ကိုယ်ရဲ့စိတ်ကို ရွှံ့ညွှန်ထဲက ကြာပန်းလို့ လေ့ကျင့်ပါ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
★ အနောက်နိုင်ငံ လေဆိပ်တိုင်းမှာ တွေ့နိုင်တဲ့စာအုပ် Mindfulness - သတိပဋ္ဌာန်၊ Harvard တက္ကသိုလ်ထွက် Harvard မှာ Ph.D လုပ်တဲ့ ဆရာကြီးနှစ်ယောက် အခုတော့ တခြားတက္ကသိုလ်မှာ professor ဖြစ်နေတယ်။ The Science of Meditation တဲ့။
★ The science of meditation ဆိုတာ တရားထိုင်တာကို သူတို့က science လို့ပြောတာပေါ့။ ဘာဖြစ်လို့တုန်းဆိုတော့ Neurology နဲ့လည်း လေ့လာတယ် တရားထိုင်တဲ့ ဆရာတော်တွေ Clinical psychology နဲ့လည်း လေ့လာတယ်။ အဲလို လေ့လာတဲ့အခါကျတော့ hard science က evidence ရှိတယ်။ အဲဒါလေး လုပ်ထားတယ်။
★ ဒါ ဒီထဲက ဆရာနှစ်ယောက်ထဲက တစ်ယောက် Professor Richard Davidson ဆို Wisconsin တက္ကသိုလ်က The Emotional Life of Your Brain – Emotion က ဘယ်အခြေအနေမျိုးဖြစ်ရင် ဦးနှောက်က ဘယ်လိုပြောင်းတယ်။
★ ဒါတွေဟာ Scientist တွေ ရေးထားတာ။ အပြင်လူအနေနဲ့ လေ့လာတယ်၊ လေ့လာတဲ့အခါကျတော့ အနောက်နိုင်ငံမှာ ဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လို အသုံးပြုနိုင်တုန်း သူတို့ သိလာတယ်။
★ ဥပမာ ၁၉၇၆-ခုနှစ်တုန်းက MIT ဆေးတက္ကသိုလ်က ဆရာကြီးတစ်ယောက်က သူရဲ့လူနာတွေ chronic pain ရှိနေတဲ့လူနာတွေ နာတာရှည်ဝေဒနာရှိတဲ့ လူနာတွေ pain killer တွေ အနာပျောက်စေတဲ့ဆေးကို ပေးတယ်။
★ ဝေဒနာအမြဲတမ်းရှိနေတော့ ဆေးအမြဲတမ်း သောက်နေရတယ်။ အမြဲတမ်းသောက်ရင် ဆေးများများသောက်ရင် kidney ဘာဖြစ်တုန်း၊ ထိခိုက်တယ်၊ kidney ပြန်ကုရပြန်ရော။
★ အဲဒီတော့ ဝေဒနာ ရှိတိုင်း pain killer ပေးတာလည်းပဲ အဖြေမဟုတ်သေးဘူး။ အဲတော့ pain နဲ့ ပတ်သတ်ပြီးတော့ ဝေဒနာနဲ့ ပတ်သတ်ပြီးတော့ ဘာတွေများ ရှိသေးတုန်း သူတို့လေ့လာကြတယ်။
★ အဲဒါနဲ့ Mindfulness Based Stress Reduction – MBSR, google ထဲမှာ ရှာနိုင်တယ်။ Mindfulness Based Stress Reduction - အဲဒီ clinic ကို ပထမဆုံး MIT ဆေးရုံမှာ စတင်တယ်။ သတိပဋ္ဌာန်ရှိရင် ဝေဒနာရှိတယ်ဆိုတာကို ကိုယ်က ကြိုပြီးတော့ မျှော်လင့်ထားတယ်။
