အားကိုးရာ ရှာလို့ ရှိရင် ပုဂ္ဂိုလ်ကိုမရှာနဲ.့ 
🌸🌸🌸🌸🍀🍀🌸🌸🌸🌸🌸
"အားကိုးခြင်း"
=========
ပုဂ္ဂိုလ်ကို အားကိုးခြင်း နှင့် ဓမ္မကို အားကိုးခြင်း လို့ 
အားကိုးခြင်းနှစ်မျိုးရှိတယ်၊ မြတ်ဗုဒ္ဓက သင်္ခါရ တရားတွေကို
မပျက်ပါစေနဲ့ လို့ ဘယ်သူမှ လုပ်လို့ မရဘူးတဲ့။
အားလုံးဟာ အချိန်တန်တော့ ပျက်စီးဆုံးရှုံးသွားမှာပဲလို့ 
ငါအကြိမ်ကြိမ် ဟောခဲ့တယ် မဟုတ်လားတဲ့။
အဲတာကြောင့် အားကိုးရာ ရှာလို့ ရှိရင် ပုဂ္ဂိုလ်ကိုမရှာနဲ.့ ၊
ဓမ္မကိုပဲအားကိုးလို့ ဟောခဲ့တယ်။
မြတ်စွာဘုရားရဲ.့ ဆိုလိုရင်း အဓိပ္ပါယ်က ပုဂ္ဂိုလ်တစ်ယောက်ကို
အားကိုးပြီဆိုလို့ ရှိရင် ကိုယ်အားကိုးတဲ့ပုဂ္ဂိုလ်က မကြာခင်
ဘဝပြောင်းသွားတာမျိုးတွေဖြစ်တတ်တယ်၊ ပျက်စီးသွားတယ်၊
ဆုံးရှုံးသွားတယ်၊ချို့ ယွင်းသွားတယ် ဆိုရင် ကိုယ့်မှာအားကိုးစရာ
မဲ့မဲ့သွားတယ်၊ အားကိုးစရာမရှိအောင်ဖြစ်ဖြစ်သွားတယ်၊
ရောဂါဝေဒနာတွေဖြစ်လို့ ဒုက္ခရောက်ပြီဆိုရင် အားကိုးစရာမ
ရှိတော့ဘူး၊ အမေကလည်းမတတ်နိုင်ဘူး၊အဖေကလည်းမတတ်
နိုင်ဘူး၊ ညီအစ်ကိုမောင်နှမတွေကလည်းမတတ်နိုင်ဘူး၊
ဆေးဆရာတွေကလည်းမတတ်နိုင်ဘူး၊ အဲဒီအချိန်မှာ
ဘယ်သူကိုမှ အားကိုးလို့ မရဘူး။
အဲဒါကြောင့်မို့ မြတ်စွာဘုရားက
"အတ္တဒီပါ ဘိက္ခဝေ ဝိဟရထ"တဲ့။ ကိုယ့်ကိုကိုယ်အားကိုးတဲ့။
ကိုယ့်ကိုကိုယ်အားကိုးဆိုတာ တခြားပြောတာမဟုတ်ဘူးတဲ့။
"ဓမ္မဒီပါ ဝိဟရထ"တရားဆိုတဲ့အားကိုးရာ "ဓမ္မသရဏာ"
တရားဆိုတဲ့ကိုးကွယ်ရာကိုရှာထားရမယ်၊ဆိုလိုတာက
ကိုယ့်တရားကို ကိုယ်အားကိုးရမယ်၊အဲဒါမှထာဝရ
အားကိုးရာအစစ်ဖြစ်တယ်။ ဒါကိုတော့ခွဲခြားနားလည်ထားရမယ်။
ပါမောက္ခချုပ်ဆရာတော်ဘုရားဟောကြားတော်မူသော
"အားကိုးခြင်း"တရားဒေသနာမှ
Credit...
No comments:
Post a Comment