စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, July 24, 2019

စရိုက်ကိုပြုပြင်ပေးပါ

🔽 စရိုက်ကို ပြုပြင်ပါမှ ( ပါချုပ်ဆရာတော်ဘုရားကြီး)

📌၁့ စရိုက်။
📊 စရိုက်ဆိုသည်မှာ တစ်ဦးတစ်ယောက်တွင် ရှိသော အပြုအမူ၊ စိတ်နေ
      သဘောထား၊ အဖြစ်များတဲ့ အခြေအနေတွေကို ဆိုလိုပေသည်။

📌 ၂့ စရိုက် ၆မျိုး။
(က) မကောင်းတဲ့စရိုက်။
📊 ဟိုဟာလိုချင် သည်ဟာလိုချင် တပ်မက် နှစ်သက် အကောင်းကြိုက်တတ်
      အလှအပမက်မောတဲ့ လောဘစရိုက်။
📊 စိတ်တို စိတ်ဆတ် မကျေမနပ်ဖြစ်လွယ်၊ ထစ်ခနဲရှိ ဒေါသထွက်လွယ်တဲ့
      ဒေါသစရိုက်။
📊 ပြောရင် လုပ်ရင် တွေးရင် ကိုးရိုးကားရား ကြောင်းကျိုး ဆီလျော်မှု
      မရှိတဲ့ မောဟစရိုက်။

(ခ) ကောင်းတဲ့စရိုက်။
📊 ကုသိုလ်ရေး စိတ်ဝင်စားပြီး ပြုလုပ်တတ်တဲ့ စရိုက်။ အလှု သီလ တရား
       နာ ပြုချင် ပြုတဲ့အလေ့ဖြစ်ပါတယ်။
📊 ဘယ်ကိစ္စဖြစ်ဖြစ် အလေးအနက်ထားတတ်တဲ့စရိုက်။ မဆင်မခြင် မလုပ်ဘူး။
📊 ဘာဖြစ်ဖြစ် တွေးနေတတ်တဲ့စရိုက်။ တွေးတောမှု အလွန်များတယ်။

📌 ၃့ စရိုက်က ဘယ်လို ဖြစ်လာရတာလဲ?
📊 စရိုက်ဆိုတာ ဘ၀ပေါင်းများစွာက ဖြစ်လာခဲ့ရတာ။ အတိတ်ဘဝက
      လေ့ကျင့်ခဲ့တာနဲ့ အဖြစ်များခဲ့တာတွေနဲ့သက်ဆိုင်တယ်လို့ အဋ္ဌာကထာ
      ဆရာကြီးများက ဆိုကြပါတယ်။
📊 အရှင်ဗုဒ္ဓဃောသ ကတော့ ပဋိသန္ဓေကို ဖြစ်စေတဲ့ ကံတရားဟာ စရိုက်ကို
       ဖြစ်စေချင်ရဲ့ အကြောင်းတရားပါပဲတဲ့။

📌 ၄့ စရိုက်ဖြစ်စေလာဖို့ ( အရှင်ဗုဒ္ဓဃောသ)
အတိတ်ဘဝက........
📊 ကုသိုလ်ဒါနပြုရာမှာ လိုချင်တောင်းတမှု ဘွဲ့ထူးတွေရချင်၊ အကျိုးတွေ
       ရချင် နံမည်ရချင်လို့ လှုခဲ့ရင် ရာဂစရိုက် ဖြစ်လာမယ်။
📊 ဒါနပြုရမှာ စိတ်တို မကျေလည် ဖြစ်နေခဲ့ရင် ဒေါသစရိုက် ဖြစ်လာမယ်။
📊 ကုသိုလ်ပြုရာမှ ဘာမှန်းမသိ ဇဝေဇဝါဖြင့် သူများလုပ်လို့ လိုက်လုပ်တာလား။
      ဒါဆို မောဟစရိုက် ဖြစ်လာပါမယ်။

📌 ၅့ စရိုက်ကို ဖြစ်စေသည့် ဘုံများ( ယေဘုယျအားဖြင့်)
📊 ချမ်းသာတဲ့ နတ်ဘုံဘ၀က ရောက်လာရင် လောဘစရိုက်ကြီးတယ်။
📊 ငရဲပြည်က လာရင် ဒေါသကြီးတယ်။
📊 တိရစ္ဆာန်ဘဝကလာရင် မောဟစရိုက်ကြီးတယ်။

📌 ၆့ စရိုက်၏ အမူအကျင့်များ။
📊 လှလှပပ၊ သပ်သပ်ယပ်ယပ်၊ သေသေသပ်သပ်  နေထိုင် ဝတ်စားခြင်းဟာ
      ရာဂ စရိုက်ပါပဲ။
📊 စိတ်တိုတယ်၊ ပစ်စလက်ခတ်ထားတယ်၊ ခြေနင်းကြမ်းတယ်၊ အမူအယာ
      ရမ်းတာ ဒေါသစရိုက်ပါပဲ။
📊 ဘာလုပ်လုပ် သေသေသပ်သပ် မရှိဘူး။ ကိုးရိုးကားရားတွေများတာ မောဟ
      စရိုက်ပါပဲ။