★ နောက်ပြီးတော့ ဒီဝေဒနာကို ကိုယ်က fighting မလုပ်ဘူးဆိုရင် Charles Darwin က ရေးထားတာ ရှိတယ်လေ Hard Scientist က ရေးထားတဲ့ဟာ The Expression of Emotions in Human and Animals အဲစာအုပ်လေး နှစ်-၂၀၀ ကျော်ပြီ။ လူတွေနဲ့ တိရစ္ဆာန်တွေရဲ့ emotion ကို သူလေ့လာတာ။
★ ဒီနေ့ကျတော့ အဲ subject ကို နှစ်-၂၀၀ ကျော်တဲ့အခါမှာ ဒီ subject ကို advance လုပ်တာ အဝေးကိုရောက်သွားတယ်။ အဲထဲမှာ ဒီစာအုပ်တွေပါတယ်။ အဲတော့ ဘာတွေ့ရတုန်းဆိုတော့ အဲဒီ clinic မှာ ဝေဒနာကို ဆေးနဲ့ မဟုတ်ဘဲနဲ့ စိတ်နဲ့ အတိုင်းအတာ တော်တော်များများထိ control လုပ်နိုင်တယ် ဒါလေးတွေ့သွားတယ်။
★ နည်းနည်းပဲ ရှိတဲ့ ဝေဒနာကို စိတ်က multiply လုပ်လိုက်တော့၊ ဒီဝေဒနာ ခံရခက်နေတာလည်းပါတယ်။ ဒါကြောင့် Emotional training အဲဒါတွေကို သူတို့စပြီးလုပ်လာတယ်။
★ ဒါပေမဲ့ Emotional training ကို အနောက်နိုင်ငံကလည်းပဲ သက္ကရာဇ် ၂၀၀၀ တုန်းက ဟားဗဒ် professor သူ research လုပ်ကြည့်တာ သုတေသန လုပ်ကြည့်တာ Psychology မှာ positive psychology နဲ့ negative psychology -
Negative ဖြစ်တဲ့ ပြဿနာတွေကို ကြည့်တာ လေ့လာပြီး စာအုပ်ရေးတာနဲ့ positive ဖြစ်တာ ကိုရေးတာ ဘယ်လောက်ရှိတုန်းဆို 21 : 1, ၂၁ နဲ့ ၁ ratio က၊ negative ဖြစ်တဲ့ဟာက စာအုပ် ၂၁-အုပ်ဆိုရင် positive ဖြစ်တဲ့ဟာ ၁-အုပ်ပဲ ရှိတယ်။
★ အဲဒီဟာကို translate လုပ်မယ်ဆိုရင် လူတစ်ယောက်က ၂၁-ရက် စိတ်ညစ်ပြီးမှ ၁-ရက်ပဲ ပျော်ရွှင်တယ်။ ၂၁-နှစ် စိတ်ညစ်ပြီးမှ ၁-နှစ် ပျော်ရွှင်နိုင်တယ်လို့ အဓိပ္ပါယ်ရတယ်။ သူတို့ study subject ကိုလေ့လာကြည့်မယ်ဆိုရင်။ ဒါကြောင့်မို့ Positive psychology ဆိုတာ အခု သက္ကရာဇ် ၂၀၀၀ နောက်ပိုင်းမှာ ပိုပြီးတော့ အားကောင်းလာတယ်။
★ အဲတော့ ကရုဏာဆိုတဲ့ compassion ကို focus လုပ်တယ်ဆိုရင် သူက Positive quality ဖြစ်တယ်။ လူတစ်ယောက် ကိုယ့်မကောင်းတာပြောတယ် ကိုယ့် jealous ဖြစ်တယ် ကိုယ့်ကို ဟိုပြောဒီပြောပြောတယ်၊ ကိုယ့်ကို compare လုပ်တယ် ယှဉ်ပြိုင်တယ် လာပြီးတော့ ကြွားတယ်။
