအတိုးက ဘာလဲဆိုတော့
ဖုံးကွယ်ရခြင်း..သူများ မသိစေချင်ခြင်း..

သို့သော်လည်းပဲ လောကသဘာဝ
မသိဘူးဆိုတာလည်းပဲ အရာခပ်သိမ်း ဖုံးကွယ်လို့ မရပါဘူး..

အနည်းဆုံးတော့ ပြုမိတဲ့ မိမိကိုယ်တိုင်ကတော့ သိမယ်ပေါ့..

လောကကြီးကို သိနိုင်မြင်နိုင်တဲ့နတ်တွေ ရှိမယ်..

တန်ခိုးဣဒ္ဓိပါဒ်ရှိတဲ့ ပုဂ္ဂိုလ်တွေ ရှိမယ်..

ဒါတွေကလည်းပဲ သိနိုင် မြင်နိုင်တဲ့ အနေအထားမှာ ရှိတယ်..

တစ်ကယ့်တစ်ကယ်ကတော့
တစ်ကယ် မကောင်းမူတွေ များလာပြီဆိုရင်တော့
ပတ်ဝန်းကျင်က တစ်နေ့တော့ တစ်ချိန်တော့ သိသွားကြတာပါပဲ..
အဲလို သိတဲ့အခါမှာ အကြီးအကျယ် ဆင်းရဲကြရမှာပါပဲ..

ဒါကြောင့် ပရိသတ်အပေါင်း သူတော်ကောင်းတို့ !

မကောင်းမူ ပြုပြီးတဲ့နောက်မှာ
ဖုံးကွယ်လိုစိတ် ဖုံးကွယ်ဖို့ ကြိုးစားခြင်းသည်
မြတ်စွာဘုရားရဲ့ အဆုံးအမမှာ အဲဒါ
"အတိုးတက်တယ်"လို့ ခေါ်တာပါ..

       🌷သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ🌷

စေတနာမေတ္တာအရင်းခံဖြင့် မျှဝေပူဇော်ပါသည်💜
                                   🙏🏻ohmarshin🙏🏻

No comments:

Post a Comment