📌 ၇့ ကိုယ့်မှာ ဘာစရိုက်ရှိလည်းဆိုတာ လေ့လာဖို့ လိုတယ်။
📊 အိပ်ချိန်ကို ဖယ်ထားပြီး ကျန်တဲ့အချိန်မှာ ကိုယ့်မှာ ဘာစရိုက်တွေ ဖြစ်
       နေလဲဆိုတာ လေ့လာ သုံးသပ် ဆန်းစစ်ဖို့ လိုပါတယ်။
📊 ဒါမှ မကောင်းတံ့စရိုက်တွေကို ဖယ်ရှားပြီး ကောင်းတဲ့စရိုက်တွေ တိုးပွား
      လာအောင် ပြုပြင် ဆောင်ရွက်နိုင်ကြမှာ ဖြစ်ပါတယ်။
⚠ တကယ့်လက်တွေ့မှာတော့ ကိုယ့်စရိုက်ကိုပင် မသိသူက အလွန်များကြပါ
      တယ်။

📌 ၈့ စရိုက်ကို သိမှ။
📊 ကိုယ့်မှာရှိနေတဲ့ စရိုက်ကို သေသေချာချာ မသိရင် ကမ္မဋ္ဌာန်းတရားအား
      ထုတ်ရာမှာ ဘဝလမ်းလျှေက်ရာမှာ မလွယ်ကူ၊ အခက်အခဲ၊ ပြဿနာတွေနဲ့
      တွေ့ဆုံကြဖို့ သေချာလှပါတယ်။

📌 ၉့ လူညံ့တွေက အလွန်များ။
📊 ကိုယ်အကြောင်းကိုယ် မသိတဲ့လူဆိုတာ အလွန်ညံ့တဲ့သူတွေပါပဲ။
📊 ဒါပေမဲ့ လက်တွေ့မှာ မသိကြသူက အလွန်များပါတယ်။

📌 ၁၀့ ကိုယ့်အကြောင်းကိုယ်သိအောင် ဘယ်လိုလုပ်ရမလဲ?
📊 ကိုယ့်အကြောင်းကိုယ် သိဖို့ဆိုတာက သတိနဲ့ သမ္ပဇဉ် ရှိဖို့လိုပါတယ်။
📊 သမ္ပဇဉ်ဆိုတာ အိမ်သာတက်တာမှအစ လှုပ်ရှားမှုအရာအားလုံးမှာ သတိ
      နဲ့ သိနေခြင်းကို ဆိုလိုပါတယ်။
📊 သတိမပါပဲနဲ့ သမ္ပဇဉ်လည်း မဖြစ်နိုင်ဘူး။
📊 ကြည့်ရာ၊ စားရာ၊ ဝတ်ရာ၊ သွားရာ၊ ပြောရာ၊ အိပ်ရာ၊ နိုးရာတွေမှာ သတိ
      သမ္ပဇဉ်ရှိဖို့  မြတ်စွာဘုရားရှင်က ညွှန်ကြားထားပါတယ်။ လက်ကလေး
      ကွေးတာက အစ ရှိနေဖို့ အရေးကြီးပါတယ်။

📌 ၁၁့ အသိဉာဏ်ရှိဖို့က အလွန်အရေးကြီးတယ်။
📊 သတိမပါရင် အသိဉာဏ်ဆိုတာ ဖြစ်မလာနိုင်ပါဘူး။
📊 သတိနဲ့ သမ္ပဇဉ်ကို တွဲလေ့ကျင့်ပေးမှ ဉာဏ်ကတက်လာမယ်။ မိမိစရိုက်
      တွေကိုလည်း သိရှိလာနိုင်မှာ ဖြစ်တယ်။

📌 ၁၂့ သတိ သမ္ပဇဉ် မရှိကြ။
📊 စားနေပေမဲ့ တွေးချင်ရာ တွေးနေကြတာ။ အသိစိတ်ကပ်နေကြတာ
      အင်မတန်ရှားတယ်။
📊 တရားပွဲထဲ တရားနာတာတောင် စိတ်က တစ်ခြား ရောက်နေတတ်ကြတာ။

📌 ၁၃့ စရိုက်ကို ပြင်ရင်ပြင်။
📊 စရိုက်ကို လေ့လာ ဆင်ခြင် သုံးသပ်ပြီး ပြင်ရင်ပြင် မပြင်ရင် စရိုက်ဆိုး
      တွေဟာ ဘဝသံသရာမှာ လိုက်ပါသွားနိုင်တယ်။
📊 သည်စရိုက်တွေက လူမှာပုံပေါ်နေတယ်။