★ အဲဒါမျိုးဖြစ်တဲ့အခါမှာ ကိုယ်ရဲ့အတွေးက positive မဖြစ်ဘူးဆိုရင် ကိုယ် အလူးအလဲခံရတယ်၊ အရမ်း အလိုလိုနေရင်းနဲ့ destruction များတယ်၊ အဲတော့ အဲလိုလုပ်တဲ့လူကို အော် ဒီပုဂ္ဂိုလ်ကတော့ သူ စိတ်ဒုက္ခရောက်နေတယ် သူ စိတ်ထဲမှာ ဒုက္ခရောက်နေတယ်။
★ ဒုက္ခဆိုတဲ့ စကားလုံး အသုံးပြုနိုင်တယ်။ စိတ်ထဲမှာ ဒုက္ခဖြစ်နေတယ်။ အဲလို အသုံးပြုတဲ့အခါကျတော့ သူ့ကို ကိုယ်က ဒေါသဖြစ်မယ့်အစား ဒေါသမဖြစ်ဘဲနဲ့ သနားတဲ့စိတ်ဖြစ်တယ်။
★ သနားတယ်ဆိုတဲ့ ကရုဏာဖြစ်တာ။ ကရုဏာက positive ဖြစ်သွားတယ်။ သူရဲ့ behavior က negative ဖြစ်တယ် အဲဒီ negative ဖြစ်တဲ့အရာကို ကြည့်ပြီးတော့ positive ဖြစ်တယ်ဆိုတော့ ဒါ transformation ဖြစ်သွားတယ်။
★ ရွှံ့ထဲမှာ နေတဲ့ ကြာပန်း ရွှံ့ကနေ အဆက်အသွယ် ရှိနေတယ်။ ရွှံ့ဆီကနေပြီးတော့ Engrgy တွေ ယူနေတယ်။ ဒါပေမဲ့ ဒီ ကြာပန်းက negative မဖြစ်တော့ဘူး၊ ရွှံ့ပေါ်ကိုရောက်ပြီ ရေရဲ့အပေါ်လည်းရောက်ပြီ၊ ရေအပေါ်ရောက်ပြီးတော့ သူ့မှာ နေရောင်ရပြီး ပွင့်လာတယ်။
★ ဒီတိုင်းပါပဲ ဘ၀မှာ Negative ဖြစ်တဲ့ အတွေ့အကြုံတွေ နေ့တိုင်း တွေ့ရတယ်၊ တက္ကသိုလ်မှာလည်း တွေ့ရမယ် အိမ်မှာလည်း တွေ့ရမယ် လမ်းမှာလည်း တွေ့ရမယ် အလုပ်ခွင်လောကမှာလည်း တွေ့ရမယ်။ အဲလိုတွေ့တယ်ဆိုရင် အဲဒီ negative behaviour တွေ negative attitude တွေ မိမိရဲ့ energy အတွက် ဖြစ်ပါစေ။
★ ကိုယ်ရဲ့စိတ်ကို lotus flower ကြာပန်းလို ဖြစ်အောင် train လုပ်ပါ။ အဲလို train လုပ်တယ်ဆိုရင် transformation က ဘယ်ကနေဆို ရွှံ့ကနေ ကြာပန်းအထိ ရောက်သွားတယ် transport လေ ဓမ္မစကြာ ဆိုတာ transport, Philosophy က ဒီထဲမှာ။
★ ဒါကြောင့် ကြာပန်းကိုပဲကြည့်ကြည့် ဓမ္မစကြာကိုပဲ ကြည့်ကြည့် ဒီအတွေးအခေါ်ရအောင်ယူပါ။ ဒီ အတွေးအခေါ်နေ့စဉ် အသုံးပြုပါ။
အားလုံးကျန်းမာချမ်းသာကြပါစေ။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ
🙏🙏🙏
(၁၁.၁.၂၀၁၈) မန္တလေးတက္ကသိုလ် တွင် ဟောကြားတော်မူခဲ့သော "ဓမ္မစကြာ" တရားတော်မှ ရေးသားပူဇော်ပါသည်။
Credit..
No comments:
Post a Comment