📌 ၁၄့ စရိုက်ပေါ်လွင်စေရန် ဆရာတော်ကြီး ပေးတဲ့ ဥပမာ။
⬇ဘုန်းတော်ကြီးကျောင်းမှာ ကျောင်းက ခွေးရယ်၊ အပြင်က ရောက်လာတဲ့
      ခွေးလေခွေးလွင့်ရယ်ဆိုရင် အကောင် ၃၀ကျော်လောက် ရှိပါတယ်။
       လေ့လာကြည့်တဲ့အခါ........
📊 အချို့ခွေးတွေက အနေအထိုင် သန့်တယ်၊ ပြောင်နေတဲ့လမ်းမှာ မစင်
      သွားမစွန့်ဘူး။ ဝေးတဲ့အမှိုက်ပုံတို့၊ တောထဲ သွားစွန့်တယ်။
📊 အချို့ခွေးက လမ်းအလယ်ခါင်မှ လာပုံတယ်။ ခြေသုတ်ခုံမှာလည်း
       လာစွန့်တယ်။ တစ်ခါတစ်လေ ဘုရားရင်ပြင်မှာ လာစွန့်သွားတယ်။
📊 ကိုရင်တွေ ဆွမ်းခံပြီး ပြန်လာတဲ့အခါ လိုက်လာတဲ့ ခွေးမလေးတစ်ကောင်
       ရှိတယ်။ ဝဝတုတ်တုတ် ရုပ်ချောချောလေး။ အကြားလေးမို့ မိချောလို့
       အမည်ပေးထားတယ်။ သဘောအလွန်ကောင်းတယ်၊ ဘယ်သူလာလာ
       အမြီးပြုတ်မတတ် ယမ်းရှာပြီး လူတွေကို မေတ္တာရှိကြောင်းပြနေတာ။
📊 တစ်ကောင်က ရုပ်ကဆိုး လူမြင်ရင် မျက်စောင်းထိုး၊ ကျောင်းကဘုန်းကြီး
      တွေပါ ပြန်ဟောင်တတ်တယ်။ ကျောင်းက ဘုန်ကြီးပြန်ဟောင်တာ ဘယ်
      လိုလုပ် ကောင်းတော့မှာလည်း။
📊 ဒါတွေဟာ စရိုက်တွေပဲ ဖြစ်ပါတယ်။ မတူညီကြဘူး။
📊 ကျောင်းစဆောက်ခါစက ခွေး ၂ကောင်ရှိတယ်။ တစ်ကောင်ဟာ ဆွမ်းချက်
      ပြီဆိုရင် တာဝန်မပေးပဲ ဌက်တွေ လူစိမ်းတွေလာရင် ဟောင်တော့တာပဲ
      ဧည့်သည်လာရင်လည်း ပြန်လိုက်ပို့ပေးရမှ။
📊 အခြားတစ်ကောင်က သူစားနေတုန်း အခြားအကောင်တွေလာစားရင်
      ဖယ်ပေးတယ်။ စားလို့ဝရင် ပိုတဲ့ ထမင်းခဲကို မြေကြီးထဲ မြှုပ်ထားတယ်။

📌 ၁၅့ လူတွေမှာလည်း။
📊 လူတွေမှာလည်း ပျင်းတဲ့လူ၊ ကြိုးစားတဲ့လူ၊ သဘောကောင်းတဲ့လူ၊
      သဘောဆိုးတဲ့လူ၊ ဒေါသကြီးတဲ့သူတွေအဖြစ် စရိုက်အမျိုးမျိုးရှိကြတယ်။
📊 စစ်ကိုင်းမှာ ဘုန်ကြီးတစ်ပါးဆိုရင် ထိန်းမရအောင် စိတ်တိုတတ်တယ်။
      ထစ်ခနဲဆို စိတ်တိုတော့တာပါပဲ။

📌 ၁၆့ ကိုယ်စရိုက် ကိုယ်ပြင်မှ။
📊 လောဘစရိုက်အားကြီးရင် အသုဘကမ္မဋ္ဌာန်းကို ပွားများရမယ်။ ဒွါရ ၉
      ပေါက်မှာ ထွက်လာတာ အညစ်အကြေးတွေချည်းပဲ။ ဒါကို ရေမွှေူနဲ့ဖုံးရ
      အမျိုးကာနေရတာ။
📊 ဆံပင်ဟာ ခေါင်းပေါ်မှာ ရှိတော့ ပြင်လိုက် ဆင်လိုက်ရတာ၊ ထမင်းပန်းကန်
      ထဲလည်း ကျရော စိတ်ဆိုးလိုက်ကြတာ။ တကယ်တော့ သည်ဆံပင်က
      သည်ဆံပင်ပဲ၊ အတူတူပါပဲ။ သေရင် ဒေါသကြီးတဲ့ ကျား ခြင်္သေ့ မြွေ နဂါး
      တွေ ဖြစ်မယ်။ အဲ့ဒီဘဝက လူပြည်ရောက်လာရင်လည်း ဒေါသ ကြီးတတ်
      ကြတယ်။
📊 ဒေါသစရိုက်ကြီးသူက မေတ္တာပွားပြီး လျော့ချရမယ်။
📊 မောဟကြီးသူက ဉာဏ်အားကောင်းလာအောင် လေ့ကျင့်ပေးရမယ်။

သန်းဝင်း

Credit...

No comments:

Post a Comment